Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီး ညပုိင္းသတင္းမ်ား စုစည္းမွဳ

– မန္ခ်က္စတာစီးတီး တာဝန္ရွိသူေတြရဲ႕ အားျဖည့္မွဳအသစ္အျဖစ္ ရွဳျမင္ထားတဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေပါင္ ၃၆ သန္းနဲ႔ ေခၚယူမယ့္ အစီအစဥ္ကို ပရိသတ္ေတြ သေဘာက်ေနၾကၿပီး ယာယာတုိေရးလက္သစ္လို႔ ခ်ီးက်ဴးေနၾက။

– ေပါင္ ၆ သန္းနဲ႔ ဇန္နဝါရီမွာ ေခၚယူဖို႔ သေဘာတူညီထားခဲ့တဲ့ ပါတီဇန္ ဘဲလ္ဂရိတ္ဒ္ရဲ႕ ေတာင္ပံကစားသမား ဖိလစ္ စတီဗာႏိုဗစ္ခ်္အေနနဲ႔ မန္စီးတီးမွာ ကစားခြင့္ရဦးမွာမဟုတ္ဘဲ ပုံမွန္ကစားခြင့္ရႏုိင္မယ့္ မိတ္ဖက္အသင္းတစ္သင္းဆီ အငွားခ်သြားဖြယ္ရွိ။

– တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးစ္အေနနဲ႔ လာမယ့္ပြဲေတြမွာ ျပန္လည္ပါဝင္ႏုိင္ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ထရိန္နင္မွာ အျပည့္အဝ လုပ္ေဆာင္ေနတဲ့ ပုံစံကို ေတြ႕ျမင္ခဲ့ရတယ္လို႔ မန္ခ်က္စတာညေနခင္းသတင္း ေဖာ္ျပ။

– ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူထားခဲ့တဲ့ စပိန္သား ဖယ္ရန္ ေတာရက္စ္ကို သူ႕ရဲ႕ မူလေနရာ ေတာင္ပံမွာ ကစားတာထက္ တုိက္စစ္အေထာင္မွာ ပါဝင္ကစားတာက ပုိေကာင္းေနတယ္လုိ႔ ေစာင့္ၾကည့္သူေတြ သုံးသပ္ထား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္မွာ ကစားသမားသစ္ေတြကို ေခၚယူမယ္ဆုိရင္ အသင္းနည္းျပဟာ ဘယ္သူဆုိတာကို ခုိင္ခိုင္မာမာ ျပသရမွာျဖစ္ၿပီး ဂြါဒီယိုလာကို ဆက္လက္ထိန္းသိမ္းမယ္ဆုိရင္ အျမန္ဆုံးစာခ်ဳပ္ခ်ဳပ္ဖို႔ ဖာဒီနန္ တုိက္တြန္း။

– ပရိသတ္ေတြအေနနဲ႔ နည္းျပအေျပာင္းအလဲလုပ္ဖို႔ထက္ လက္ရွိနည္းျပ ဂြါဒီယိုလာကိုပဲ စာခ်ဳပ္သက္တမ္းတုိးေစဖို႔ အလိုရွိေနၿပီး မန္စီးတီးအသင္းတာဝန္ရွိသူေတြကို တြစ္တာမွာ ဝိုင္းဝန္းေတာင္းဆုိေနၾက။

– ရွက္ဖီးလ္ဒ္မွာ ေနထုိင္ေနတဲ့ မိခင္နဲ႔ ဖခင္တုိ႔ႏွစ္ဦးအေနနဲ႔ အေနရမခက္ေအာင္ ဘရမ္းေမာလ္လိန္းက သူ႕ရဲ႕ အႏိုင္ဂိုးအတြက္ ေအာင္ပြဲ မခံခဲ့တာျဖစ္တယ္လုိ႔ မန္ခ်က္စတာစီးတီးညာေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာ ရွင္းလင္းေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီး တာဝန်ရှိသူတွေရဲ့ အားဖြည့်မှုအသစ်အဖြစ် ရှုမြင်ထားတဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူမယ့် အစီအစဉ်ကို ပရိသတ်တွေ သဘောကျနေကြပြီး ယာယာတိုရေးလက်သစ်လို့ ချီးကျူးနေကြ။

– ပေါင် ၆ သန်းနဲ့ ဇန်နဝါရီမှာ ခေါ်ယူဖို့ သဘောတူညီထားခဲ့တဲ့ ပါတီဇန် ဘဲလ်ဂရိတ်ဒ်ရဲ့ တောင်ပံကစားသမား ဖိလစ် စတီဗာနိုဗစ်ချ်အနေနဲ့ မန်စီးတီးမှာ ကစားခွင့်ရဦးမှာမဟုတ်ဘဲ ပုံမှန်ကစားခွင့်ရနိုင်မယ့် မိတ်ဖက်အသင်းတစ်သင်းဆီ အငှားချသွားဖွယ်ရှိ။

– တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်အနေနဲ့ လာမယ့်ပွဲတွေမှာ ပြန်လည်ပါဝင်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ထရိန်နင်မှာ အပြည့်အဝ လုပ်ဆောင်နေတဲ့ ပုံစံကို တွေ့မြင်ခဲ့ရတယ်လို့ မန်ချက်စတာညနေခင်းသတင်း ဖော်ပြ။

– နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူထားခဲ့တဲ့ စပိန်သား ဖယ်ရန် တောရက်စ်ကို သူ့ရဲ့ မူလနေရာ တောင်ပံမှာ ကစားတာထက် တိုက်စစ်အထောင်မှာ ပါဝင်ကစားတာက ပိုကောင်းနေတယ်လို့ စောင့်ကြည့်သူတွေ သုံးသပ်ထား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်တွေကို ခေါ်ယူမယ်ဆိုရင် အသင်းနည်းပြဟာ ဘယ်သူဆိုတာကို ခိုင်ခိုင်မာမာ ပြသရမှာဖြစ်ပြီး ဂွါဒီယိုလာကို ဆက်လက်ထိန်းသိမ်းမယ်ဆိုရင် အမြန်ဆုံးစာချုပ်ချုပ်ဖို့ ဖာဒီနန် တိုက်တွန်း။

– ပရိသတ်တွေအနေနဲ့ နည်းပြအပြောင်းအလဲလုပ်ဖို့ထက် လက်ရှိနည်းပြ ဂွါဒီယိုလာကိုပဲ စာချုပ်သက်တမ်းတိုးစေဖို့ အလိုရှိနေပြီး မန်စီးတီးအသင်းတာဝန်ရှိသူတွေကို တွစ်တာမှာ ဝိုင်းဝန်းတောင်းဆိုနေကြ။

– ရှက်ဖီးလ်ဒ်မှာ နေထိုင်နေတဲ့ မိခင်နဲ့ ဖခင်တို့နှစ်ဦးအနေနဲ့ အနေရမခက်အောင် ဘရမ်းမောလ်လိန်းက သူ့ရဲ့ အနိုင်ဂိုးအတွက် အောင်ပွဲ မခံခဲ့တာဖြစ်တယ်လို့ မန်ချက်စတာစီးတီးညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာ ရှင်းလင်းပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.