Match Report Premier League

အိုးလ္ထရက်ဖို့ဒ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲမရှိမှတ်တမ်းကို ရိုက်ချိုးခဲ့တဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်သမိုင်းရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲစဉ်လို့ ဆိုရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အိုးထရက်ဖို့ဒ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက တိုက်စစ်မှူး အူဘာမီယန်းရဲ့ တလုံးတည်းသော ပင်နယ်တီအနိုင်ဂိုးနဲ့ ပွဲကို အဆုံးသတ်သွားနိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲမရှိမှတ်တမ်းကို ရိုက်ချိုးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်မှာတင် ဂိုးရရှိနိုင်တဲ့ အခြေအနေမျိုးကို ပိုင်ဆိုင်ခဲ့ပြီး နည်းဗျူဟာပိုင်းအရ ပထမပိုင်းတပိုင်းလုံး ပွဲကိုစိုးမိုးသွားခဲ့သလို ယူနိုက်တက်ကို High Pressing ဖိအားပေးမှုနဲ့အတူ ဘောလုံးတည်မရအောင် အကြီးအကျယ် ဖိအားပေးသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က RB လိုက်ပ်ဇစ်ကို အနိုင်ရရှိခဲ့တဲ့ လူနေရာချမှုအတိုင်း ပွဲထွက်လာပြီး ကွင်းလယ်မှာ ဖရက်ဒ်၊ တော်မီနေး၊ ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ အတွဲအဖက်ကို ဖော်ဆောင်ကာ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့လို မြန်နှုန်းမြင့် အဆုံးသတ်ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့ပေမယ့် အာဆင်နယ်ရဲ့ Pressing ကို ကျော်ဖြတ်နိုင်ဖို့ အဆင့်ဆင့် ရုန်းကန်ခဲ့ရတာဖြစ်ပြီး အာဆင်နယ်ရဲ့ ဖိအားပေးမှုအောက်မှာ အမှားမှားအယွင်းယွင်းနဲ့ တုံ့ပြန်ကစားနေခဲ့ရပါတယ်။

အာဆင်နယ်ရဲ့ သောမတ်စ် ပါတေး၊ အယ်လ်နီနီ၊ ဂါဘရီယယ်လ်၊ ရော့ဘ်ဟိုးလ်ဒင်းနဲ့ တီယာနေး၊ ဘယ်လာရင်တို့ အစုအဖွဲ့က ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကို ဖန်တီးမှုမဲ့စေအောင် ပြန်လည်ဖန်တီးသွားခဲ့တာဖြစ်ပြီး အတက်အဆင်းမှန်မှန်၊ အတွဲအဖက်ညီညီ၊ အချိတ်အဆက်မိမိ၊ Rhythm အကောင်းဆုံးနဲ့ အထူးအန္တရာယ်ပေး ခြေစွမ်းပြကစားသွားခဲ့သလို ပွဲထွက်စီမံမှု အလုပ်မဖြစ်သွားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို အဓိက အကျပ်ရိုက်သွားစေခဲ့ပါတယ်။

ပွဲချိန် ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားလ်ဟာ ခြေကျပြီး ဆုံးဖြတ်ချက်မတည်ငြိမ်တော့တဲ့ ဖရက်ဒ်နေရာကို သမ္ဘာရင့် ကွင်းလယ်ထိန်းကျောင်းသူ မာတစ်ချ်နဲ့ လူစားလဲခဲ့ပြီး ဒီနောက်မှာတော့ အာဆင်နယ်နဲ့ ခြေရည်တူ ကစားလာနိုင်ခဲ့ပေမယ့် ပွဲချိန်တောက်လျှောက် ခြေစွမ်းမတည်ငြိမ်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ မိနစ်မှာ အသင်ရဲ့ ပင်နယ်တီဧရိယာတွင်း ဘယ်လာရင်ကို အမှားကျူးလွန်ခဲ့ပြီး အာဆင်နယ်အသင်း ပင်နယ်တီ ရရှိသွားခဲ့ပါတယ်။

