Premier League

ယူႏုိက္တက္က သူ႕ရဲ႕ ငယ္ဘဝအိပ္မက္ျဖစ္ခဲ့ေၾကာင္း ဘ႐ူႏို ဖာနန္ဒက္စ္ ဖြင့္ဟ

ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ ကုန္ဆုံးခါနီးမွာ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ေပၚတူဂီကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္က ကေလးဘ၀ကတည္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒို ကစားတာကို ၾကည့္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို လာကစားဖို႔ စိတ္ကူးခဲ့တယ္လို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလကုန္ခါနီးမွာ မန္ခ်က္စတာယူႏုိက္တက္ကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ဖာနန္ဒက္စ္ဟာ အသင္းကစားကြက္နဲ႔ အျမန္ဆုံး အံ၀င္လာၿပီး ခ်ဲလ္ဆီးနဲ႔ပြဲကစလို႔ ေျခစြမ္းျပႏိုင္ခဲ့သလို သူပါ၀င္ကစားခဲ့တဲ့ (၃)ပြဲစလံုးမွာ ရွဳံးပြဲမရွိရလဒ္ကို ရယူႏုိင္ခဲ့တာပါ။

အသက္(၂၅)ႏွစ္အရြယ္သာ ရွိေသးတဲ့ ဖာနန္ဒက္စ္ဟာ ၂၀၀၃ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ မန္ခ်က္စတာယူႏုိက္တက္မွာ ေပၚတူဂီၾကယ္ပြင့္ ေရာ္နယ္လ္ဒို ကစားတာကို ၾကည့္ရင္း ႀကီးျပင္းလာခဲ့သူျဖစ္ၿပီး စကိုင္းစပို႔နဲ႔ အင္တာဗ်ဴးမွာ သူဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပရိသတ္ျဖစ္ေၾကာင္းလည္း ဝန္ခံသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကစားသမားဘ၀အစကို ေအာင္ေအာင္ျမင္ျမင္နဲ႔ စတင္ခဲ့ၿပီး ဆုဖလားေတြလည္း သူက အမ်ားႀကီး ရယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီအသင္းအတြက္ ကစားခြင့္ရဖို႔ အိပ္မက္ေတြ အဲ့ဒီအခ်ိန္ကတည္းက ရွိခဲ့တာပါ။ ငယ္ဘ၀အိပ္မက္ေတြ လက္ေတြ႔ျဖစ္လာလို႔ ကၽြန္ေတာ္ ဒီမွာကစားရတာ အရမ္းေက်နပ္ပါတယ္”လို႔ ဘ႐ူႏို ဖာနန္ဒက္စ္က ေျပာပါတယ္။

ဖာနန္ဒက္စ္ဟာ ႏိုင္ငံ့လက္ေရြးစင္အသင္းမွာ အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုနဲ႔တြဲၿပီး UEFA Nations League ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာလည္း သူ႕ရဲ႕ စံျပကစားသမားလိုမ်ဳိး ေအာင္ျမင္မွဳေတြ ရယူသြားႏုိင္ဖို႔နဲ႔ ၿပဳိင္ပြဲစုံမွာ ဆုတံဆိပ္ေတြ ရယူႏုိင္ဖို႔ ႀကဳိးစားလုပ္ေဆာင္သြားမယ္လို႔ ေပၚတူဂီသားက ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ကုန်ဆုံးခါနီးမှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ကလေးဘဝကတည်းက ခရစ္စတီယာနို ရော်နယ်လ်ဒို ကစားတာကို ကြည့်ပြီး မန်ချက်စတာယူနိုက်တက်ကို လာကစားဖို့ စိတ်ကူးခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလကုန်ခါနီးမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာပြီးနောက်ပိုင်း ဖာနန်ဒက်စ်ဟာ အသင်းကစားကွက်နဲ့ အမြန်ဆုံး အံဝင်လာပြီး ချဲလ်ဆီးနဲ့ပွဲကစလို့ ခြေစွမ်းပြနိုင်ခဲ့သလို သူပါဝင်ကစားခဲ့တဲ့ (၃)ပွဲစလုံးမှာ ရှုံးပွဲမရှိရလဒ်ကို ရယူနိုင်ခဲ့တာပါ။

အသက်(၂၅)နှစ်အရွယ်သာ ရှိသေးတဲ့ ဖာနန်ဒက်စ်ဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်မှာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်လ်ဒို ကစားတာကို ကြည့်ရင်း ကြီးပြင်းလာခဲ့သူဖြစ်ပြီး စကိုင်းစပို့နဲ့ အင်တာဗျူးမှာ သူဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပရိသတ်ဖြစ်ကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ကစားသမားဘဝအစကို အောင်အောင်မြင်မြင်နဲ့ စတင်ခဲ့ပြီး ဆုဖလားတွေလည်း သူက အများကြီး ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီအသင်းအတွက် ကစားခွင့်ရဖို့ အိပ်မက်တွေ အဲ့ဒီအချိန်ကတည်းက ရှိခဲ့တာပါ။ ငယ်ဘဝအိပ်မက်တွေ လက်တွေ့ဖြစ်လာလို့ ကျွန်တော် ဒီမှာကစားရတာ အရမ်းကျေနပ်ပါတယ်”လို့ ဘရူနို ဖာနန်ဒက်စ်က ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့တွဲပြီး UEFA Nations League ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း သူ့ရဲ့ စံပြကစားသမားလိုမျိုး အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့နဲ့ ပြိုင်ပွဲစုံမှာ ဆုတံဆိပ်တွေ ရယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပေါ်တူဂီသားက ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.