Match Report Premier League

မန်ချက်စတာယူနိုက်တက် ဝ-၁ အာဆင်နယ်ပွဲစဉ်က ပြောစမှတ်ဖြစ်ခဲ့တဲ့ အချက် ၆ ချက်

အုိးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္အသင္းနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတုိ႔ ခြင္မတည့္ခဲ့သေလာက္ ဧည့္သည္ေတြနဲ႔ နည္းျပ မီခယ္လ္ အာတီတာတုိ႔ကေတာ့ ထိေရာက္တဲ့ ကစားပုံနဲ႔ လိုခ်င္တဲ့ ရလဒ္ကို ရယူႏုိင္ခဲ့ၿပီး ဒီထဲက ေျပာစမွတ္ျဖစ္ခဲ့တဲ့ အခ်က္အလက္ေတြကို ေရြးထုတ္တင္ဆက္ေပးလုိက္ပါတယ္။

– အိုလီရဲ႕ ဒိုင္းမြန္းက အျမဲအဆင္မေျပပါ။
– ဆိုးလ္ရွားရဲ႕ ခ်ဲလ္ဆီးနဲ႔ RB လိုက္ပ္ဇစ္ပြဲစဥ္ေတြမွာ အဆင္ေျပခဲ့တဲ့ မက္ေတာ္မီေနးေရွ႕က ဖရက္ဒ္နဲ႔ ေပါ့ဘာ၊ ထိပ္ဆုံးက ဖာနန္ဒက္စ္ကို ကစားေစတဲ့ ေတာင္ပံကစားသမား မပါတဲ့ ကစားကြက္ဟာ တာဝန္ယူမွဳနဲ႔ နားလည္မွဳေတြေတာ့ လိုအပ္ေနပါေသးတယ္။ ခံစစ္ေတာင္ပံ ကစားသမားႏွစ္ေယာက္နဲ႔ တစ္လွည့္စီ ခ်ိတ္ဆက္ကစားႏုိင္ရမယ့္ ပုံစံကို မေဖာ္ႏုိင္ခဲ့တဲ့ ယူႏုိက္တက္ရဲ႕ ကြင္းလယ္က ထိုးေဖာက္မွဳေတြက သဲအိတ္ကို ထုိးတဲ့ လက္သီးခ်က္ေတြလိုပဲ အာဆင္နယ္ကြင္းလယ္နဲ႔ ခံစစ္ေရွ႕မွာ ေပ်ာက္ဆုံးသြားခဲ့တာပါ။

– အူဘာမီယန္းအတြက္ ဘာမွ စီစဥ္မေပးႏုိင္ေသးတဲ့ အာတီတာ
– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအတြက္ အူဘာမီယန္းကို ဂိုးသြင္းခြင့္ေတြရေအာင္ ဖန္တီးေထာက္ပံ့ေပးဖို႔ေတာ့ အခက္အခဲ အနည္းနဲ႔ အမ်ား ရွိေနတုန္းပါပဲ။ ဖူလ္ဟမ္နဲ႔ပြဲက ေနာက္ဆုံးဂိုးကို သြင္းခဲ့တဲ့ အူဘာမီယန္းကို ဖန္တီးေပးဖို႔ထက္ သူကပဲ သူမ်ားေတြကို ျပန္ခင္းေပးေနရၿပီး ပင္နယ္တီေၾကာင့္သာ ဂိုးမုိးေခါင္ေနတဲ့ မွတ္တမ္းကို ရပ္တန္႔ႏုိင္ခဲ့တာျဖစ္သလို အခြင့္အေရးေတြလည္း ေတာ္ေတာ္ေလး နည္းပါးခဲ့ပါတယ္။

