Serie A

အီတလီမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔လာမွဳေၾကာင့္ စီးရီးေအပြဲစဥ္တခ်ဳိ႕ ေရႊ႕ဆုိင္း

အီတလီႏိုင္ငံမွာ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနခဲ့ၿပီး အစိုးရရဲ႕ အတည္ျပဳခ်က္အရ ၇၉ ေယာက္ရွိေနၿပီလို႔ သိရသလို ဒီထဲမွာ အေပ်ာ္တမ္း ေဘာလုံးသမားတစ္ဦး ပါဝင္ေနတဲ့အတြက္ ဝန္ႀကီးခ်ဳပ္ ဂ်ဴဆက္ပီ ကြန္တီက တနဂၤေႏြေန႔မွာ ကစားမယ့္ စီးရီးေအပြဲစဥ္ေတြကို ေရႊ႕ဆုိင္းလိုက္ပါတယ္။

ဒီေန႔ပြဲစဥ္ေတြကေတာ့ အတၱလန္တာနဲ႔ ဆက္ဆူအိုလို၊ ဗီ႐ိုနာနဲ႔ ကက္ဂလီယာရီ၊ အင္တာမီလန္နဲ႔ ဆမ္ဒိုးရီးယားတုိ႔ျဖစ္ၾကၿပီး အင္တာမီလန္အသင္းကေတာ့ စေနေန႔ညမွာ သိရွိခဲ့ကတည္းက သူတုိ႔ရဲ႕ တြစ္တာအေကာင့္ကေန ပရိသတ္ေတြဆီ တရားဝင္ထုတ္ျပန္ေပးသြားခဲ့ပါတယ္။

“အစိုးရတာဝန္ရွိသူေတြအေနနဲ႔ အပူတျပင္းေဆာင္ရြက္ေနၿပီး ကို႐ိုနာဗုိင္းရပ္စ္ပ်ံ႕ႏွံ႔မွဳကို ရင္ဆုိင္ဖို႔နဲ႔ ထိန္းခ်ဳပ္ဖို႔ကို ႀကဳိးစားေနၿပီျဖစ္တယ္”လို႔ အီတလီအားကစားဝန္ႀကီးျဖစ္သူ ဗီဆန္ဇို စပါဒါဖိုရာက အိုလံပစ္ေကာ္မတီဥကၠဌ ဂ်ဳိဗန္နီ မာလာဂိုကို စေနေန႔ သန္းေခါင္ယံမတုိင္ခင္က စာတစ္ေစာင္ ေပးပုိ႔သြားခဲ့သလို အင္တာမီလန္အသင္းရွိရာ လြမ္ဘာဒီေဒသႀကီးတာဝန္ရွိသူေတြကလည္း ဗိုင္းရပ္စ္ေတြ႕ရွိမွဳကို ထုတ္ျပန္သြားခဲ့ပါတယ္။

တာဝန္ရွိသူေတြအေနနဲ႔ ဒီေန႔မွာ ကစားရမယ့္ မီလန္၊ ဘာဂါမိုနဲ႔ ဗီ႐ိုနာၿမဳိ႕ေတြက ပြဲစဥ္ေတြကို ေရႊ႕ဆုိင္းဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ၿပီး မေန႔ကေတာ့ ဘေလာ့ညာ၊ ဖာရာရာနဲ႔ ဖေလာ့ရင့္စ္(ဖီရင္ဇီ)ၿမဳိ႕ေတြက ပြဲစဥ္ေတြကိုေတာ့ က်င္းပခဲ့သလို ဒီေန႔ကစားမယ့္ ဂ်ီႏိုအာ၊ တူရင္နဲ႔ ေရာမၿမဳိ႕က ပြဲေတြကိုေတာ့ ဆက္လက္က်င္းပခဲ့တာျဖစ္ပါတယ္။

အီတလီႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၇၉ ဦးအထိ ရွိသြားၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ထုတ္ျပန္ခဲ့ၿပီး ဒီထဲမွာ အေပ်ာ္တမ္းေဘာလုံးသမားတစ္ဦး ပါရွိေနခဲ့သလို ေရာဂါျဖစ္ပြားသူေတြထဲက ႏွစ္ဦးကေတာ့ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အီတလီနိုင်ငံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေခဲ့ပြီး အစိုးရရဲ့ အတည်ပြုချက်အရ ၇၉ ယောက်ရှိနေပြီလို့ သိရသလို ဒီထဲမှာ အပျော်တမ်း ဘောလုံးသမားတစ်ဦး ပါဝင်နေတဲ့အတွက် ဝန်ကြီးချုပ် ဂျူဆက်ပီ ကွန်တီက တနင်္ဂနွေနေ့မှာ ကစားမယ့် စီးရီးအေပွဲစဉ်တွေကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီနေ့ပွဲစဉ်တွေကတော့ အတ္တလန်တာနဲ့ ဆက်ဆူအိုလို၊ ဗီရိုနာနဲ့ ကက်ဂလီယာရီ၊ အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယားတို့ဖြစ်ကြပြီး အင်တာမီလန်အသင်းကတော့ စနေနေ့ညမှာ သိရှိခဲ့ကတည်းက သူတို့ရဲ့ တွစ်တာအကောင့်ကနေ ပရိသတ်တွေဆီ တရားဝင်ထုတ်ပြန်ပေးသွားခဲ့ပါတယ်။

“အစိုးရတာဝန်ရှိသူတွေအနေနဲ့ အပူတပြင်းဆောင်ရွက်နေပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရင်ဆိုင်ဖို့နဲ့ ထိန်းချုပ်ဖို့ကို ကြိုးစားနေပြီဖြစ်တယ်”လို့ အီတလီအားကစားဝန်ကြီးဖြစ်သူ ဗီဆန်ဇို စပါဒါဖိုရာက အိုလံပစ်ကော်မတီဥက္ကဌ ဂျိုဗန်နီ မာလာဂိုကို စနေနေ့ သန်းခေါင်ယံမတိုင်ခင်က စာတစ်စောင် ပေးပို့သွားခဲ့သလို အင်တာမီလန်အသင်းရှိရာ လွမ်ဘာဒီဒေသကြီးတာဝန်ရှိသူတွေကလည်း ဗိုင်းရပ်စ်တွေ့ရှိမှုကို ထုတ်ပြန်သွားခဲ့ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့မှာ ကစားရမယ့် မီလန်၊ ဘာဂါမိုနဲ့ ဗီရိုနာမြို့တွေက ပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပြီး မနေ့ကတော့ ဘလော့ညာ၊ ဖာရာရာနဲ့ ဖလော့ရင့်စ်(ဖီရင်ဇီ)မြို့တွေက ပွဲစဉ်တွေကိုတော့ ကျင်းပခဲ့သလို ဒီနေ့ကစားမယ့် ဂျီနိုအာ၊ တူရင်နဲ့ ရောမမြို့က ပွဲတွေကိုတော့ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၉ ဦးအထိ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပြီး ဒီထဲမှာ အပျော်တမ်းဘောလုံးသမားတစ်ဦး ပါရှိနေခဲ့သလို ရောဂါဖြစ်ပွားသူတွေထဲက နှစ်ဦးကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.