Premier League

VAR ကို ပြင့္လင္းျမင္သာရွိဖို႔ ဒိုင္ခ်င္းစကားေျပာသံကို ပရိသတ္ေတြ ၾကားရဖို႔လုပ္ေဆာင္ေန

ဒီရက္ပုိင္းအတြင္း VAR နည္းပညာကို အသုံးျပဳရာမွာ အမွားအယြင္းေတြ မ်ားေနခဲ့ၿပီး ပရိသတ္ေတြနဲ႔ ကၽြမ္းက်င္သူေတြၾကားမွာ ေဝဖန္မွဳေတြ ျမင့္တက္ခဲ့ၾကသလို ဒီနည္းပညာအေနနဲ႔ ပြဲေတြကို ကူညီႏုိင္ရမယ့္အစား ဖ်က္ဆီးသလိုပဲ ျဖစ္ေနခဲ့တယ္လို႔လည္း စစ္တမ္းေတြမွာ ဆႏၵျပဳေနခဲ့ၾကပါတယ္။

ဒါေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ ဒုိင္လူႀကီးေတြကို ပိုမိုၾကပ္မတ္ဖို႔ လုပ္ေဆာင္ေနၿပီး ကြင္းေဘးက Pitch-side Monitor ကို သြားၾကည့္ဖို႔နဲ႔ VAR ဒိုင္အဖြဲ႕နဲ႔ ဒိုင္လူႀကီးတုိ႔ရဲ႕ ေဆြးေႏြးတဲ့ အသံေတြကို ပရိသတ္ၾကားရေအာင္ လုပ္ေဆာင္သြားဖို႔လည္း ရွိေနခဲ့ပါတယ္။

ပရိသတ္ေတြအေနနဲ႔ကေတာ့ VAR ကို ေတာ္ေတာ္ေလး အယုံအၾကည္နည္းပါးေနၿပီး ဆုံးျဖတ္ခ်က္ေတြဟာ တစ္သမတ္တည္း မရွိခဲ့သလို အႏၲရာယ္မ်ားတဲ့ Stamping လို႔ ေခၚတဲ့ ေဆာင့္နင္းတာေတြကို အနီကတ္ျပရမယ့္အစား အဝါကတ္ျပတာနဲ႔ လုံးဝ အျပစ္မေပးဘဲ လႊတ္ေပးလုိက္တာမ်ဳိးေတြ ရွိေနလို႔ ဆုံးျဖတ္ခ်က္ေတြကေတာ့ ရွဳတ္ခ်စရာအျပည့္ျဖစ္ေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဒိုင္ေတြအေနနဲ႔ VAR ကို ရင္းႏွီးေအာင္ သင္ၾကားဖို႔ လုိေနေသးၿပီး မျမင္လုိက္တဲ့ကိစၥကုိ နားၾကပ္ကေန နားေထာင္မယ့္အစား ကိုယ္တုိင္ျပန္လည္ၾကည္ရွဳႏိုင္မယ့္ ကြင္းေဘး ေမာ္နီတာမွာ ၾကည့္ဖို႔ကိုေတာင္ မသြားခ်င္တဲ့ ဒုိင္ေတြကိုလည္း ျမင္ေနရၿပီး မေန႔က စပါးစ္ကစားသမား ဂ်ီယိုဗန္နီ လိုဆဲလ္ဆိုရဲ႕ ျပစ္ဒဏ္က်ဴးလြန္မွဳမွာ ဒိုင္လူႀကီး မုိက္ကယ္ အိုလီဗာက နားၾကပ္ကေနပဲ ဆုံးျဖတ္သြားခဲ့တာျဖစ္ပါတယ္။