– မာတစ္ခ်္ပါတာနဲ႔ မပါတာ ကြဲျပားခဲ့တဲ့ အပုိင္းႏွစ္ပုိင္း
– ပထမပိုင္းမွာ မာတစ္ခ်္ ပါမလာခဲ့ခ်ိန္မွာ ယူႏုိက္တက္ရဲ႕ ကြင္းလယ္က အေတြ႕အႀကဳံနဲ႔ ေဘာလုံးျဖန္႔ေဝမွဳေတြမွာ ခ်ဳိ႕တဲ့ေနခဲ့လို႔ အာဆင္နယ္တုိ႔ရဲ႕ ဖိစီးကစားတာကို ခံခဲ့ရၿပီး ဒုတိယပုိင္း မာတစ္ခ်္ဝင္လာခ်ိန္မွာေတာ့ ေရွ႕ကို ပိုမိုေပးစြမ္းႏုိင္ခဲ့တဲ့ ေဘာလုံးေတြနဲ႔ တုိက္စစ္က ပိုမိုသိသာလာခဲ့ၿပီး တစ္ဖက္ခံစစ္စုဖြဲ႕မွဳကို ထိုးေဖာက္သူေတြဘက္က မလုံေလာက္ခဲ့လို႔သာ ရလဒ္မေကာင္းခဲ့တာပါ။

– ပါတီ(Partey)ပြဲကို ဖိတ္ေခၚျခင္း
– ဒီေန႔ပြဲမွာ အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတး(ပါတီ)ကေတာ့ အဖ်က္အပို႔ စြယ္စုံအသုံးေတာ္ခံသြားခဲ့ၿပီး ေဘာလုံးျဖန္႔ေဝမွဳေတြ ျပဳလုပ္ႏုိင္သလို အနီးအေဝး ေပးပုိ႔မွဳေတြနဲ႔အတူ ဂိုးေပါက္ကိုေတာင္ တစ္ႀကိမ္ၿခိမ္းေျခာက္ႏုိင္ခဲ့တာပါ။ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တုိ႔ အလုပ္မျဖစ္ႏိုင္ခဲ့တာဟာ သူနဲ႔ အယ္လ္နန္နီတုိ႔ရဲ႕ လုပ္အားႏွဳန္း ေကာင္းလြန္းတာေၾကာင့္လို႔လည္း သုံးသပ္ရမွာပဲ ျဖစ္ပါတယ္။

– ပရမ္းပတာ ေပါ့ဘာေပးတဲ့ ပင္နယ္တီ
– ပရီးမီးယားလိဂ္အိမ္ကြင္းေလးပြဲကစားထားတဲ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေလးပြဲမွာ ပင္နယ္တီ သုံးလုံးနဲ႔ ဒီသုံးလုံးရဲ႕ လက္သယ္ တရားခံအျဖစ္ ႏွစ္ႀကိမ္ အမွဳျဖစ္ခဲ့သူက ေပါ့ဘာပါ။ စပါးစ္နဲ႔ပြဲမွာလည္း ဒီလိုမ်ဳိး မဆင္မျခင္ ဖ်က္ထုတ္မွဳကေန ပင္နယ္တီေပးခဲ့အၿပီး တစ္ပြဲသာ ျခားခဲ့တဲ့ ေနာက္ထပ္အိမ္ကြင္းပြဲမွာ ပင္နယ္တီ ထပ္ေပးခဲ့ျပန္ပါတယ္။ ဒီတစ္ခါ ပင္နယ္တီကေတာ့ ပြဲရလဒ္အလွည့္အေျပာင္း အတြက္ ၁၀၀ ရာခိုင္ႏွဳန္း သက္ေရာက္ေစခဲ့တာပါ။

