Premier League Transfer News

၄.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင္နယ္အသင္းရဲ႕ လက္ရွိ ေဟးလ္အန္႔ဒ္အကယ္ဒမီထြက္ေတြ အပါအဝင္ လူငယ္ကစားသမားေတြထဲမွာ ဘူကာယို ဆာကာဟာ ျခြင္းခ်က္မရွိ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲခ်ီးက်ဴး။

– အာဆင္နယ္အသင္းအေနနဲ႔ ေရွ႕က အမွားေတြျဖစ္တဲ့ လူငယ္ေတြကို ေပါ့ေပါ့တန္တန္ ထြက္ခြာခြင့္ျပဳခဲ့တဲ့ အမွားမ်ဳိး ထပ္မျဖစ္လာဖို႔ လူငယ္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ေတာင္ပံကစားသမား ကီဒို ေတလာ-ဟတ္ကို မျဖစ္မေန ဆက္ထိန္းထားဖို႔ ကၽြမ္းက်င္သူေတြ ေထာက္ျပေနၾက။

– ပထမအသင္းႀကီးရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပူးေပါင္းခြင့္ ရရွိထားေပမယ့္ ကစားခြင့္မွာေတာ့ ယူ-၂၃ အသင္းမွာပဲ ျဖစ္ေနခဲ့ရတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ အေျခအေနကို စိတ္ပ်က္ေနၿပီး ဇန္နဝါရီမွာ အသင္းက ထြက္ခြာဖို႔ ထပ္မံႀကဳိးစားသြားဦးမယ္လုိ႔ သတင္းထြက္ေပၚလာ။

– အာဆင္နယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ႏွိမ့္ႏွိမ့္ခ်ခ်ေနသင့္တယ္လုိ႔ ေျပာခဲ့တဲ့ ဘ႐ိုက္တန္တုိက္စစ္မွဴး နီးလ္ ေမာ္ေပဟာ လက္ရွိမွာ သူ႕ရဲ႕ ႀကီးမားတဲ့ အတၱေၾကာင့္ အသင္းနဲ႔ အံမဝင္ျဖစ္ေနၿပီလို႔ ၿဗိတိန္သတင္းစာေတြ ေလွာင္ေျပာင္ေရးသား။

– အသင္းႀကီးေျခာက္သင္းနဲ႔ ရလဒ္ေကာင္းေတြ ဆက္လက္ရယူႏုိင္ဖို႔အတြက္ နည္းျပ အာတီတာကို အီယန္႐ိုက္ ေထာက္ခံလုိက္ၿပီး ဇန္နဝါရီမွာ အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္မွန္းခ်က္အတြက္ လီယြန္ကြင္းလယ္လူ ေအာဝါကို ထပ္မံေခၚယူဖို႔ တိုက္တြန္း။

– ဥကၠဌေဟာင္း ဘာတိုမူရဲ႕ အသင္းက ႏုတ္ထြက္သြားခဲ့တဲ့ အေျခအေနေၾကာင့္ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိရဲ႕ အနာဂတ္က ျပန္လည္လွဳပ္ခတ္လာခဲ့ၿပီး ဇန္နဝါရီမွာ အာဆင္နယ္ဆီ အငွားနဲ႔ ထြက္ခြာႏုိင္ဖို႔ ေအးဂ်င့္ ေဂ်ာ္ရက္ဘ္ခ်ီယန္ အကြက္ေရႊ႕လာႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြ ခန္႔မွန္းေနၾက။

– ေနာက္ခံလူ ဂါဘရီယယ္လ္ကို အာဆင္နယ္ဆီ ေခၚယူခဲ့တဲ့သူဟာ ဘယ္သူပဲျဖစ္ျဖစ္ အရမ္းေတာ္တဲ့သူပဲလုိ႔ ကီဗင္ ကမ္းဘဲလ္က ခ်ီးက်ဴးလုိက္ၿပီး ေပါင္သန္း ၂၀ ေက်ာ္ေပးခဲ့ရတဲ့ ဘရာဇီးလ္သားဟာ လက္ရွိေျခစြမ္းအရ ေပါင္သန္း ၅၀ ေလာက္ ထိုက္တန္တယ္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ ေအာက္တုိဘာလတစ္လတာ အေကာင္းဆုံးကစားသမားဆုအတြက္ ပရိသတ္ေတြ မဲေပးေရြးခ်ယ္ဖို႔ ဆန္ကာတင္စာရင္းကို ထုတ္ျပန္လုိက္ရာမွာ ဟက္တာ ဘယ္လာရင္၊ ဂါဘရီယယ္လ္ မာဂါလုိင္စ္၊ ဘူကာယို ဆာကာနဲ႔ နီကိုလာ ေပေပတို႔ ပါဝင္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ လက်ရှိ ဟေးလ်အန့်ဒ်အကယ်ဒမီထွက်တွေ အပါအဝင် လူငယ်ကစားသမားတွေထဲမှာ ဘူကာယို ဆာကာဟာ ခြွင်းချက်မရှိ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲချီးကျူး။

