Premier League

၂.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


လီဗာပူးလ်အသင်းအတွက် နောက်ဆုံး ၂ ပွဲဆက် လူစားဝင်ကစားခဲ့ပြီး အသင်းကို အဓိက အကျိုးပြုခဲ့တဲ့ ကွင်းလယ်လူ ရှာကျီရီဟာ ပွဲကစားခွင့်တွေ ပြန်ရလာတာက အထူးပျော်ရွှင်ကျေနပ်စရာပါလို့ ဖွင့်ဟ။

ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မြေမှာ ယှဥ်ပြိုင်ကစားခဲ့သမျှ ပရီးမီးယားလိဂ် နောက်ဆုံး အိမ်ကွင်း ၆၃ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ အိမ်ကွင်း စံချိန်ရှင်အသင်းဖြစ်လာခဲ့။

လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကို အဓိကသွင်းယူနေတဲ့ မိုဆာလား နဲ့ မာနေးတို့နည်းတူ ဖာမီနိုဟာလည်း ထပ်တူထပ်မျှ အရေးပါနေတာဖြစ်သလို ခြေစွမ်းကျနေတယ်ဆိုပြီး အရန်ခုံမှာ ချန်လှပ်ထားခဲ့လို့ရတဲ့ ကစားမျိုးမဟုတ်ကြောင်း ကလော့ပြောကြား။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ပထမဦးဆုံး ပရီးမီးယားလိဂ် တာထွက်လာခဲ့တဲ့ လီဗာပူးလ်ရဲ့ လူငယ် ဗဟိုခံစစ်သမား နက်ဖီးလစ်ဟာ ပုံမှန်ကစားခွင့် တနေရာအတွက် ဆွမ်ဆီးအသင်းထံ ပြောင်းရွှေ့မလိုအထိ ဖြစ်ခဲဲ့ရဖူပြီး လက်ရှိမှာတော့ မိသားစုက သူ့အတွက် သိပ်ပျော်ရွှင်နေ။

Pay Per View အစီအစဥ်ကြောင့် ဘောလုံးပွဲတပွဲကို ၁၅ ပေါင်အထိပေးပြီး ကြည့်ရမယ့် အနေအထားမျိုးဖြစ်လာခဲ့တာကြောင့် ဒီငွေကြေးကို စုဆောင်းလိုက်ပြီး Foodbank တွေကို လှူဒါန်းမှုတွေ လုပ်ခဲ့ကြကာ PPV အစီအစဥ်ကို ဆန့်ကျင်ပြခဲ့ကြတဲ့ လီပူးလ်အသင်းပရိသတ်တွေအတွက် မြက်ခင်းစိမ်းပေါ်က ကြိုးစားမှုတိုင်းနဲ့ ပြန်လည်ပေးဆပ်မည်ဖြစ်ကြောင်း ဟန်ဒါဆန်ပြောကြား။

ပရိသတ်တွေက တီဗီက ဘောလုံးပွဲတွေကို တပွဲချင်း ပိုက်ဆံအများကြီးပေးပြီး မကြည့်ချင်ကြသလို PPV ပြဿနာကို အကောင်းမြင်စရာ ကူညီဖေးမမှု ပရဟိတနည်းလမ်း ဖြေရှင်းမှုနဲ့ ပရိသတ်တွေက ပြောင်းလဲခဲ့ကြပြီး ဒီလို ပရိသတ်တွေအတွက် ကစားပေးရတာဟာ ဘယ်လောက်တောင် ဂုဏ်ယူမိတယ်ဆိုတာ ပြောမပြနိုင်အောင် ဖြစ်ရကြောင်း ဟန်ဒါဆန်က ဝန်ခံပြောကြားသွား။

ပြီးခဲ့တဲ့ပွဲမှာ နက်ဖီးလစ်ဟာ လီဗာပူးလ်ရဲ့ ခံစစ်အတွက် ခေါင်းဆောင် ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းလို ရုပ်ပိုင်းကြံ့ခိုင်တဲ့အသင်းရဲ့ အမြင့်ဘောတွေကို ခေါင်းဦးနိုင်ခဲ့သလို နေရာယူမှန်မှန်နဲ့ ဘောလုံးလမ်းကြောင်းကို တွက်ဆပြီး ခေါင်းတိုက်ရှင်းထုတ်မှုတွေကို အကောင်းဆုံးပြုလုပ်နိုင်ခဲ့ကြောင်း ကာရေဂါချီးကျူးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


လီဗာပူးလ္အသင္းအတြက္ ေနာက္ဆုံး ၂ ပြဲဆက္ လူစားဝင္ကစားခဲ့ၿပီး အသင္းကို အဓိက အက်ိဳးျပဳခဲ့တဲ့ ကြင္းလယ္လူ ရွာက်ီရီဟာ ပြဲကစားခြင့္ေတြ ျပန္ရလာတာက အထူးေပ်ာ္႐ႊင္ေက်နပ္စရာပါလို႔ ဖြင့္ဟ။

