Premier League

၂.၁၁.၂၀၂၀ – ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ားစုစည္းမွဳ

– အိုးလ္ထရက္ဖို႔ဒ္မွာ ၁၃ ပြဲ ဆက္တုိက္ အႏုိင္မရမွဳ စံခ်ိန္နဲ႔ အသင္းႀကီး ၆ သင္းဝင္ အသင္းေတြကို အေဝးကြင္းမွာ ၂၉ ပြဲဆက္တုိက္ အႏုိင္မရတဲ့ စံခ်ိန္ေတြကို အာဆင္နယ္အသင္းက မန္ခ်က္စတာယူႏုိက္တက္ကို အႏိုင္ယူၿပီး ခ်ဳိးဖ်က္ႏုိင္ခဲ့။

– မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ရတဲ့ ပြဲစဥ္မွာ ေသာမတ္စ္ ပါေတးနဲ႔ မိုဟာမက္ အယ္လ္နန္နီတုိ႔ရဲ႕ အတြဲအဖက္ကို ပရိသတ္ေတြ ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကၿပီး ကိုင္းကၽြန္းမွီ ကၽြန္းကိုင္းမွီ၊ တစ္ေယာက္ေကာင္းလုိ႔ တစ္ေယာက္က ပုိေကာင္းေနတာလို႔ သုံးသပ္ေနၾက။

– အာဆင္နယ္အသင္းက ေခၚယူခဲ့တဲ့ ကြင္းလယ္လူေသာမတ္စ္ ပါေတးကို မိမိတုိ႔အေနနဲ႔ လက္ဦးမွဳရယူၿပီး ေခၚယူခဲ့သင့္တယ္လို႔ ယူႏုိက္တက္ ဂႏၴဝင္ႏွစ္ဦးျဖစ္တဲ့ ေပါလ္စခိုးလ္နဲ႔ ရြဳိင္းကီးန္တုိ႔ ညည္းတြားသြားခဲ့ၾက။

– ပင္နယ္တီတစ္ဂိုးတည္းနဲ႔ အႏုိင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းအေပၚ ေအာင္ပြဲဟာ တကယ္တမ္းေတာ့ ဒီထက္ပိုမုိၿပီး ဂိုးေတြ သြင္းယူႏုိင္သင့္ေၾကာင္းနဲ႔ တုိက္စစ္ကသာ အဆုံးသတ္ေကာင္းမြန္ရင္ သုံးေလးဂိုး ရမယ္လို႔ ေနာက္ခံလူ ဟိုးလ္ဒင္းဆုိ။

– အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးဟာ ပက္ထရစ္ ဗီယာရာနဲ႔ ႏွဳိင္းယွဥ္ခံႏုိင္ၿပီလုိ႔ အုိးလ္ထရက္ဖို႔ဒ္က အဖ်က္အပို႔နဲ႔ ေဘာလုံးျဖန္႔ေဝမွဳေတြကို ျပဳလုပ္ႏုိင္ခဲ့တဲ့ အင္ျပည့္အားျပည့္ပုံစံကို ၾကည့္ၿပီး စကိုင္းစပို႔စ္တင္ဆက္သူေတြ သုံးသပ္။

– ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလုိင္စ္ဟာ မိမိအတြက္ေတာ့ ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခ်င္မိတယ္လို႔ ဂယ္ရီ နဗီးလ္က ေျပာၾကားသြားခဲ့ၿပီး ကာကြယ္မွဳေကာင္းေတြ ျပဳလုပ္ႏုိင္ခဲ့တဲ့ တြဲဖက္ေနာက္ခံလူ ဟိုးလ္ဒင္းကိုလည္း ခ်ီးက်ဴးသြား။