– အာဆင်နယ်အသင်းအနေနဲ့ ရှေ့က အမှားတွေဖြစ်တဲ့ လူငယ်တွေကို ပေါ့ပေါ့တန်တန် ထွက်ခွာခွင့်ပြုခဲ့တဲ့ အမှားမျိုး ထပ်မဖြစ်လာဖို့ လူငယ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား ကီဒို တေလာ-ဟတ်ကို မဖြစ်မနေ ဆက်ထိန်းထားဖို့ ကျွမ်းကျင်သူတွေ ထောက်ပြနေကြ။

– ပထမအသင်းကြီးရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပူးပေါင်းခွင့် ရရှိထားပေမယ့် ကစားခွင့်မှာတော့ ယူ-၂၃ အသင်းမှာပဲ ဖြစ်နေခဲ့ရတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ အခြေအနေကို စိတ်ပျက်နေပြီး ဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ ထပ်မံကြိုးစားသွားဦးမယ်လို့ သတင်းထွက်ပေါ်လာ။

– အာဆင်နယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို နှိမ့်နှိမ့်ချချနေသင့်တယ်လို့ ပြောခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူး နီးလ် မော်ပေဟာ လက်ရှိမှာ သူ့ရဲ့ ကြီးမားတဲ့ အတ္တကြောင့် အသင်းနဲ့ အံမဝင်ဖြစ်နေပြီလို့ ဗြိတိန်သတင်းစာတွေ လှောင်ပြောင်ရေးသား။

– အသင်းကြီးခြောက်သင်းနဲ့ ရလဒ်ကောင်းတွေ ဆက်လက်ရယူနိုင်ဖို့အတွက် နည်းပြ အာတီတာကို အီယန်ရိုက် ထောက်ခံလိုက်ပြီး ဇန်နဝါရီမှာ အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်မှန်းချက်အတွက် လီယွန်ကွင်းလယ်လူ အောဝါကို ထပ်မံခေါ်ယူဖို့ တိုက်တွန်း။

– ဥက္ကဌဟောင်း ဘာတိုမူရဲ့ အသင်းက နုတ်ထွက်သွားခဲ့တဲ့ အခြေအနေကြောင့် ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုရဲ့ အနာဂတ်က ပြန်လည်လှုပ်ခတ်လာခဲ့ပြီး ဇန်နဝါရီမှာ အာဆင်နယ်ဆီ အငှားနဲ့ ထွက်ခွာနိုင်ဖို့ အေးဂျင့် ဂျော်ရက်ဘ်ချီယန် အကွက်ရွှေ့လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းနေကြ။

– နောက်ခံလူ ဂါဘရီယယ်လ်ကို အာဆင်နယ်ဆီ ခေါ်ယူခဲ့တဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် အရမ်းတော်တဲ့သူပဲလို့ ကီဗင် ကမ်းဘဲလ်က ချီးကျူးလိုက်ပြီး ပေါင်သန်း ၂၀ ကျော်ပေးခဲ့ရတဲ့ ဘရာဇီးလ်သားဟာ လက်ရှိခြေစွမ်းအရ ပေါင်သန်း ၅၀ လောက် ထိုက်တန်တယ်လို့ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ အောက်တိုဘာလတစ်လတာ အကောင်းဆုံးကစားသမားဆုအတွက် ပရိသတ်တွေ မဲပေးရွေးချယ်ဖို့ ဆန်ကာတင်စာရင်းကို ထုတ်ပြန်လိုက်ရာမှာ ဟက်တာ ဘယ်လာရင်၊ ဂါဘရီယယ်လ် မာဂါလိုင်စ်၊ ဘူကာယို ဆာကာနဲ့ နီကိုလာ ပေပေတို့ ပါဝင်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.