ဝက္စ္ဟမ္းအသင္းကို အနိုင္ရခဲ့တဲ့ လီဗာပူးလ္အသင္းဟာ အန္ဖီးလ္ေျမမွာ ယွဥ္ၿပိဳင္ကစားခဲ့သမွ် ပရီးမီးယားလိဂ္ ေနာက္ဆုံး အိမ္ကြင္း ၆၃ ပြဲဆက္တိုက္ ရႈံးပြဲမရွိမွတ္တမ္းေရးထိုးနိုင္ခဲ့တဲ့ အိမ္ကြင္း စံခ်ိန္ရွင္အသင္းျဖစ္လာခဲ့။

လီဗာပူးအသင္းရဲ႕ သြင္းဂိုးေတြကို အဓိကသြင္းယူေနတဲ့ မိုဆာလား နဲ႕ မာေနးတို႔နည္းတူ ဖာမီနိုဟာလည္း ထပ္တူထပ္မွ် အေရးပါေနတာျဖစ္သလို ေျခစြမ္းက်ေနတယ္ဆိုၿပီး အရန္ခုံမွာ ခ်န္လွပ္ထားခဲ့လို႔ရတဲ့ ကစားမ်ိဳးမဟုတ္ေၾကာင္း ကေလာ့ေျပာၾကား။

ဝက္စ္ဟမ္းနဲ႕ပြဲမွာ ပထမဦးဆုံး ပရီးမီးယားလိဂ္ တာထြက္လာခဲ့တဲ့ လီဗာပူးလ္ရဲ႕ လူငယ္ ဗဟိုခံစစ္သမား နက္ဖီးလစ္ဟာ ပုံမွန္ကစားခြင့္ တေနရာအတြက္ ဆြမ္ဆီးအသင္းထံ ေျပာင္းေ႐ႊ႕မလိုအထိ ျဖစ္ခဲဲ့ရဖူၿပီး လက္ရွိမွာေတာ့ မိသားစုက သူ႕အတြက္ သိပ္ေပ်ာ္႐ႊင္ေန။

Pay Per View အစီအစဥ္ေၾကာင့္ ေဘာလုံးပြဲတပြဲကို ၁၅ ေပါင္အထိေပးၿပီး ၾကည့္ရမယ့္ အေနအထားမ်ိဳးျဖစ္လာခဲ့တာေၾကာင့္ ဒီေငြေၾကးကို စုေဆာင္းလိုက္ၿပီး Foodbank ေတြကို လႉဒါန္းမႈေတြ လုပ္ခဲ့ၾကကာ PPV အစီအစဥ္ကို ဆန့္က်င္ျပခဲ့ၾကတဲ့ လီပူးလ္အသင္းပရိသတ္ေတြအတြက္ ျမက္ခင္းစိမ္းေပၚက ႀကိဳးစားမႈတိုင္းနဲ႕ ျပန္လည္ေပးဆပ္မည္ျဖစ္ေၾကာင္း ဟန္ဒါဆန္ေျပာၾကား။

ပရိသတ္ေတြက တီဗီက ေဘာလုံးပြဲေတြကို တပြဲခ်င္း ပိုက္ဆံအမ်ားႀကီးေပးၿပီး မၾကည့္ခ်င္ၾကသလို PPV ျပႆနာကို အေကာင္းျမင္စရာ ကူညီေဖးမမႈ ပရဟိတနည္းလမ္း ေျဖရွင္းမႈနဲ႕ ပရိသတ္ေတြက ေျပာင္းလဲခဲ့ၾကၿပီး ဒီလို ပရိသတ္ေတြအတြက္ ကစားေပးရတာဟာ ဘယ္ေလာက္ေတာင္ ဂုဏ္ယူမိတယ္ဆိုတာ ေျပာမျပနိုင္ေအာင္ ျဖစ္ရေၾကာင္း ဟန္ဒါဆန္က ဝန္ခံေျပာၾကားသြား။

ၿပီးခဲ့တဲ့ပြဲမွာ နက္ဖီးလစ္ဟာ လီဗာပူးလ္ရဲ႕ ခံစစ္အတြက္ ေခါင္းေဆာင္ ျဖစ္ခဲ့ၿပီး ဝက္စ္ဟမ္းလို ႐ုပ္ပိုင္းႀကံ့ခိုင္တဲ့အသင္းရဲ႕ အျမင့္ေဘာေတြကို ေခါင္းဦးနိုင္ခဲ့သလို ေနရာယူမွန္မွန္နဲ႕ ေဘာလုံးလမ္းေၾကာင္းကို တြက္ဆၿပီး ေခါင္းတိုက္ရွင္းထုတ္မႈေတြကို အေကာင္းဆုံးျပဳလုပ္နိုင္ခဲ့ေၾကာင္း ကာေရဂါခ်ီးက်ဴးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.