Premier League

အာဆင်နယ်ရဲ့နိုင်ပွဲမှာ အဓိကခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဂါဘရီယယ်လ်ကို ဘောလုံးဝေဖန်သူတွေ အကြိုက်တွေ့နေ

ပြီးခဲ့တဲ့ညက ပရီးမီးယားလိဂ်ရဲ့အထူးပွဲ၊ စူပါဆန်းဒေး ပွဲကြီးပွဲကောင်းဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲစဥ်မှာ အာဆင်နယ်ရဲ့နိုင်ပွဲကို အဓိကခေါင်းဆောင်ပေးခဲ့တဲ့ ဗဟိုခံစစ်မှူး ဂါဘရီယယ်လ် မာဂါလိုင်စ်ကို နာမည်ကျော် ဘောလုံးဝေဖန်သုံးသပ်သူတွေက ရွေးချယ်ချီးကျူးသွားခဲ့ကြောင်း သိရပါတယ်။

partey gabriel

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ လိုင်လီအသင်းက​နေ အာဆင်နယ်ထံ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်ကို ပူပူနွေးနွေး အခြေချခဲ့တဲ့ ဂါဘရီယယ်လ်ဟာ ယူနိုက်တက်တိုက်စစ်ကို လွှမ်းမိုးနိုင်သူဖြစ်ခဲ့ပြီး ရော့ဘ်ဟိုးလ်ဒင်း၊ တီယာနေးတို့နဲ့အ​တူ ထူးရှယ်ခြေစွမ်းပြသွားခဲ့တာဖြစ်ပြီး နိုင်နင်းတဲ့ ခံစစ်ကြောင်း ဦးဆောင်ထိန်းကျောင်းမှုကောင်းကောင်းနဲ့ အားလုံးကို​ ဖမ်းစားသွားခဲ့တာပါ။

အူဘာမီယန်းက ဂိုးသွင်း သူရဲကောင်းဖြစ်ခဲ့ပေမယ့် ညကပွဲမှာ ဂါဘရီယယ်လ်ရဲ့ အရေး​ပါမှုကို Sky Sports ဘောလုံးသုံးသပ်သူ ဂျေမီ ရက်နပ်က အထူးတလည် အမွှမ်းတင်ပြောယူခဲ့ရပြီး အာဆင်နယ်အတွက် အဖိုးတန်ကစားသမား ရရှိခဲ့ခြင်းဖြစ်​ကြောင်း သူက အခုလို ချီးကျူးသုံးသပ်ပြခဲ့ပါတယ်။

” သူကခေါင်းဆောင်တယောက်ဗျ။ သူကစားတဲ့ပုံ၊ ဘောလုံးနောက်ကို ဖိအားပေးနိုင်တဲ့ပုံ၊ ဖျက်ထုတ်ပုံနဲ့ တဦးချင်းရင်ဆိုင်ပွဲတွေမှာ ပေါက်ကွဲအားနဲ့ တောက်လောင်ပြီး ကစားပြခဲ့ပါတယ်။ စောစောစီးစီး အဝါထိခဲ့တာတောင် တပွဲလုံးကို အတည်ငြိမ်ဆုံး ဦးဆောင်သွားခဲ့တယ်ဗျာ။ အာဆင်နယ် နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ခံစစ်မှူးနေရာကို သူကဖြေရှင်းလိုက်နိုင်ပါပြီ။ ”

ဒါ့အပြင် ဂယ်ရီ နဗီးလ်ကလည်း ဘရာဇီးလ်သားဟာ ညက ကွင်းထဲမှာ အာဆင်နယ်ရဲ့ အကောင်းဆုံး နဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး မီးမောင်းထိုးပြစရာ ကစားသမားဖြစ်ခဲ့တယ်လို့ ထပ်မံချီးကျူးခဲ့ကြောင်း သိရပါတယ်။