– အာတီတာရဲ႕ ပြဲႀကီးေတြမွာ ဟုတ္လုိက္ျပန္တဲ့ အခ်က္
– အာတီတာဟာ ဘာပဲေျပာေျပာ ပြဲႀကီးေတြမွာ နည္းဗ်ဴဟာက်က် တုံ႔ျပန္ႏုိင္တာကိုေတာ့ အသိအမွတ္ျပဳဖို႔ ေတာင္းဆုိလုိက္တဲ့ ပြဲတစ္ပြဲ ျဖစ္လာခဲ့ျပန္ပါၿပီ။ ေဘာလုံးကိုင္ကစားတယ္၊ ပ်က္တာနဲ႔ အျမန္ဆုံးျပန္ရေအာင္ယူတယ္။ တစ္ဖက္ကြင္းျခမ္းမွာပါ လုိက္ၿပီး လူယူႏုိင္တယ္။ ဂိုးမရခင္အခ်ိန္အထိ ေဘာလုံးပုိင္ဆုိင္မွဳ ပုိရေအာင္လုပ္ႏုိင္ခဲ့ၿပီး အႏိုင္ရလဒ္နဲ႔လည္း ထိုက္တန္ခဲ့တာျဖစ္ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်အသင်းနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့ ခွင်မတည့်ခဲ့သလောက် ဧည့်သည်တွေနဲ့ နည်းပြ မီခယ်လ် အာတီတာတို့ကတော့ ထိရောက်တဲ့ ကစားပုံနဲ့ လိုချင်တဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပြီး ဒီထဲက ပြောစမှတ်ဖြစ်ခဲ့တဲ့ အချက်အလက်တွေကို ရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။

– အိုလီရဲ့ ဒိုင်းမွန်းက အမြဲအဆင်မပြေပါ။
– ဆိုးလ်ရှားရဲ့ ချဲလ်ဆီးနဲ့ RB လိုက်ပ်ဇစ်ပွဲစဉ်တွေမှာ အဆင်ပြေခဲ့တဲ့ မက်တော်မီနေးရှေ့က ဖရက်ဒ်နဲ့ ပေါ့ဘာ၊ ထိပ်ဆုံးက ဖာနန်ဒက်စ်ကို ကစားစေတဲ့ တောင်ပံကစားသမား မပါတဲ့ ကစားကွက်ဟာ တာဝန်ယူမှုနဲ့ နားလည်မှုတွေတော့ လိုအပ်နေပါသေးတယ်။ ခံစစ်တောင်ပံ ကစားသမားနှစ်ယောက်နဲ့ တစ်လှည့်စီ ချိတ်ဆက်ကစားနိုင်ရမယ့် ပုံစံကို မဖော်နိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ကွင်းလယ်က ထိုးဖောက်မှုတွေက သဲအိတ်ကို ထိုးတဲ့ လက်သီးချက်တွေလိုပဲ အာဆင်နယ်ကွင်းလယ်နဲ့ ခံစစ်ရှေ့မှာ ပျောက်ဆုံးသွားခဲ့တာပါ။

– အူဘာမီယန်းအတွက် ဘာမှစီစဉ်မပေးနိုင်သေးတဲ့ အာတီတာ
– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအတွက် အူဘာမီယန်းကို ဂိုးသွင်းခွင့်တွေရအောင် ဖန်တီးထောက်ပံ့ပေးဖို့တော့ အခက်အခဲ အနည်းနဲ့ အများ ရှိနေတုန်းပါပဲ။ ဖူလ်ဟမ်နဲ့ပွဲက နောက်ဆုံးဂိုးကို သွင်းခဲ့တဲ့ အူဘာမီယန်းကို ဖန်တီးပေးဖို့ထက် သူကပဲ သူများတွေကို ပြန်ခင်းပေးနေရပြီး ပင်နယ်တီကြောင့်သာ ဂိုးမိုးခေါင်နေတဲ့ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့တာဖြစ်သလို အခွင့်အရေးတွေလည်း တော်တော်လေး နည်းပါးခဲ့ပါတယ်။

