Premier League

ဘရာဇီးလ္အသင္းအတြက္ ကိုယ္စားျပဳၿပီး အိုလံပစ္ပြဲမွာ ႏႊဲခ်င္ေနတဲ့ မာတီနယ္လီ

အသက္၁၈ႏွစ္အ႐ြယ္ ဘရာဇီးလ္ကစားသမား ဂါဘရီယယ္လ္ မာတီနယ္လီဟာ ဘရာဇီးလ္အတြက္ ကိုယ္စားျပဳၿပီး အိုလံပစ္အသင္းနဲ႔အတူ ဆင္ႏႊဲခ်င္ေနၿပီး မိခင္ကလပ္အသင္း အာဆင္နယ္ရဲ႕ ပိတ္ပင္မႈေတြေၾကာင့္ ကိုလံဘီယာႏုိင္ငံမွာ က်င္းပတဲ့ အိုလံပစ္အႀကိဳပြဲစဥ္ေတြမွာ ကစားခြင့္မရတာကို စိတ္ပ်က္ေနတယ္လို႔ ဆုိပါတယ္။

ဒီရာသီအစမွာ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ပုံစံေကာင္းေတြ ျပသထားခဲ့တဲ့ မာတီနယ္လီက ေျပာၾကားရာမွာေတာ့ “ပါဝင္ကစားဖို႔ မကစားဖို႔ကေတာ့ ကြၽန္ေတာ့္ေရြးခ်ယ္မွဳပဲလို႔ သူတုိ႔က ေျပာခဲ့တာပါ။ အိုလံပစ္အႀကဳိပြဲကို သြားခဲ့ရင္ အေျခအေနက တကယ့္ကို ခက္ခဲမယ္ဆိုတာ ကြၽန္ေတာ္ အစကတည္းက သိေနခဲ့တာေလဗ်ာ။ အာဆင္နယ္ကစားသမားသစ္ဘဝမွာ နာမည္တစ္ခုရဖို႔ ႀကိဳးစားေနခဲ့ရတဲ့ အခ်ိန္ကာလတစ္ခုမွာ လူေတြက ကြၽန္ေတာ့္ကို မသြားဖို႔အတြက္ မေျပာခဲ့ေပမယ့္လည္း ဒီအဓိပၸာယ္မ်ိဳးပါပဲ”လို႔ဆိုခဲ့ၿပီး အက်ပ္႐ိုက္ေနတဲ့ အေနအထားအတြက္ စိတ္ပ်က္ေနပုံကို ျပသခဲ့ပါတယ္။

ယခုႏွစ္မွာ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ကိန္းဂဏန္း ၂ လုံး(၁၀ ဂိုး)ရတဲ့အထိ အစြမ္းျပေနခဲ့တဲ့ ဘရာဇီးလ္သားဟာ အာဆင္နယ္အသင္းရဲ႕ စံခ်ိန္ရွင္ ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ျပင္သစ္ကစားသမား နီကိုလပ္စ္အနယ္လ္ကာရဲ႕ (၁၉၉၈-၁၉၉၉)ရာသီက မွတ္တမ္းကို ႏွစ္ေပါင္း ၂၀ ေက်ာ္ အၾကာမွာ လိုက္မီႏုိင္ခဲ့တဲ့ ပထမဆုံးဆယ္ေက်ာ္သက္ေလးအျဖစ္ မာတင္နယ္လီက လုပ္ျပႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

မာတီနယ္လီက သူ႕ရဲ႕ အာဆင္နယ္က စြမ္းေဆာင္ရည္ကို ဘရာဇီးလ္အသင္းရဲ႕ ညႇိႏွဳိင္းေရးမွဴး ဂ်ဴနင္ဟို ေပၚလစၥတာက ဆက္သြယ္ခ်ီးက်ဴးခဲ့တယ္လို႔လည္း ထုတ္ေဖာ္သြားခဲ့ၿပီး ဖခင္ဘက္က အီတလီေသြးပါေနလို႔ ဒီႏိုင္ငံကိုလည္း ေရြးခ်ယ္လုိ႔ ရေနတာမို႔ အသင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ႀကဳိးစားၿပီးမွပဲ ဆက္စဥ္းစားေတာ့မယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

