Premier League

၂.၁၁.၂၀၂၀ – ညနေခင်း ပရီးမီးယားလိဂ်သတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ညက ယူနိုက်တက်ကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းက အသင်းနည်းပြ မီခေးလ် အာတီတာကို ‘မီခေးလ်’ လို့ အစနာမည်ကို အသုံးပြုပြီး ခေါ်ဆိုခဲ့လို့ ဒါဟာ ကိုယ့်ရဲ့ အထက်လူကြီး ဘော့စ်ကို လေးစားမှုမဲ့စွာနဲ့ ရိုင်းပျတဲ့လုပ်ရပ်ဖြစ်ကြောင်း ရွိုင်ကိန်းဝေဖန်။

ဒီရာသီမှာ ဖူလ်ဟမ်းအသင်း ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်ရတော့မယ့် အမှန်တရားကို လက်ခံရမှာဖြစ်ကြောင်း နည်းပြ စကော့ ပါကားက ဝန်ခံသွားခဲ့သလို အဆင့် ၁၀ အတွင်းဝင်ဖို့ အလွန်ခက်ခဲသွားခဲ့ပြီလို့ဆို။

လာလီဂါ၊ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အာဆင်နယ်နောက်ခံလူ တော်ရဲရားဟာ ညက အိုဆာဆူနာနဲ့ ပွဲစဥ်မှာ လူစားဝင်လာပြီး ၃ မိနစ်အတွင်း ဂိုးသွင်းယူခဲ့တဲ့နောက် အာဆင်နယ်ပရိသတ်တွေ​က သူ့ကို အသင်းထံ အမြန်ဆုံး ပြန်လာစေချင်ကြောင်း လွမ်းဆွတ်တမ်းတနေ။

နည်းပြ ရော့ဂျားစ်ရဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ကြီး ၆ ကြီးထဲ ထည့်သွင်းသတ်မှတ်ရမယ့် အသင်းကြီးအဆင့် ​ခြေစွမ်းမျိုး ပိုင်ဆိုင်နေပြီဖြစ်ကြောင်း လက်စတာ ကစားသမားဟောင်း ရော်ဘီ ဆား​ဗေ့ချ်သုံးသပ်။

ညကပွဲမှာ စပါးစ်အတွက် တာထွက်ဂိုးသွင်းယူသွားနိုင်ခဲ့တဲ့ အသင်းပရိသတ်အချစ်တော် ဂါရက် ဘေးလ်ရဲ့သွင်းဂိုးကြောင့် ရီးရဲမက်ဒရစ်အသင်းဘက်က ဘယ်လိုများတုံ့ပြန်မလဲဆိုတာ သိချင်လို့ ဝက်ဘ်ဆိုက်ထဲ ရှာကြည့်ရမယ်လို့ နိုင်ပွဲအပြီးမှာ မော်ရင်ဟိုက အရွှန်းဖောက်ပြီး တိုက်ခိုက်လိုက်။

အာဆင္နယ္နဲ႔ပြဲက ကစားပုံဟာ အႏွစ္သာရကင္းမဲ့ၿပီး စိတ္ဓာတ္ပုိင္းလည္း မေကာင္းဘဲ ေပါ့ပ်က္ပ်က္ကစားသြားတဲ့ ပုံစံဟာ အရည္အေသြး လုံးဝမရွိတဲ့ အသင္းတစ္သင္းနဲ႔တူတယ္လို႔ မန္ခ်က္စတာယူႏုိက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္က တစ္စစီ ဆုတ္ျဖဲေဝဖန္သြားခဲ့။

အဲဗာတန်ရဲ့ နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့မှုနဲ့ ဂိုးတွေခွင့်ပြုနေရတာကို အရန်ခုံပေါ်ကနေ ဂိုးသမား ပစ်ခ်ဖို့ဒ်က အကြီးအကျယ်စိတ်ပျက် ဒေါသထွက်လျက်ရှိပြီး လာမယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ ပွဲထွက်ရမှာဖြစ်ကြောင်း အန်ဆယ်လော့ဆီရဲ့ပြောကြားမှုအရ သိရ။

အာဆင်နယ်ပရိသတ်တွေက အိုးထရက်ဖို့ဒ်ကွင်းဟာ အာဆင်နယ်ရဲ့ ကခုန်ရာ Dance Floor အသစ်တခုဖြစ်ကြောင်း တွစ်တာမှာ နာမည်ပြောင်ပေးကာ လှောင်ပြောင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူကာ အောင်ပွဲခံအကနဲ့ ဖျော်ဖြေပြခဲ့တဲ့ အူဘာမီယန်းကို ဂုဏ်ပြုခဲ့ကြခြင်းဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက ယူႏိုက္တက္ကိုႏိုင္ခဲ့တဲ့ပြဲအၿပီးမွာ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းက အသင္းနည္းျပ မီေခးလ္ အာတီတာကို ‘မီေခးလ္’လို႔ အစနာမည္ကို အသုံးျပဳၿပီး ေခၚဆိုခဲ့လို႔ ဒါဟာ ကိုယ့္ရဲ႕ အထက္လူႀကီး ေဘာ့စ္ကို ေလးစားမႈမဲ့စြာနဲ႔ ႐ိုင္းပ်တဲ့လုပ္ရပ္ျဖစ္ေၾကာင္း ႐ြိဳင္ကိန္းေဝဖန္။

