Premier League

လီဗာပူးလ္ကိုပါ အရွဳပ္ထဲ ျပန္ဆြဲထည့္ဖို႔ ႀကံေနတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္ကို အယူခံတင္သြင္းဖို႔ လုပ္ေဆာင္ေနရာမွာ သူတုိ႔အေနနဲ႔ ႐ိုးသားတယ္ဆုိၿပီး ျပသဖို႔အတြက္ ဘယ္အရာကိုမွ ထိန္ခ်န္မထားေတာ့ဘူးဆိုတဲ့အေနနဲ႔ လီဗာပူးလ္အသင္းနဲ႔ ၂၀၁၃ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ကင္းေထာက္စနစ္ကို ခ်ဳိးေဖာက္ဝင္ေရာက္ခဲ့မွဳကိုပါ ျပန္လည္ထုတ္ေဖာ္ဖို႔ ရည္ရြယ္ေနပါတယ္။

လီဗာပူးလ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာနဲ႔ ကင္းေထာက္ႏွစ္ဦးတုိ႔ဟာ အသင္းကို မန္စီးတီးကေန ေျပာင္းေရႊ႕လာၾကတာျဖစ္ၿပီး သူတုိ႔အေနနဲ႔ အသင္းေဟာင္းအေၾကာင္း သိရွိထားတာေတြကို အသုံးခ်ၿပီး Scouting Database ကို Hack ခဲ့တာလည္းျဖစ္သလို အဲ့ဒီတုန္းက ျပႆနာကို တုိးတိုးတိတ္တိတ္ ညႇိႏွဳိင္းခဲ့ရတာပါ။

ေနာက္ဆုံးမွာေတာ့ အသင္းႏွစ္သင္းၾကား သေဘာတူညီမွဳရရွိခဲ့ၿပီး မန္စီးတီးအသင္းဘက္ကို နစ္နာေၾကး ေပါင္တစ္သန္းေပးေလ်ာ္ဖို႔နဲ႔ ဒီအခ်က္အလက္ေတြကို ထပ္မံ မေပါက္ၾကားေအာင္ လွ်ဳိ႕ဝွက္ထားဖို႔ လီဗာပူးလ္အသင္းအေနနဲ႔ လိုက္ေလ်ာခဲ့ရၿပီး အက်ယ္က်ယ္ျဖစ္ဖို႔ကို ေရွာင္လႊဲႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ဒီကိစၥကို ၿပီးခဲ့တဲ့ႏွစ္က မန္စီးတီးဘက္က ျပန္လည္ေဖာ္ထုတ္ဖို႔ ႀကဳိးစားခဲ့ၿပီး ပရီးမီးယားလိဂ္တာဝန္ရွိသူေတြနဲ႔ အက္ဖ္ေအကေတာ့ သက္ေသအေထာက္အထားေတြနဲ႔ ႏွစ္ဖက္အသင္းပါဝင္ေနတဲ့ အခ်က္အလက္ေတြအရ ဆက္လက္ေဆာင္ရြက္ အေရးယူဖို႔ မရွိဘူးလို႔ အမွဳကို ပိတ္သိမ္း ထားခဲ့ပါတယ္။

အက္ဖ္ေအအေနနဲ႔ ၂၀၁၄ ခုႏွစ္က ရရွိခဲ့တဲ့ မန္စီးတီးရဲ႕ ပရီးမီးယားလိဂ္ဆုဖလားကို ႐ုတ္သိမ္းဖို႔နဲ႔ ဒုတိယတန္းအထိ ဆင္းကစားခိုင္းဖို႔အထိ ျပစ္ဒဏ္ခ်မွတ္ေတာ့မယ္လို႔ သတင္းထြက္လာခ်ိန္မွာ ဒုတိယေနရာက လီဗာပူးလ္တုိ႔ကို ဖလားလႊဲေပးရႏိုင္လို႔ အခုလို ၿခိမ္းေျခာက္လာခဲ့တယ္လို႔လည္း ယုံၾကည္ရၿပီး အာရပ္သူေဌးပုိင္အသင္းအေနနဲ႔ တစ္ေန႔ကို ေပါင္ႏွစ္ေသာင္းေပးရတဲ့ နာမည္ႀကီးေရွ႕ေန ေလာ့ဒ္ေဒးဗစ္ ပန္နစ္ခ္ကိုလည္း ငွားရမ္းထားတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL & MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအနေနဲ့ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ကို အယူခံတင်သွင်းဖို့ လုပ်ဆောင်နေရာမှာ သူတို့အနေနဲ့ ရိုးသားတယ်ဆိုပြီး ပြသဖို့အတွက် ဘယ်အရာကိုမှ ထိန်ချန်မထားတော့ဘူးဆိုတဲ့အနေနဲ့ လီဗာပူးလ်အသင်းနဲ့ ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကင်းထောက်စနစ်ကို ချိုးဖောက်ဝင်ရောက်ခဲ့မှုကိုပါ ပြန်လည်ထုတ်ဖော်ဖို့ ရည်ရွယ်နေပါတယ်။

လီဗာပူးလ်အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ ကင်းထောက်နှစ်ဦးတို့ဟာ အသင်းကို မန်စီးတီးကနေ ပြောင်းရွှေ့လာကြတာဖြစ်ပြီး သူတို့အနေနဲ့ အသင်းဟောင်းအကြောင်း သိရှိထားတာတွေကို အသုံးချပြီး Scouting Database ကို Hack ခဲ့တာလည်းဖြစ်သလို အဲ့ဒီတုန်းက ပြဿနာကို တိုးတိုးတိတ်တိတ် ညှိနှိုင်းခဲ့ရတာပါ။

နောက်ဆုံးမှာတော့ အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပြီး မန်စီးတီးအသင်းဘက်ကို နစ်နာကြေး ပေါင်တစ်သန်းပေးလျော်ဖို့နဲ့ ဒီအချက်အလက်တွေကို ထပ်မံ မပေါက်ကြားအောင် လျှို့ဝှက်ထားဖို့ လီဗာပူးလ်အသင်းအနေနဲ့ လိုက်လျောခဲ့ရပြီး အကျယ်ကျယ်ဖြစ်ဖို့ကို ရှောင်လွှဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စကို ပြီးခဲ့တဲ့နှစ်က မန်စီးတီးဘက်က ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပြီး ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ အက်ဖ်အေကတော့ သက်သေအထောက်အထားတွေနဲ့ နှစ်ဖက်အသင်းပါဝင်နေတဲ့ အချက်အလက်တွေအရ ဆက်လက်ဆောင်ရွက် အရေးယူဖို့ မရှိဘူးလို့ အမှုကို ပိတ်သိမ်း ထားခဲ့ပါတယ်။

အက်ဖ်အေအနေနဲ့ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ရုတ်သိမ်းဖို့နဲ့ ဒုတိယတန်းအထိ ဆင်းကစားခိုင်းဖို့အထိ ပြစ်ဒဏ်ချမှတ်တော့မယ်လို့ သတင်းထွက်လာချိန်မှာ ဒုတိယနေရာက လီဗာပူးလ်တို့ကို ဖလားလွှဲပေးရနိုင်လို့ အခုလို ခြိမ်းခြောက်လာခဲ့တယ်လို့လည်း ယုံကြည်ရပြီး အာရပ်သူဌေးပိုင်အသင်းအနေနဲ့ တစ်နေ့ကို ပေါင်နှစ်သောင်းပေးရတဲ့ နာမည်ကြီးရှေ့နေ လော့ဒ်ဒေးဗစ် ပန်နစ်ခ်ကိုလည်း ငှားရမ်းထားတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL & MIRROR
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.