Premier League

၂.၁၁.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ရမွတ္စုေဆာင္းႏုိင္မွဳကေတာ့ ေတာ္ေတာ္ေလး ဆုိးရြားေနၿပီး ေနာက္ဆုံး ၇ ပြဲမွာ ၇ မွတ္သာ ရရွိခဲ့သလို ၂၀၁၃-၁၄ ရာသီက ေဒးဗစ္ မြဳိက္စ္ရဲ႕ မွတ္တမ္းဆုိးကို ဆုိးလ္ရွားလုိက္မီသြားခဲ့။

– ေနာက္ဆုံး ၇ ပြဲမွာ ပင္နယ္တီ ၅ လုံးအထိ ေပးခဲ့ရတဲ့ ယူႏုိက္တက္အတြက္ ေပါလ္ ေပါ့ဘာကေတာ့ ဒီရာသီမွာ သူ႕ရဲ႕အမွားကေန ပင္နယ္တီႏွစ္ႀကိမ္ ခြင့္ျပဳထားခဲ့ရၿပီး ဆိုးလ္ရွားလက္ထက္မွာ အမ်ားဆုံးျဖစ္ေနခဲ့။

– အသင္းဂႏၴဝင္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ေပါလ္ စခိုးလ္က အာဆင္နယ္နဲ႔ပြဲမွာ တုိက္ရည္ခိုက္ရည္ ေပ်ာက္ဆုံးေနတဲ့ မန္ခ်က္စတာ ယူႏုိက္တက္ကစားသမားႏွစ္ဦးကို ထုတ္ေဖာ္ေျပာဆုိလုိက္ၿပီး ၿပီးခဲ့တဲ့ ပြဲေတြရဲ႕ ကြင္းလယ္အင္ဂ်င္ျဖစ္ခဲ့တဲ့ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတုိ႔ ႏွစ္ဦးကို ရွဳတ္ခ်သြားခဲ့။

– ကြင္းလယ္လူ ေပါ့ဘာက သူ႕အေနနဲ႔ အဖ်က္ေကာင္းေကာင္း မကစားတတ္ဘဲ အထူးသျဖင့္ ပင္နယ္တီဧရိယာထဲမွာ ဆုိးရြားခဲ့ေၾကာင္းနဲ႔ ရွဳံးပြဲအတြက္ အသင္းကို ေတာင္းပန္သြားခဲ့သလို တုိးတက္ဖို႔ ႀကဳိးစားရဦးမယ္လို႔ ဝန္ခံသြား။

– အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ေခၚယူႏုိင္ခဲ့ၿပီး မိမိတုိ႔အေနနဲ႔ လိုအပ္ေနခဲ့တဲ့ ကစားသမားျဖစ္တယ္လို႔ Class of 92 ရဲ႕ ကြင္းလယ္လူႏွစ္ဦးျဖစ္ၾကတဲ့ ရြဳိင္းကီးန္နဲ႔ ေပါလ္ စခိုးလ္တုိ႔ တစ္ညီတစ္ညြတ္တည္းခ်ီးက်ဴး။

– ခ်ီးက်ဴးမွဳေတြ ရရွိေနေပမယ့္လည္း တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ လက္ေမာင္းကို ပင့္ၿပီး အသင္းအတြက္ တုိက္ပြဲဝင္မယ့္ ပုံစံမ်ဳိး မရွိေသးသလို စိတ္မပါတဲ့ ကစားပုံကလည္း ေခါင္းေဆာင္ကစားေနရတဲ့သူေတြကို မေလးစားသလိုျဖစ္ေနတယ္လို႔ ရြဳိင္းကီးန္ ေဝဖန္သြား။