ဒီပင်နယ်တီကို အူဘာမီယန်းက သက်သောင့်သက်သာ သွင်းယူသွားခဲ့ပြီး ယူနိုက်တက်ကို ပေးဆပ်မှု ကြီးမားစေခဲ့တာပါ။ နောက်ပိုင်းပွဲချိန်တွေမှာတော့ ဂိုးလိုအပ်နေတဲ့ ယူနိုက်တက်အသင်းက ဘရူနို နဲ့ ဂရင်းဝုဒ်တို့ကို ဗန်ဒါဘိခ်၊ကာဗာနီတို့နဲ့ အစားထိုးပြီး အာဆင်နယ်အသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပိုမိုဖိကစားလာနိုင်ခဲ့ပေမယ့် မာတစ်ချ်ရဲ့ ကန်သွင်းမှု တကြိမ်သာ အာဆင်နယ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သလို အာဆင်နယ်အသင်းကလည်း ခံစစ်ကို အကျစ်လစ်ဆုံးတည်ဆောက်ပြီး ယူနိုက်တက် အခွင့်အရေးမရအောင် အထပ်ထပ် ပိတ်ဆို့ဖျက်ထုတ်ရှင်းလင်းသွားနိုင်ခဲ့ပါတယ်။

အနိုင်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာတော့ အဖိုးတန် ၃ မှတ်ကို ရယူခဲ့ကာ ၇ ပွဲကစား၊ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်ကိုးနေရာကို တက်လှမ်းသွားခဲ့ပြီး ယူနိုက်တက်အသင်းက ၆ ပွဲကစား၊ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယူနိုက်Rတက်ဟာ ဒီရာသီ အိမ်ကွင်းပွဲစဉ်တိုင်းကို အနိုင်မရရှိခဲ့တဲ့ အသင်းဖြစ်လာခဲ့ပြီး လက်ရှိစုဆောင်းထားတဲ့ ရမှတ် ၇ မှတ်ဟာ နည်းပြဟောင်း မိုယက်စ်ရဲ့ ၂၀၁၃-၁၄ ရာသီ နောက်ပိုင်း အဆိုးဝါးဆုံး ရမှတ် မှတ်တမ်းဖြစ်လာခဲ့ကြောင်း သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: ပရီးမီးယားလိဂ္သမိုင္းရဲ႕ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးပြဲစဥ္လို႔ ဆိုရမယ့္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ အာဆင္နယ္အသင္းတို႔ရဲ႕ အိုးထရက္ဖို႔ဒ္ပြဲစဥ္မွာ အာဆင္နယ္အသင္းက တိုက္စစ္မႉး အူဘာမီယန္းရဲ႕ တလုံးတည္းေသာ ပင္နယ္တီအနိုင္ဂိုးနဲ႕ ပြဲကို အဆုံးသတ္သြားနိုင္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္ေနာက္ပိုင္း အိုးထရက္ဖို႔ဒ္မွာ ၁၄ ႏွစ္ၾကာ နိုင္ပြဲမရွိမွတ္တမ္းကို ရိုက္ခ်ိဳးသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပထမပိုင္း ပြဲကစားခ်ိန္မွာတင္ ဂိုးရရွိနိုင္တဲ့ အေျခအေနမ်ိဳးကို ပိုင္ဆိုင္ခဲ့ၿပီး နည္းဗ်ဴဟာပိုင္းအရ ပထမပိုင္းတပိုင္းလုံး ပြဲကိုစိုးမိုးသြားခဲ့သလို ယူနိုက္တက္ကို High Pressing ဖိအားေပးမႈနဲ႕အတူ ေဘာလုံးတည္မရေအာင္ အႀကီးအက်ယ္ ဖိအားေပးသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္က RB လိုက္ပ္ဇစ္ကို အနိုင္ရရွိခဲ့တဲ့ လူေနရာခ်မႈအတိုင္း ပြဲထြက္လာၿပီး ကြင္းလယ္မွာ ဖရက္ဒ္၊ ေတာ္မီေနး၊ ေပါ့ဂ္ဘာ နဲ႕ ဘ႐ူနို ဖာနန္ဒက္စ္ တို႔ရဲ႕ အတြဲအဖက္ကို ေဖာ္ေဆာင္ကာ တိုက္စစ္မွာ ရက္ရွ္ဖို႔ဒ္နဲ႕ ဂရင္းဝုဒ္တို႔လို ျမန္ႏႈန္းျမင့္ အဆုံးသတ္ကစားသမားေတြနဲ႕ ဖြဲ႕စည္းခဲ့ေပမယ့္ အာဆင္နယ္ရဲ႕ Pressing ကို ေက်ာ္ျဖတ္နိုင္ဖို႔ အဆင့္ဆင့္ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ဖိအားေပးမႈေအာက္မွာ အမွားမွားအယြင္းယြင္းနဲ႕ တုံ႕ျပန္ကစားေနခဲ့ရပါတယ္။

