Match Report Premier League UCL&UEL

သုံးပွဲကစား ကိုးမှတ်နဲ့ ပုံစံကောင်းကို ဆက်ထိန်းပြီး အနိုင်ယူတဲ့ မန်ချက်စတာစီးတီး

ဒီနေ့ပွဲမှာတော့ မန်ချက်စတာစီးတီးအသင်းဟာ ခံစစ်ထိုင်ကို ပြောင်းလဲခဲ့ပြီး စတုန်းစ်နဲ့ အာကေတို့ကို ရွေးချယ်ခဲ့သလို ဇင်ချန်ကိုလည်း ပြန်ပါလာခဲ့ပြီး ကျန်တဲ့ တိုက်စစ်ပိုင်းကိုတော့ အဖြစ်နိုင်ဆုံး အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ အထောင်တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဖယ်ရန် တောရက်စ်က အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်လူ ဒီဘရိုင်းနားနဲ့ မြေမကျ ဝမ်းတူးရိုက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးတို့ ဆက်လက်ထိုးဖောက်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိကစားခဲ့ပေမယ့် Manchester Evening News က ပွဲတိုင်ခင်မှာ ဖီဖာဂိမ်းနဲ့ စမ်းထားတုန်းကလိုပဲ အိုလံပီယာကော့စ်ဂိုးသမား ဂျိုဆေးဆာရဲ့ ကာကွယ်ဖြတ်တောက်မှုတွေက လာဘ်မြင်လွန်းနေတာကြောင့် ပထမပိုင်းမှာ တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အိုလံပီယာကော့စ်တို့ ပြန်လည်တုံ့ပြန်လာခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးနှစ်ကြိမ်လောက် နီးစပ်ခဲ့ပေမယ့် စီးတီးနောက်တန်းက ဖျက်ထုတ်သွားနိုင်ခဲ့ပြီး စတာလင်နဲ့ ဖိုဒန်တို့ရဲ့ ထိုးဖောက်မှုနဲ့ ကန်ချက်တွေကိုလည်း ဂျိုဆေးဆာက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဂိုးသမားကတော့ လာမယ့် အပြောင်းအရွှေ့တွေမှာ အသင်းကြီးတွေကို ရောက်ဖို့ များနေပြီလို့တောင် ဆိုရမှာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ မာရက်ဇ်အစား ဂါဘရီယယ်လ် ဂျေဆူးစ်က ဒဏ်ရာကနေ သက်သာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူစား ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ ဒီဘရိုင်းနားပေးတဲ့ ဘောလုံးကို တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲယူလာပြီး ဂိုးပိုက်အမိုးဘက်ကို အပြင်းကန်သွင်းခဲ့ရမှာ လက်စွမ်းပြနေတဲ့ ဂျိုဆေးဆာ ဘာမှ မတတ်နိုင်ဘဲ ဒုတိယဂိုး ထပ်ယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ လူစားဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျာအို ကန်ဆယ်လိုက ဂိုးဧရိယာထိပ်ကနေ အမှတ်မထင် ဘယ်ခြေနဲ့ ကန်သွင်းရာမှာ ဧည့်သည်တွေရဲ့ လက်စွမ်းပြနေတဲ့ ဂိုးသမား ကာကွယ်ပုံ နှေးခဲ့တာကြောင့် ဂိုးဝင်သွားခဲ့ပြီး အိမ်ကွင်းမှာ မန်ချက်စတာစီးတီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ အုပ်စုကို သုံးပွဲကစား ကိုးမှတ်၊ ရာနှုန်းပြည့်အနိုင်နဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားမယ့် လီဗာပူးလ်နဲ့ပွဲအတွက် ယုံကြည်မှုတွေ ပိုမိုမြင့်တက်လာနိုင်ခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ ဂျေဆူးစ်တစ်ယောက် ဂိုးရခဲ့တာကလည်း