Premier League

၂.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

လက်ရှိမှာ ချယ်လ်ဆီးအသင်းရဲ့ သူရဲကောင်းဖြစ်နေတဲ့ ဂိုးသမား မန်ဒီဟာ အသင်းအတွက် ပထမဆုံး ၆ ပွဲကစား၊ ၁ ဂိုးသာ ပေးထားရတဲ့ ထူးခြားမှုဟာ လိုအပ်နေခဲ့တဲ့ လုံခြုံစိတ်ချမှု နဲ့ ယုံကြည်ရမှုမျိုး ပေးနိုင်တယ်ဆိုတာ သက်သေပြခဲ့တာ ဖြစ်ကြောင်း လမ်းပတ်က ချီးကျူးခဲ့။

ချယ်ဆီးအသင်းဟာ နော်တင်ဟမ် ဖောရက််စ်ကစားသမားဟောင်း မယ်လ်မို နောက်ခံလူ အာနဲလ် အာမက်ဟော့ဂျစ်ကို ပေါင် ၆.၉ သန်းနဲ့ ကမ်းလှမ်း ခေါ်ယူဖို့ စီစဥ်နေပြီး စာချုပ်သက်တမ်း ၃နှစ် ကျန်ရှိနေတာကြောင့် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းရဖွယ်ရှိ။

ဟာကင်းမ် ဇီးယက်ရှ်ဆီကို ဘောလုံးရောက်သွားရင် ဘာတွေ သူလုပ်ပေးနိင်တယ်ဆိုတာ မိမိတို့ ကောင်းကောင်းသိထားပြီး သူ့ရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းကို တဖြည်းဖြည်းနဲ့ ပြန်လည်ရရှိသွားဖို့ ကူညီသွားမှာဖြစ်ကြောင်း မေဆန်မောင့်က မှတ်ချက်ပေးသွားခဲ့။

ကြံ့ခိုင်မှုပိုင်းအရ အသင့်ဖြစ်မနေခဲ့ရင် အိမ်ရှင် ဘန်​လေအသင်းက ခန္ဓာကိုယ် ကြံ့ခိုင်မှုအားကိုးပြီး အနိုင်ယူသွားဖို့ ပြင်ဆင်ခဲ့လို့ ခက်ခဲခဲ့ပေမယ့် မိမိတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းအရရော၊ ကြိုးစားအားထုတ်မှု အပိုင်းမှာပါ ကျေနပ်ဖို့ကောင်းတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ခဲ့ကြောင်း ဘန်ချေးလ်ဝဲလ်ပြောကြား။

ကွင်းလယ်ဟန်ချက်ကို အထူးတည်ဆောက်နေပြီး ဘန်လေနဲ့ပွဲမှာ မေဆန် မောင့် နဲ့ ခိုင်ဟာဗတ်ဇ်တို့နောက်မှာ ကွန်တေရဲ့ ဟန်ချက်ညီမျှတဲ့ အထောက်အကူပြု ကစားပုံကို သဘောကျခဲ့ပြီး ကစားကွက်ညက်ညောမှုရှိခဲ့လို့ ချယ်ဆီးနည်းပြ လမ်းပတ် ကျေနပ်အားရနေ။

ပရိသတ်မြင်ချင်တဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ ဝေဖန်မှုတွေခံနေရတဲ့ မေဆန် ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခံယူချက်အပိုင်းကို ဘယ်တုန်းကမှ သံသယမရှိခဲ့သလို ကြိုးစားမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ ပထမတန်းစားဖြစ်တယ်လို့ နည်းပြလမ်းပတ် ကာကွယ်သွားခဲ့။

အသင်းမှာ အလွယ်တကူ အသားကျခဲ့ပြီး အစွမ်းကုန် ကြိုးစားလေ့ကျင့်နေသလို ခံစစ်ကြောင်းနဲ့ ကောင်းမွန်တဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေပြုလုပ်ပြီး အသင်းဂိုး​ပေါက်ကို ကာကွယ်နေတဲ့ မန်ဒီကို အသင်းလူစာရင်းအရ ပြိုင်ဆိုင်မှုပြင်းထန်အောင် ခေါ်ယူခြင်းဖြစ်ခဲ့ပြီး သူဟာ လာခြင်းကောင်းခဲ့ပြီလို့ နည်းလမ်းပတ် ကြွေးကြော်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ သူရဲေကာင္းျဖစ္ေနတဲ့ ဂိုးသမား မန္ဒီဟာ အသင္းအတြက္ ပထမဆုံး ၆ ပြဲကစား၊ ၁ ဂိုးသာ ေပးထားရတဲ့ ထူးျခားမႈဟာ လိုအပ္ေနခဲ့တဲ့ လုံၿခဳံစိတ္ခ်မႈ နဲ႕ ယုံၾကည္ရမႈမ်ိဳး ေပးနိုင္တယ္ဆိုတာ သက္ေသျပခဲ့တာ ျဖစ္ေၾကာင္း လမ္းပတ္က ခ်ီးက်ဴးခဲ့။