– ရလဒ္ေတြ ဆုိးရြားေနရာကေန အေရးပါတဲ့ႏုိင္ပြဲကို အေဝးကြင္းမွာ စံခ်ိန္ဆုိးကို ခ်ဳိးဖ်က္ခဲ့မွဳနဲ႔အတူ အႏုိင္ရႏုိင္ခဲ့တာ ဝမ္းသာေၾကာင္းနဲ႔ ဒီႏုိင္ပြဲဟာ အာဆင္နယ္အသင္းအတြက္ အလြန္ပဲအေရးပါေၾကာင္း Clean Sheet ရ ဂိုးသမား လီႏို ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အိုးလ်ထရက်ဖို့ဒ်မှာ ၁၃ ပွဲ ဆက်တိုက် အနိုင်မရမှု စံချိန်နဲ့ အသင်းကြီး ၆ သင်းဝင် အသင်းတွေကို အဝေးကွင်းမှာ ၂၉ ပွဲဆက်တိုက် အနိုင်မရတဲ့ စံချိန်တွေကို အာဆင်နယ်အသင်းက မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး ချိုးဖျက်နိုင်ခဲ့။

– မန်ချက်စတာယူနိုက်တက်ကို အနိုင်ရတဲ့ ပွဲစဉ်မှာ သောမတ်စ် ပါတေးနဲ့ မိုဟာမက် အယ်လ်နန်နီတို့ရဲ့ အတွဲအဖက်ကို ပရိသတ်တွေ ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ တစ်ယောက်ကောင်းလို့ တစ်ယောက်က ပိုကောင်းနေတာလို့ သုံးသပ်နေကြ။

– အာဆင်နယ်အသင်းက ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူသောမတ်စ် ပါတေးကို မိမိတို့အနေနဲ့ လက်ဦးမှုရယူပြီး ခေါ်ယူခဲ့သင့်တယ်လို့ ယူနိုက်တက် ဂန္ထဝင်နှစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်နဲ့ ရွိုင်းကီးန်တို့ ညည်းတွားသွားခဲ့ကြ။

– ပင်နယ်တီတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအပေါ် အောင်ပွဲဟာ တကယ်တမ်းတော့ ဒီထက်ပိုမိုပြီး ဂိုးတွေ သွင်းယူနိုင်သင့်ကြောင်းနဲ့ တိုက်စစ်ကသာ အဆုံးသတ်ကောင်းမွန်ရင် သုံးလေးဂိုး ရမယ်လို့ နောက်ခံလူ ဟိုးလ်ဒင်းဆို။

– အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ ပက်ထရစ် ဗီယာရာနဲ့ နှိုင်းယှဉ်ခံနိုင်ပြီလို့ အိုးလ်ထရက်ဖို့ဒ်က အဖျက်အပို့နဲ့ ဘောလုံးဖြန့်ဝေမှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့ အင်ပြည့်အားပြည့်ပုံစံကို ကြည့်ပြီး စကိုင်းစပို့စ်တင်ဆက်သူတွေ သုံးသပ်။

– နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ဟာ မိမိအတွက်တော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ချင်မိတယ်လို့ ဂယ်ရီ နဗီးလ်က ပြောကြားသွားခဲ့ပြီး ကာကွယ်မှုကောင်းတွေ ပြုလုပ်နိုင်ခဲ့တဲ့ တွဲဖက်နောက်ခံလူ ဟိုးလ်ဒင်းကိုလည်း ချီးကျူးသွား။

– ရလဒ်တွေ ဆိုးရွားနေရာကနေ အရေးပါတဲ့နိုင်ပွဲကို အဝေးကွင်းမှာ စံချိန်ဆိုးကို ချိုးဖျက်ခဲ့မှုနဲ့အတူ အနိုင်ရနိုင်ခဲ့တာ ဝမ်းသာကြောင်းနဲ့ ဒီနိုင်ပွဲဟာ အာဆင်နယ်အသင်းအတွက် အလွန်ပဲအရေးပါကြောင်း Clean Sheet ရ ဂိုးသမား လီနို ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.