ဒီရာသီမွာ ဖူလ္ဟမ္းအသင္း ပရီးမီးယားလိဂ္ တန္းဆင္းဇုန္ထဲမွာ ႐ုန္းကန္ရေတာ့မယ့္ အမွန္တရားကို လက္ခံရမွာျဖစ္ေၾကာင္း နည္းျပ စေကာ့ ပါကားက ဝန္ခံသြားခဲ့သလို အဆင့္ ၁၀ အတြင္းဝင္ဖို႔ အလြန္ခက္ခဲသြားခဲ့ၿပီလို႔ဆို။

လာလီဂါ၊ အက္သလက္တီကိုမက္ဒရစ္အသင္းမွာ အငွားသြားေရာက္ကစားေနတဲ့ အာဆင္နယ္ေနာက္ခံလူ ေတာ္ရဲရားဟာ ညက အိုဆာဆူနာနဲ႔ ပြဲစဥ္မွာ လူစားဝင္လာၿပီး ၃ မိနစ္အတြင္း ဂိုးသြင္းယူခဲ့တဲ့ေနာက္ အာဆင္နယ္ပရိသတ္ေတြ​က သူ႔ကို အသင္းထံ အျမန္ဆုံး ျပန္လာေစခ်င္ေၾကာင္း လြမ္းဆြတ္တမ္းတေန။

နည္းျပ ေရာ့ဂ်ားစ္ရဲ႕ လက္စတာအသင္းဟာ ပရီးမီးယားလိဂ္ ႀကီး ၆ ႀကီးထဲ ထည့္သြင္းသတ္မွတ္ရမယ့္ အသင္းႀကီးအဆင့္ ​ေျခစြမ္းမ်ိဳး ပိုင္ဆိုင္ေနၿပီျဖစ္ေၾကာင္း လက္စတာ ကစားသမားေဟာင္း ေရာ္ဘီ ဆား​ေဗ့ခ်္သုံးသပ္။

ညကပြဲမွာ စပါးစ္အတြက္ တာထြက္ဂိုးသြင္းယူသြားႏိုင္ခဲ့တဲ့ အသင္းပရိသတ္အခ်စ္ေတာ္ ဂါရက္ ေဘးလ္ရဲ႕သြင္းဂိုးေၾကာင့္ ရီးရဲမက္ဒရစ္အသင္းဘက္က ဘယ္လိုမ်ားတုံ႔ျပန္မလဲဆိုတာ သိခ်င္လို႔ ဝက္ဘ္ဆိုက္ထဲ ရွာၾကည့္ရမယ္လို႔ ႏိုင္ပြဲအၿပီးမွာ ေမာ္ရင္ဟိုက အ႐ႊန္းေဖာက္ၿပီး တိုက္ခိုက္လိုက္။

အာဆင္နယ္နဲ႔ပြဲက ကစားပုံဟာ အႏွစ္သာရကင္းမဲ့ၿပီး စိတ္ဓာတ္ပုိင္းလည္း မေကာင္းဘဲ ေပါ့ပ်က္ပ်က္ကစားသြားတဲ့ ပုံစံဟာ အရည္အေသြး လုံးဝမရွိတဲ့ အသင္းတစ္သင္းနဲ႔တူတယ္လို႔ မန္ခ်က္စတာယူႏုိက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္က တစ္စစီ ဆုတ္ျဖဲေဝဖန္သြားခဲ့။

အဲဗာတန္ရဲ႕ ႏွစ္ပြဲဆက္ ရႈံးပြဲႀကဳံေတြ႕မႈနဲ႔ ဂိုးေတြခြင့္ျပဳေနရတာကို အရန္ခုံေပၚကေန ဂိုးသမား ပစ္ခ္ဖို႔ဒ္က အႀကီးအက်ယ္စိတ္ပ်က္ ေဒါသထြက္လ်က္ရွိၿပီး လာမယ့္ ယူႏိုက္တက္နဲ႔ပြဲမွာေတာ့ ပြဲထြက္ရမွာျဖစ္ေၾကာင္း အန္ဆယ္ေလာ့ဆီရဲ႕ေျပာၾကားမႈအရ သိရ။

အာဆင္နယ္ပရိသတ္ေတြက အိုးထရက္ဖို႔ဒ္ကြင္းဟာ အာဆင္နယ္ရဲ႕ ကခုန္ရာ Dance Floor အသစ္တခုျဖစ္ေၾကာင္း တြစ္တာမွာ နာမည္ေျပာင္ေပးကာ ေလွာင္ေျပာင္ခဲ့ၿပီး အႏိုင္ဂိုးသြင္းယူကာ ေအာင္ပြဲခံအကနဲ႔ ေဖ်ာ္ေျဖျပခဲ့တဲ့ အူဘာမီယန္းကို ဂုဏ္ျပဳခဲ့ၾကျခင္းျဖစ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.