REF: FOOTBALLLONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက ပရီးမီးယားလိဂ္ရဲ႕အထူးပြဲ၊ စူပါဆန္းေဒး ပြဲႀကီးပြဲေကာင္းျဖစ္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ အာဆင္နယ္အသင္းတို႔ ထိပ္တိုက္ေတြ႕ခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္ရဲ႕နိုင္ပြဲကို အဓိကေခါင္းေဆာင္ေပးခဲ့တဲ့ ဗဟိုခံစစ္မႉး ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို နာမည္ေက်ာ္ ေဘာလုံးေဝဖန္သုံးသပ္သူေတြက ေ႐ြးခ်ယ္ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရပါတယ္။

partey gabriel

ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕မွာ လိုင္လီအသင္းက​ေန အာဆင္နယ္ထံ ေပါင္ ၂၇ သန္းနဲ႕ ေျပာင္းေ႐ႊ႕ၿပီး ပရီးမီးယားလိဂ္ကို ပူပူႏြေးႏြေး အေျခခ်ခဲ့တဲ့ ဂါဘရီယယ္လ္ဟာ ယူနိုက္တက္တိုက္စစ္ကို လႊမ္းမိုးနိုင္သူျဖစ္ခဲ့ၿပီး ေရာ့ဘ္ဟိုးလ္ဒင္း၊ တီယာေနးတို႔နဲ႕အ​တူ ထူးရွယ္ေျခစြမ္းျပသြားခဲ့တာျဖစ္ၿပီး နိုင္နင္းတဲ့ ခံစစ္ေၾကာင္း ဦးေဆာင္ထိန္းေက်ာင္းမႈေကာင္းေကာင္းနဲ႕ အားလုံးကို​ ဖမ္းစားသြားခဲ့တာပါ။

အူဘာမီယန္းက ဂိုးသြင္း သူရဲေကာင္းျဖစ္ခဲ့ေပမယ့္ ညကပြဲမွာ ဂါဘရီယယ္လ္ရဲ႕ အေရး​ပါမႈကို Sky Sports ေဘာလုံးသုံးသပ္သူ ေဂ်မီ ရက္နပ္က အထူးတလည္ အမႊမ္းတင္ေျပာယူခဲ့ရၿပီး အာဆင္နယ္အတြက္ အဖိုးတန္ကစားသမား ရရွိခဲ့ျခင္းျဖစ္​ေၾကာင္း သူက အခုလို ခ်ီးက်ဴးသုံးသပ္ျပခဲ့ပါတယ္။

” သူကေခါင္းေဆာင္တေယာက္ဗ်။ သူကစားတဲ့ပုံ၊ ေဘာလုံးေနာက္ကို ဖိအားေပးနိုင္တဲ့ပုံ၊ ဖ်က္ထုတ္ပုံနဲ႕ တဦးခ်င္းရင္ဆိုင္ပြဲေတြမွာ ေပါက္ကြဲအားနဲ႕ ေတာက္ေလာင္ၿပီး ကစားျပခဲ့ပါတယ္။ ေစာေစာစီးစီး အဝါထိခဲ့တာေတာင္ တပြဲလုံးကို အတည္ၿငိမ္ဆုံး ဦးေဆာင္သြားခဲ့တယ္ဗ်ာ။ အာဆင္နယ္ ႏွစ္ေပါင္းမ်ားစြာ ခံစားခဲ့ရတဲ့ ခံစစ္မႉးေနရာကို သူကေျဖရွင္းလိုက္နိုင္ပါၿပီ။ ”

ဒါ့အျပင္ ဂယ္ရီ နဗီးလ္ကလည္း ဘရာဇီးလ္သားဟာ ညက ကြင္းထဲမွာ အာဆင္နယ္ရဲ႕ အေကာင္းဆုံး နဲ႕ စြမ္းေဆာင္ရည္အျမင့္ဆုံး မီးေမာင္းထိုးျပစရာ ကစားသမားျဖစ္ခဲ့တယ္လို႔ ထပ္မံခ်ီးက်ဴးခဲ့ေၾကာင္း သိရပါတယ္။

REF: FOOTBALLLONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.