အာဆင္နယ္ရဲ႕ ေသာမတ္စ္ ပါေတး၊ အယ္လ္နီနီ၊ ဂါဘရီယယ္လ္၊ ေရာ့ဘ္ဟိုးလ္ဒင္းနဲ႕ တီယာေနး၊ ဘယ္လာရင္တို႔ အစုအဖြဲ႕က ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္ကို ဖန္တီးမႈမဲ့ေစေအာင္ ျပန္လည္ဖန္တီးသြားခဲ့တာျဖစ္ၿပီး အတက္အဆင္းမွန္မွန္၊ အတြဲအဖက္ညီညီ၊ အခ်ိတ္အဆက္မိမိ၊ Rhythm အေကာင္းဆုံးနဲ႕ အထူးအႏၱရာယ္ေပး ေျခစြမ္းျပကစားသြားခဲ့သလို ပြဲထြက္စီမံမႈ အလုပ္မျဖစ္သြားခဲ့တဲ့ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားကို အဓိက အက်ပ္ရိုက္သြားေစခဲ့ပါတယ္။

ပြဲခ်ိန္ ဒုတိယပိုင္းမွာေတာ့ ဆိုးလ္ရွားလ္ဟာ ေျခက်ၿပီး ဆုံးျဖတ္ခ်က္မတည္ၿငိမ္ေတာ့တဲ့ ဖရက္ဒ္ေနရာကို သမၻာရင့္ ကြင္းလယ္ထိန္းေက်ာင္းသူ မာတစ္ခ်္နဲ႕ လူစားလဲခဲ့ၿပီး ဒီေနာက္မွာေတာ့ အာဆင္နယ္နဲ႕ ေျခရည္တူ ကစားလာနိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ေတာက္ေလွ်ာက္ ေျခစြမ္းမတည္ၿငိမ္ခဲ့တဲ့ ေပါ့ဂ္ဘာဟာ မိနစ္မွာ အသင္ရဲ႕ ပင္နယ္တီဧရိယာတြင္း ဘယ္လာရင္ကို အမွားက်ဴးလြန္ခဲ့ၿပီး အာဆင္နယ္အသင္း ပင္နယ္တီ ရရွိသြားခဲ့ပါတယ္။

ဒီပင္နယ္တီကို အူဘာမီယန္းက သက္ေသာင့္သက္သာ သြင္းယူသြားခဲ့ၿပီး ယူနိုက္တက္ကို ေပးဆပ္မႈ ႀကီးမားေစခဲ့တာပါ။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာေတာ့ ဂိုးလိုအပ္ေနတဲ့ ယူနိုက္တက္အသင္းက ဘ႐ူနို နဲ႕ ဂရင္းဝုဒ္တို႔ကို ဗန္ဒါဘိခ္၊ကာဗာနီတို႔နဲ႕ အစားထိုးၿပီး အာဆင္နယ္အသင္းဘက္ကို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႕ ပိုမိုဖိကစားလာနိုင္ခဲ့ေပမယ့္ မာတစ္ခ်္ရဲ႕ ကန္သြင္းမႈ တႀကိမ္သာ အာဆင္နယ္ဂိုးေပါက္ကို ၿခိမ္းေျခာက္နိုင္ခဲ့သလို အာဆင္နယ္အသင္းကလည္း ခံစစ္ကို အက်စ္လစ္ဆုံးတည္ေဆာက္ၿပီး ယူနိုက္တက္ အခြင့္အေရးမရေအာင္ အထပ္ထပ္ ပိတ္ဆို႔ဖ်က္ထုတ္ရွင္းလင္းသြားနိုင္ခဲ့ပါတယ္။

အနိုင္ဂိုးကို ထိန္းကစားသြားနိုင္ခဲ့တဲ့ အာဆင္နယ္အသင္းဟာ ဒီပြဲအၿပီးမွာေတာ့ အဖိုးတန္ ၃ မွတ္ကို ရယူခဲ့ကာ ၇ ပြဲကစား၊ ရမွတ္ ၁၂ မွတ္နဲ႕ အမွတ္ေပးဇယား အဆင့္ကိုးေနရာကို တက္လွမ္းသြားခဲ့ၿပီး ယူနိုက္တက္အသင္းက ၆ ပြဲကစား၊ ရမွတ္ ၇ မွတ္နဲ႕ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။ ယူနိုက္တက္ဟာ ဒီရာသီ အိမ္ကြင္းပြဲစဥ္တိုင္းကို အနိုင္မရရွိခဲ့တဲ့ အသင္းျဖစ္လာခဲ့ၿပီး လက္ရွိစုေဆာင္းထားတဲ့ ရမွတ္ ၇ မွတ္ဟာ နည္းျပေဟာင္း မိုယက္စ္ရဲ႕ ၂၀၁၃-၁၄ ရာသီ ေနာက္ပိုင္း အဆိုးဝါးဆုံး ရမွတ္ မွတ္တမ္းျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z