– မာတစ်ချ်ပါတာနဲ့ မပါတာ ကွဲပြားခဲ့တဲ့ အပိုင်းနှစ်ပိုင်း
– ပထမပိုင်းမှာ မာတစ်ချ် ပါမလာခဲ့ချိန်မှာ ယူနိုက်တက်ရဲ့ ကွင်းလယ်က အတွေ့အကြုံနဲ့ ဘောလုံးဖြန့်ဝေမှုတွေမှာ ချို့တဲ့နေခဲ့လို့ အာဆင်နယ်တို့ရဲ့ ဖိစီးကစားတာကို ခံခဲ့ရပြီး ဒုတိယပိုင်း မာတစ်ချ်ဝင်လာချိန်မှာတော့ ရှေ့ကို ပိုမိုပေးစွမ်းနိုင်ခဲ့တဲ့ ဘောလုံးတွေနဲ့ တိုက်စစ်က ပိုမိုသိသာလာခဲ့ပြီး တစ်ဖက်ခံစစ်စုဖွဲ့မှုကို ထိုးဖောက်သူတွေဘက်က မလုံလောက်ခဲ့လို့သာ ရလဒ်မကောင်းခဲ့တာပါ။

– ပါတီ(Partey)ပွဲကို ဖိတ်ခေါ်ခြင်း
– ဒီနေ့ပွဲမှာ အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေး(ပါတီ)ကတော့ အဖျက်အပို့ စွယ်စုံအသုံးတော်ခံသွားခဲ့ပြီး ဘောလုံးဖြန့်ဝေမှုတွေ ပြုလုပ်နိုင်သလို အနီးအဝေး ပေးပို့မှုတွေနဲ့အတူ ဂိုးပေါက်ကိုတောင် တစ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ အလုပ်မဖြစ်နိုင်ခဲ့တာဟာ သူနဲ့ အယ်လ်နန်နီတို့ရဲ့ လုပ်အားနှုန်း ကောင်းလွန်းတာကြောင့်လို့လည်း သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။

– ပရမ်းပတာ ပေါ့ဘာပေးတဲ့ ပင်နယ်တီ
– ပရီးမီးယားလိဂ်အိမ်ကွင်းလေးပွဲကစားထားတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လေးပွဲမှာ ပင်နယ်တီ သုံးလုံးနဲ့ ဒီသုံးလုံးရဲ့ လက်သယ် တရားခံအဖြစ် နှစ်ကြိမ် အမှုဖြစ်ခဲ့သူက ပေါ့ဘာပါ။ စပါးစ်နဲ့ပွဲမှာလည်း ဒီလိုမျိုး မဆင်မခြင် ဖျက်ထုတ်မှုကနေ ပင်နယ်တီပေးခဲ့အပြီး တစ်ပွဲသာ ခြားခဲ့တဲ့ နောက်ထပ်အိမ်ကွင်းပွဲမှာ ပင်နယ်တီ ထပ်ပေးခဲ့ပြန်ပါတယ်။ ဒီတစ်ခါ ပင်နယ်တီကတော့ ပွဲရလဒ်အလှည့်အပြောင်း အတွက် ၁၀၀ ရာခိုင်နှုန်း သက်ရောက်စေခဲ့တာပါ။

– အာတီတာရဲ့ ပွဲကြီးတွေမှာ ဟုတ်လိုက်ပြန်တဲ့ အချက်
– အာတီတာဟာ ဘာပဲပြောပြော ပွဲကြီးတွေမှာ နည်းဗျူဟာကျကျ တုံ့ပြန်နိုင်တာကိုတော့ အသိအမှတ်ပြုဖို့ တောင်းဆိုလိုက်တဲ့ ပွဲတစ်ပွဲ ဖြစ်လာခဲ့ပြန်ပါပြီ။ ဘောလုံးကိုင်ကစားတယ်၊ ပျက်တာနဲ့ အမြန်ဆုံးပြန်ရအောင်ယူတယ်။ တစ်ဖက်ကွင်းခြမ်းမှာပါ လိုက်ပြီး လူယူနိုင်တယ်။ ဂိုးမရခင်အချိန်အထိ ဘောလုံးပိုင်ဆိုင်မှု ပိုရအောင်လုပ်နိုင်ခဲ့ပြီး အနိုင်ရလဒ်နဲ့လည်း ထိုက်တန်ခဲ့တာဖြစ်ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.