ခ်ယ္ဆီးအသင္းဟာ ေနာ္တင္ဟမ္ ေဖာရက္္စ္ကစားသမားေဟာင္း မယ္လ္မို ေနာက္ခံလူ အာနဲလ္ အာမက္ေဟာ့ဂ်စ္ကို ေပါင္ ၆.၉ သန္းနဲ႕ ကမ္းလွမ္း ေခၚယူဖို႔ စီစဥ္ေနၿပီး စာခ်ဳပ္သက္တမ္း ၃ႏွစ္ က်န္ရွိေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး တိုးျမႇင့္ကမ္းလွမ္းရဖြယ္ရွိ။

ဟာကင္းမ္ ဇီးယက္ရွ္ဆီကို ေဘာလုံးေရာက္သြားရင္ ဘာေတြ သူလုပ္ေပးနိင္တယ္ဆိုတာ မိမိတို႔ ေကာင္းေကာင္းသိထားၿပီး သူ႕ရဲ႕ ကမၻာ့အဆင့္ေျခစြမ္းကို တျဖည္းျဖည္းနဲ႕ ျပန္လည္ရရွိသြားဖို႔ ကူညီသြားမွာျဖစ္ေၾကာင္း ေမဆန္ေမာင့္က မွတ္ခ်က္ေပးသြားခဲ့။

ႀကံ့ခိုင္မႈပိုင္းအရ အသင့္ျဖစ္မေနခဲ့ရင္ အိမ္ရွင္ ဘန္​ေလအသင္းက ခႏၶာကိုယ္ ႀကံ့ခိုင္မႈအားကိုးၿပီး အနိုင္ယူသြားဖို႔ ျပင္ဆင္ခဲ့လို႔ ခက္ခဲခဲ့ေပမယ့္ မိမိတို႔ရဲ႕ စြမ္းေဆာင္ရည္ပိုင္းအရေရာ၊ ႀကိဳးစားအားထုတ္မႈ အပိုင္းမွာပါ ေက်နပ္ဖို႔ေကာင္းတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ့ေၾကာင္း ဘန္ေခ်းလ္ဝဲလ္ေျပာၾကား။

ကြင္းလယ္ဟန္ခ်က္ကို အထူးတည္ေဆာက္ေနၿပီး ဘန္ေလနဲ႕ပြဲမွာ ေမဆန္ ေမာင့္ နဲ႕ ခိုင္ဟာဗတ္ဇ္တို႔ေနာက္မွာ ကြန္ေတရဲ႕ ဟန္ခ်က္ညီမွ်တဲ့ အေထာက္အကူျပဳ ကစားပုံကို သေဘာက်ခဲ့ၿပီး ကစားကြက္ညက္ေညာမႈရွိခဲ့လို႔ ခ်ယ္ဆီးနည္းျပ လမ္းပတ္ ေက်နပ္အားရေန။

ပရိသတ္ျမင္ခ်င္တဲ့ ကစားသမားမ်ိဳး မဟုတ္ဘူးလို႔ ေဝဖန္မႈေတြခံေနရတဲ့ ေမဆန္ ရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႕ ခံယူခ်က္အပိုင္းကို ဘယ္တုန္းကမွ သံသယမရွိခဲ့သလို ႀကိဳးစားမႈနဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာဟာ ပထမတန္းစားျဖစ္တယ္လို႔ နည္းျပလမ္းပတ္ ကာကြယ္သြားခဲ့။

အသင္းမွာ အလြယ္တကူ အသားက်ခဲ့ၿပီး အစြမ္းကုန္ ႀကိဳးစားေလ့က်င့္ေနသလို ခံစစ္ေၾကာင္းနဲ႕ ေကာင္းမြန္တဲ့ ဆက္သြယ္ခ်ိတ္ဆက္မႈေတြျပဳလုပ္ၿပီး အသင္းဂိုး​ေပါက္ကို ကာကြယ္ေနတဲ့ မန္ဒီကို အသင္းလူစာရင္းအရ ၿပိဳင္ဆိုင္မႈျပင္းထန္ေအာင္ ေခၚယူျခင္းျဖစ္ခဲ့ၿပီး သူဟာ လာျခင္းေကာင္းခဲ့ၿပီလို႔ နည္းလမ္းပတ္ ေႂကြးေၾကာ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.