အသင်းအတွက် အားတက်စရာဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာေတာ့ မန္ခ်က္စတာစီးတီးအသင္းဟာ ခံစစ္ထိုင္ကို ေျပာင္းလဲခဲ့ၿပီး စတုန္းစ္နဲ႔ အာေကတို႔ကို ေရြးခ်ယ္ခဲ့သလို ဇင္ခ်န္ကိုလည္း ျပန္ပါလာခဲ့ၿပီး က်န္တဲ့ တုိက္စစ္ပုိင္းကိုေတာ့ အျဖစ္ႏုိင္ဆုံး အေကာင္းဆုံးလူစာရင္းနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ အေထာင္တုိက္စစ္မွာ ေျခစြမ္းျပေနတဲ့ ဖယ္ရန္ ေတာရက္စ္က အဖြင့္ဂိုး သြင္းယူႏုိင္ခဲ့ၿပီး ကြင္းလယ္လူ ဒီဘ႐ိုင္းနားနဲ႔ ေျမမက် ဝမ္းတူး႐ိုက္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ကန္သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးတုိ႔ ဆက္လက္ထိုးေဖာက္ၿပီး ေဘာလုံးပုိင္ဆုိင္မွဳ အသာနဲ႔ ဖိကစားခဲ့ေပမယ့္ Manchester Evening News က ပြဲတုိင္ခင္မွာ ဖီဖာဂိမ္းနဲ႔ စမ္းထားတုန္းကလိုပဲ အုိလံပီယာေကာ့စ္ဂိုးသမား ဂ်ဳိေဆးဆာရဲ႕ ကာကြယ္ျဖတ္ေတာက္မွဳေတြက လာဘ္ျမင္လြန္းေနတာေၾကာင့္ ပထမပုိင္းမွာ တစ္ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အုိလံပီယာေကာ့စ္တုိ႔ ျပန္လည္တုံ႔ျပန္လာခဲ့ၿပီး ဂိုးရဖို႔ အခြင့္အေရးႏွစ္ႀကိမ္ေလာက္ နီးစပ္ခဲ့ေပမယ့္ စီးတီးေနာက္တန္းက ဖ်က္ထုတ္သြားႏုိင္ခဲ့ၿပီး စတာလင္နဲ႔ ဖိုဒန္တို႔ရဲ႕ ထိုးေဖာက္မွဳနဲ႔ ကန္ခ်က္ေတြကိုလည္း ဂ်ဳိေဆးဆာက ကာကြယ္ႏုိင္ခဲ့ပါတယ္။ ဒီဂိုးသမားကေတာ့ လာမယ့္ အေျပာင္းအေရႊ႕ေတြမွာ အသင္းႀကီးေတြကို ေရာက္ဖို႔ မ်ားေနၿပီလုိ႔ေတာင္ ဆုိရမွာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ မာရက္ဇ္အစား ဂါဘရီယယ္လ္ ေဂ်ဆူးစ္က ဒဏ္ရာကေန သက္သာၿပီးေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ လူစား ဝင္ေရာက္ကစားခဲ့ၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားေပးတဲ့ ေဘာလုံးကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲယူလာၿပီး ဂိုးပိုက္အမိုးဘက္ကို အျပင္းကန္သြင္းခဲ့ရမွာ လက္စြမ္းျပေနတဲ့ ဂ်ဳိေဆးဆာ ဘာမွ မတတ္ႏုိင္ဘဲ ဒုတိယဂိုး ထပ္ယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ လူစားဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂ်ာအုိ ကန္ဆယ္လိုက ဂိုးဧရိယာထိပ္ကေန အမွတ္မထင္ ဘယ္ေျခနဲ႔ ကန္သြင္းရာမွာ ဧည့္သည္ေတြရဲ႕ လက္စြမ္းျပေနတဲ့ ဂိုးသမား ကာကြယ္ပုံ ေႏွးခဲ့တာေၾကာင့္ ဂိုးဝင္သြားခဲ့ၿပီး အိမ္ကြင္းမွာ မန္ခ်က္စတာစီးတီးတုိ႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲကို အႏုိင္ရရွိခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ အုပ္စုကို သုံးပြဲကစား ကိုးမွတ္၊ ရာႏွဳန္းျပည့္အႏုိင္နဲ႔ ဆက္လက္ဦးေဆာင္ႏုိင္ခဲ့ၿပီး လာမယ့္ တနဂၤေႏြေန႔ညမွာ ကစားမယ့္ လီဗာပူးလ္နဲ႔ပြဲအတြက္ ယုံၾကည္မွဳေတြ ပိုမိုျမင့္တက္လာႏုိင္ခဲ့ၿပီး ဒဏ္ရာက ျပန္လာတဲ့ ေဂ်ဆူးစ္တစ္ေယာက္ ဂိုးရခဲ့တာကလည္း အသင္းအတြက္ အားတက္စရာျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.