ဒီလိုအျဖစ္ေတြေၾကာင့္ ဒိုင္လူႀကီးေတြ အရည္အခ်င္းျပည့္ဝဖို႔နဲ႔ ပြင့္လင္းျမင္သာမွဳရွိၿပီး ပရိသတ္ေထာက္ခံမွဳ မက်ဆင္းေစဖို႔ တာဝန္ရွိသူေတြအေနနဲ႔ ျပဳျပင္ေျပာင္းလဲမွဳေတြ လုပ္ေဆာင္ဖို႔ ရွိေနၿပီး ၂၀၁၈ ကမာၻ႕ဖလားကလို အဂၤလန္ဒိုင္တစ္ေယာက္မွ မပါဘဲ အရွက္ရခဲ့တဲ့ကိစၥမ်ဳိး ထပ္မျဖစ္ရေအာင္ ရည္ရြယ္တာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္လုိ႔ ေစာင့္ၾကည့္သူေတြက သုံးသပ္ေနၾကပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒီရက်ပိုင်းအတွင်း VAR နည်းပညာကို အသုံးပြုရာမှာ အမှားအယွင်းတွေ များနေခဲ့ပြီး ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ကြသလို ဒီနည်းပညာအနေနဲ့ ပွဲတွေကို ကူညီနိုင်ရမယ့်အစား ဖျက်ဆီးသလိုပဲ ဖြစ်နေခဲ့တယ်လို့လည်း စစ်တမ်းတွေမှာ ဆန္ဒပြုနေခဲ့ကြပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဒိုင်လူကြီးတွေကို ပိုမိုကြပ်မတ်ဖို့ လုပ်ဆောင်နေပြီး ကွင်းဘေးက Pitch-side Monitor ကို သွားကြည့်ဖို့နဲ့ VAR ဒိုင်အဖွဲ့နဲ့ ဒိုင်လူကြီးတို့ရဲ့ ဆွေးနွေးတဲ့ အသံတွေကို ပရိသတ်ကြားရအောင် လုပ်ဆောင်သွားဖို့လည်း ရှိနေခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ကတော့ VAR ကို တော်တော်လေး အယုံအကြည်နည်းပါးနေပြီး ဆုံးဖြတ်ချက်တွေဟာ တစ်သမတ်တည်း မရှိခဲ့သလို အန္တရာယ်များတဲ့ Stamping လို့ ခေါ်တဲ့ ဆောင့်နင်းတာတွေကို အနီကတ်ပြရမယ့်အစား အဝါကတ်ပြတာနဲ့ လုံးဝ အပြစ်မပေးဘဲ လွှတ်ပေးလိုက်တာမျိုးတွေ ရှိနေလို့ ဆုံးဖြတ်ချက်တွေကတော့ ရှုတ်ချစရာအပြည့်ဖြစ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဒိုင်တွေအနေနဲ့ VAR ကို ရင်းနှီးအောင် သင်ကြားဖို့ လိုနေသေးပြီး မမြင်လိုက်တဲ့ကိစ္စကို နားကြပ်ကနေ နားထောင်မယ့်အစား ကိုယ်တိုင်ပြန်လည်ကြည်ရှုနိုင်မယ့် ကွင်းဘေး မော်နီတာမှာ ကြည့်ဖို့ကိုတောင် မသွားချင်တဲ့ ဒိုင်တွေကိုလည်း မြင်နေရပြီး မနေ့က စပါးစ်ကစားသမား ဂျီယိုဗန်နီ လိုဆဲလ်ဆိုရဲ့ ပြစ်ဒဏ်ကျူးလွန်မှုမှာ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက နားကြပ်ကနေပဲ ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။

ဒီလိုအဖြစ်တွေကြောင့် ဒိုင်လူကြီးတွေ အရည်အချင်းပြည့်ဝဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိပြီး ပရိသတ်ထောက်ခံမှု မကျဆင်းစေဖို့ တာဝန်ရှိသူတွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ရှိနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားကလို အင်္ဂလန်ဒိုင်တစ်ယောက်မှ မပါဘဲ အရှက်ရခဲ့တဲ့ကိစ္စမျိုး ထပ်မဖြစ်ရအောင် ရည်ရွယ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.