– အိမ္ကြင္းမွာ ရွဳံးနိမ့္ခဲ့ရမွဳအတြက္ ကစားသမားေတြနဲ႔ တျခားအခ်က္ေတြကို ျပစ္တင္မွဳ ျပဳလုပ္ရမယ့္အစား ကြင္းထဲမွာ ပရိသတ္ မပါဝင္မွဳကိုပဲ ျပစ္တင္ေျပာၾကားသြားခဲ့ၿပီး အာဆင္နယ္က မိမိတုိ႔အသင္းထက္ ပုိေကာင္းခဲ့ေၾကာင္းလည္း ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရမှတ်စုဆောင်းနိုင်မှုကတော့ တော်တော်လေး ဆိုးရွားနေပြီး နောက်ဆုံး ၇ ပွဲမှာ ၇ မှတ်သာ ရရှိခဲ့သလို ၂၀၁၃-၁၄ ရာသီက ဒေးဗစ် မွိုက်စ်ရဲ့ မှတ်တမ်းဆိုးကို ဆိုးလ်ရှားလိုက်မီသွားခဲ့။

– နောက်ဆုံး ၇ ပွဲမှာ ပင်နယ်တီ ၅ လုံးအထိ ပေးခဲ့ရတဲ့ ယူနိုက်တက်အတွက် ပေါလ် ပေါ့ဘာကတော့ ဒီရာသီမှာ သူ့ရဲ့အမှားကနေ ပင်နယ်တီနှစ်ကြိမ် ခွင့်ပြုထားခဲ့ရပြီး ဆိုးလ်ရှားလက်ထက်မှာ အများဆုံးဖြစ်နေခဲ့။

– အသင်းဂန္ထဝင်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ် စခိုးလ်က အာဆင်နယ်နဲ့ပွဲမှာ တိုက်ရည်ခိုက်ရည် ပျောက်ဆုံးနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကစားသမားနှစ်ဦးကို ထုတ်ဖော်ပြောဆိုလိုက်ပြီး ပြီးခဲ့တဲ့ ပွဲတွေရဲ့ ကွင်းလယ်အင်ဂျင်ဖြစ်ခဲ့တဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ နှစ်ဦးကို ရှုတ်ချသွားခဲ့။

– ကွင်းလယ်လူ ပေါ့ဘာက သူ့အနေနဲ့ အဖျက်ကောင်းကောင်း မကစားတတ်ဘဲ အထူးသဖြင့် ပင်နယ်တီဧရိယာထဲမှာ ဆိုးရွားခဲ့ကြောင်းနဲ့ ရှုံးပွဲအတွက် အသင်းကို တောင်းပန်သွားခဲ့သလို တိုးတက်ဖို့ ကြိုးစားရဦးမယ်လို့ ဝန်ခံသွား။

– အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေးကို ခေါ်ယူနိုင်ခဲ့ပြီး မိမိတို့အနေနဲ့ လိုအပ်နေခဲ့တဲ့ ကစားသမားဖြစ်တယ်လို့ Class of 92 ရဲ့ ကွင်းလယ်လူနှစ်ဦးဖြစ်ကြတဲ့ ရွိုင်းကီးန်နဲ့ ပေါလ် စခိုးလ်တို့ တစ်ညီတစ်ညွတ်တည်းချီးကျူး။

– ချီးကျူးမှုတွေ ရရှိနေပေမယ့်လည်း တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ လက်မောင်းကို ပင့်ပြီး အသင်းအတွက် တိုက်ပွဲဝင်မယ့် ပုံစံမျိုး မရှိသေးသလို စိတ်မပါတဲ့ ကစားပုံကလည်း ခေါင်းဆောင်ကစားနေရတဲ့သူတွေကို မလေးစားသလိုဖြစ်နေတယ်လို့ ရွိုင်းကီးန် ဝေဖန်သွား။

– အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရမှုအတွက် ကစားသမားတွေနဲ့ တခြားအချက်တွေကို ပြစ်တင်မှု ပြုလုပ်ရမယ့်အစား ကွင်းထဲမှာ ပရိသတ် မပါဝင်မှုကိုပဲ ပြစ်တင်ပြောကြားသွားခဲ့ပြီး အာဆင်နယ်က မိမိတို့အသင်းထက် ပိုကောင်းခဲ့ကြောင်းလည်း ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.