Premier League

၂.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၂ ရက္၊ တနလၤာေန႔။

၂.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၂ ရက္၊ တနလၤာေန႔၊ ျပႆဒါး၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၁၃ အထိ တိထီ ၂ လုံး။ ေက်ာ္လွ်င္ ၃ လုံး။ ၂ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာအလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၄၈ အထိ ၾကတၱိကာနကၡတ္။ ေက်ာ္လွ်င္ ေရာဟိဏီနကၡတ္။ နံနက္ ၆:၁၆ အထိ ဗ်ာတိပါတယုဂ္၊ ႐ုတ္တရက္ ထိခိုက္မိျခင္း၊ ကံဆုိးတတ္ျခင္း၊ ထိန္ခ်န္သိုဝွက္ အ႐ူးလုပ္ခံရျခင္း၊ သတိႀကီးႀကီးထား၍ ဂ႐ုတစိုက္ သြားလာေနထုိင္ပါ။ ေက်ာ္လွ်င္ ဝီရိယယုဂ္၊ ႀကိဳးစားမႈ အရာထင္ျခင္း၊ အလိုႀကီးျခင္း၊ ေကာင္းရာေကာင္းေၾကာင္းလုပ္ကိုင္က ဆႏၵအတိုင္း ျပည့္စုံလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
ေန႔လယ္ ၁၃:၀၂ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆိုျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၂:၁၃ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၁၃ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့၊ ပြဿဒါး၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၁၃ အထိ တိထီ ၂ လုံး။ ကျော်လျှင် ၃ လုံး။ ၂ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသောအလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၄၈ အထိ ကြတ္တိကာနက္ခတ်။ ကျော်လျှင် ရောဟိဏီနက္ခတ်။ နံနက် ၆:၁၆ အထိ ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။ ကျော်လျှင် ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နေ့လယ် ၁၃:၀၂ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၂:၁၃ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၁၃ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)