ဘရာဇီးလ္ ယူ-၂၃ အသင္းနဲ႔ အိုလံပစ္ၿပဳိင္ပြဲကို ဝင္ေရာက္ကစားခဲ့ရင္လည္း ယူ-၂၃ အသင္းနဲ႔ ေရြးခ်ယ္မွဳ မွတ္တမ္းဟာ ေျခစမ္းပြဲေတြနဲ႔ အလားတူပဲ လက္ေရြးစင္အသင္းႀကီးရဲ႕ တရားဝင္ပြဲစဥ္မဟုတ္ေသးတာေၾကာင့္ ဒီ ၁၈ ႏွစ္အရြယ္ တုိက္စစ္မွဴးရဲ႕ ႏိုင္ငံ့လက္ေရြးစင္အနာဂတ္ကိုေတာ့ တစ္စုံတစ္ရာ အက်ဳိးသက္ေရာက္မွဳ ရွိဦးမွာ မဟုတ္ဘူးလုိ႔လည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: အသက်၁၈နှစ်အရွယ် ဘရာဇီးလ်ကစားသမား ဂါဘရီယယ်လ် မာတီနယ်လီဟာ ဘရာဇီးလ်အတွက် ကိုယ်စားပြုပြီး အိုလံပစ်အသင်းနဲ့အတူ ဆင်နွှဲချင်နေပြီး မိခင်ကလပ်အသင်း အာဆင်နယ်ရဲ့ ပိတ်ပင်မှုတွေကြောင့် ကိုလံဘီယာနိုင်ငံမှာ ကျင်းပတဲ့ အိုလံပစ်အကြိုပွဲစဉ်တွေမှာ ကစားခွင့်မရတာကို စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။

ဒီရာသီအစမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ပုံစံကောင်းတွေ ပြသထားခဲ့တဲ့ မာတီနယ်လီက ပြောကြားရာမှာတော့ “ပါဝင်ကစားဖို့ မကစားဖို့ကတော့ ကျွန်တော့်ရွေးချယ်မှုပဲလို့ သူတို့က ပြောခဲ့တာပါ။ အိုလံပစ်အကြိုပွဲကို သွားခဲ့ရင် အခြေအနေက တကယ့်ကို ခက်ခဲမယ်ဆိုတာ ကျွန်တော် အစကတည်းက သိနေခဲ့တာလေဗျာ။ အာဆင်နယ်ကစားသမားသစ်ဘဝမှာ နာမည်တစ်ခုရဖို့ ကြိုးစားနေခဲ့ရတဲ့ အချိန်ကာလတစ်ခုမှာ လူတွေက ကျွန်တော့်ကို မသွားဖို့အတွက် မပြောခဲ့ပေမယ့်လည်း ဒီအဓိပ္ပာယ်မျိုးပါပဲ”လို့ဆိုခဲ့ပြီး အကျပ်ရိုက်နေတဲ့ အနေအထားအတွက် စိတ်ပျက်နေပုံကို ပြသခဲ့ပါတယ်။

ယခုနှစ်မှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ကိန်းဂဏန်း ၂ လုံး(၁၀ ဂိုး)ရတဲ့အထိ အစွမ်းပြနေခဲ့တဲ့ ဘရာဇီးလ်သားဟာ အာဆင်နယ်အသင်းရဲ့ စံချိန်ရှင် ဆယ်ကျော်သက်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ပြင်သစ်ကစားသမား နီကိုလပ်စ်အနယ်လ်ကာရဲ့ (၁၉၉၈-၁၉၉၉)ရာသီက မှတ်တမ်းကို နှစ်ပေါင်း ၂၀ ကျော် အကြာမှာ လိုက်မီနိုင်ခဲ့တဲ့ ပထမဆုံးဆယ်ကျော်သက်လေးအဖြစ် မာတင်နယ်လီက လုပ်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မာတီနယ်လီက သူ့ရဲ့ အာဆင်နယ်က စွမ်းဆောင်ရည်ကို ဘရာဇီးလ်အသင်းရဲ့ ညှိနှိုင်းရေးမှူး ဂျူနင်ဟို ပေါ်လစ္စတာက ဆက်သွယ်ချီးကျူးခဲ့တယ်လို့လည်း ထုတ်ဖော်သွားခဲ့ပြီး ဖခင်ဘက်က အီတလီသွေးပါနေလို့ ဒီနိုင်ငံကိုလည်း ရွေးချယ်လို့ ရနေတာမို့ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားပြီးမှပဲ ဆက်စဉ်းစားတော့မယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘရာဇီးလ် ယူ-၂၃ အသင်းနဲ့ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့ရင်လည်း ယူ-၂၃ အသင်းနဲ့ ရွေးချယ်မှု မှတ်တမ်းဟာ ခြေစမ်းပွဲတွေနဲ့ အလားတူပဲ လက်ရွေးစင်အသင်းကြီးရဲ့ တရားဝင်ပွဲစဉ်မဟုတ်သေးတာကြောင့် ဒီ ၁၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ နိုင်ငံ့လက်ရွေးစင်အနာဂတ်ကိုတော့ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိဦးမှာ မဟုတ်ဘူးလို့လည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.