Premier League Transfer News

၃.၁၁.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာက ဘာစီလိုနာကို ျပန္ခ်င္ေနၿပီျဖစ္ၿပီး လာမယ့္ ဇန္နဝါရီမွာ ေျပာင္းေရႊ႕ႏုိင္ဖို႔ စိတ္အားထက္သန္ေနသလို ၿမဳိ႕ခံၿပဳိင္ဘက္အသင္းကေန ျပန္သြားခဲ့တဲ့ ဂ်ရတ္ ပီေကးရဲ႕ လမ္းစဥ္ကို လုိက္ဖို႔ရွိေန။

– ၿပီးခဲ့တဲ့ အသင္းေခါင္းေဆာင္ႏွစ္ေယာက္ျဖစ္တဲ့ ကြန္ပနီနဲ႔ ေဒးဗစ္ ေဆးလ္ဗားတုိ႔ကို လြမ္းတယ္လို႔ ဘာနာဒို ေဆးလ္ဗားက ေျပာၾကားခဲ့ၿပီး အသင္းကို ခ်န္ပီယံျဖစ္ေစရာမွာ အဓိကက်တဲ့ ဂိုးကို ဘယ္လ္ဂ်ီယမ္အသင္းေခါင္းေဆာင္ သြင္းယူခ်ိန္က ၾကက္သီးေမြးညင္းထခဲ့ရတယ္လို႔ အမွတ္တရဆုိ။

– မန္ခ်က္စတာစီးတီးရဲ႕ ရန္ကို ေၾကာက္လုိ႔ သူတုိ႔ရဲ႕ အဓိက ဂိုးသမား မာ့ခ္-အန္ဒေရ တာစတီဂန္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းအေနနဲ႔ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၅၀၀ ထည့္သြင္းထားတယ္လို႔ စပိန္သတင္းအသိုင္းအဝိုင္းဆို။

– Manchester Evening News သတင္းဌာနက သူတုိ႔ရဲ႕ မန္စီးတီး-အုိလံပီယာ့ေကာ့စ္ပြဲႀကဳိအျဖစ္ FIFA 21 ဂိမ္းမွာ နမူနာထည့္သြင္းၿပီး ကြန္ပ်ဴတာကို ကစားခိုင္းခဲ့ရာမွာ တစ္ဖက္ဂိုးသမား ေကာင္းလြန္းလုိ႔ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔သာ အႏုိင္ရရွိခဲ့တယ္လို႔ ေဖာ္ျပ။

– ဘာစီလိုနာအသင္းအေနနဲ႔ တုိက္စစ္မွဴး လီယြန္နယ္ မက္ဆီကို အသင္းကေန ထြက္ခြာဖို႔ ရာသီကုန္မွာ ခြင့္ျပဳသြားမွာျဖစ္ၿပီး လာမယ့္ ဇန္နဝါရီမွာ အႀကဳိသေဘာတူစာခ်ဳပ္အတြက္ ေဆြးေႏြးႏုိင္ခြင့္ေပးဖို႔ရွိေနသလို မန္ခ်က္စတာစီးတီးအေနနဲ႔ လက္ဦးမွဳရယူႏုိင္ဖြယ္ရွိ။

– လာမယ့္ တနဂၤေႏြေန႔ည အစ္တီဟတ္မွာ ကစားမယ့္ပြဲစဥ္အတြက္ မန္ခ်က္စတာစီးတီးအသင္းကို လူမစုံတဲ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္တစ္ေယာက္ ေၾကာက္ရြံ႕ေနလိမ့္မယ္လို႔ စကိုင္းစပုိ႔စ္ရဲ႕ ဂယ္ရီ နဗီးလ္က ပြဲႀကဳိအျဖစ္ တူးဆြသြားခဲ့။

– နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အသင္းနဲ႔ ကစားသမားေတြအတြက္ အေရးႀကီးတဲ့ သူ႕ရဲ႕ စာခ်ဳပ္သစ္ကို လက္မွတ္ထိုးလိမ့္မယ္လို႔ ဘုန္းေမာက္ကေန မန္စီးတီးကို ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူသစ္ နာသန္ အာေက ေမွ်ာ္လင့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာက ဘာစီလိုနာကို ပြန်ချင်နေပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ ပြောင်းရွှေ့နိုင်ဖို့ စိတ်အားထက်သန်နေသလို မြို့ခံပြိုင်ဘက်အသင်းကနေ ပြန်သွားခဲ့တဲ့ ဂျရတ် ပီကေးရဲ့ လမ်းစဉ်ကို လိုက်ဖို့ရှိနေ။

– ပြီးခဲ့တဲ့ အသင်းခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ ကွန်ပနီနဲ့ ဒေးဗစ် ဆေးလ်ဗားတို့ကို လွမ်းတယ်လို့ ဘာနာဒို ဆေးလ်ဗားက ပြောကြားခဲ့ပြီး အသင်းကို ချန်ပီယံဖြစ်စေရာမှာ အဓိကကျတဲ့ ဂိုးကို ဘယ်လ်ဂျီယမ်အသင်းခေါင်းဆောင် သွင်းယူချိန်က ကြက်သီးမွေးညင်းထခဲ့ရတယ်လို့ အမှတ်တရဆို။

– မန်ချက်စတာစီးတီးရဲ့ ရန်ကို ကြောက်လို့ သူတို့ရဲ့ အဓိက ဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂန်ကို စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းအနေနဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀၀ ထည့်သွင်းထားတယ်လို့ စပိန်သတင်းအသိုင်းအဝိုင်းဆို။

– Manchester Evening News သတင်းဌာနက သူတို့ရဲ့ မန်စီးတီး-အိုလံပီယာ့ကော့စ်ပွဲကြိုအဖြစ် FIFA 21 ဂိမ်းမှာ နမူနာထည့်သွင်းပြီး ကွန်ပျူတာကို ကစားခိုင်းခဲ့ရာမှာ တစ်ဖက်ဂိုးသမား ကောင်းလွန်းလို့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့သာ အနိုင်ရရှိခဲ့တယ်လို့ ဖော်ပြ။

– ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အသင်းကနေ ထွက်ခွာဖို့ ရာသီကုန်မှာ ခွင့်ပြုသွားမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီမှာ အကြိုသဘောတူစာချုပ်အတွက် ဆွေးနွေးနိုင်ခွင့်ပေးဖို့ရှိနေသလို မန်ချက်စတာစီးတီးအနေနဲ့ လက်ဦးမှုရယူနိုင်ဖွယ်ရှိ။

– လာမယ့် တနင်္ဂနွေနေ့ည အစ်တီဟတ်မှာ ကစားမယ့်ပွဲစဉ်အတွက် မန်ချက်စတာစီးတီးအသင်းကို လူမစုံတဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်တစ်ယောက် ကြောက်ရွံ့နေလိမ့်မယ်လို့ စကိုင်းစပို့စ်ရဲ့ ဂယ်ရီ နဗီးလ်က ပွဲကြိုအဖြစ် တူးဆွသွားခဲ့။

– နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အသင်းနဲ့ ကစားသမားတွေအတွက် အရေးကြီးတဲ့ သူ့ရဲ့ စာချုပ်သစ်ကို လက်မှတ်ထိုးလိမ့်မယ်လို့ ဘုန်းမောက်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူသစ် နာသန် အာကေ မျှော်လင့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.