Premier League

၁.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးလ်အသင်းရဲ့ဂိုးသမား အေဒူယာ မန်ဒီဟာ ဘန်လေနဲ့ပွဲအပြီးမှာ ၄ ပွဲဆက် Clean Sheet ရယူနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ပီတာချက်နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲဦးထွက် ၃ ပွဲဆက် ဂိုးမပေးရတဲ့ ပထမဆုံး ချယ်လ်ဆီးဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရ။

၂၀၁၄ ခုနှစ်မှာ ချယ်လ်ဆီးအသင်းအတွက် ဒီယေဂို ကော်စတာက တာထွက်နှစ်ပွဲ၊ သွင်းဂိုးနှစ်ဂိုး ရရှိခဲ့တဲ့ စံချိန်နည်းတူ ခရက်စနိုဒါ၊ ဘန်လေပွဲစဥ်တွေမှာ ဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားသစ် ဟာကင်းမ် ဇီးယက်ရှ်ကလည်း လိုက်မီသွားခဲ့။

ဘန်လေကို သုံးဂိုးပြတ် နိုင်ပွဲရအပြီးမှာ ချယ်လ်ဆီးကွင်းလယ်လူ မေဆင် မောင့်က တိုက်စစ်သွင်းဂိုး ၃ဂိုး နဲ့အတူ ပေးဂိုးမရှိခဲ့တာ ကျေနပ်စရာဖြစ်ပြီး တသင်းလုံး အတက်အဆင်း မှန်ကန်စွာနဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့တာကြောင့် စွဲမက်စရာ ကစားပုံကို ပြသနိုင်ခဲ့တယ်လို့ ပြောကြား။

ဒီတပတ်ဟာ မိမိတို့အသင်းအတွက် ကျေနပ်စရာ သိပ်ကောင်းတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပြီး အခုလိုပဲ ရှေ့ဆက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားသလို အသင်းမှာ မိမိအတွက် အစစအရာရာ အဆင်ပြေနေပြီး ကိုယ့်အိမ်ကိုယ်ရာလို ရင်းနှီးနွေးထွေးမှု ခံစားနေရတယ်လို့ ဇီးယက်ရှ်က ပြောသွားခဲ့။

ဘန်လေနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ပူလီရှစ်ချ်က သူ့ရဲ့ပေါင်တွင်းကြောမှာ တစ်ခုခုဖြစ်နေတယ်လို့ ခံစားနေရတယ်လို့ ပြောခဲ့ပြီး ဒီတစ်ပတ်အတွင်းမှာ သူ့ကို သေသေချာချာ ဆေးစစ်ကုသကာ ၂၄ နာရီအတွင်း ဒဏ်ရာအခြေအနေ တိုးတက်မှုကို စောင့်ကြည့်ရမှာဖြစ်ပြီး အခြေအနေ မဆိုးရွားကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်က အတည်ပြု​ပြောကြားခဲ့။

ဇီးယက်ရှ်ရဲ့ ဘောလုံးပေးပို့မှု၊ အကွက်မြင်မှု၊ ဘောလုံးအထိန်းအသိမ်း ပိုင်နိုင်မှု၊ ဖြတ်တင်ဘောတွေနဲ့ ဂိုးဖန်တီးပေးပို့မှုတွေဟာ တကယ့်ကို ထူးခြားကောင်းမွန်လှပြီး မိမိအနှစ်သက်ဆုံးက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ မြင့်မားတဲ့ ယုံကြည်ချက်ပင်ဖြစ်ကြောင်း နည်းပြလမ်းပတ်က ချီးကျူးမှု ပြုလုပ်သွားခဲ့။

ဘန်လေနဲ့နိုင်ပွဲကို ပူလီရှစ်ချ်အတွက် ရည်စူးကြောင်း နဲ့ အမြန်ဆုံးသက်သာလာစေဖို့ မေဆင်မောင့်က ဆန္ဒပြုခဲ့ပြီး တပတ်အတွင်း သုံးပွဲ ကစားခဲ့ရတာကြောင့် လေယာဥ်ခရီးစဥ် များစွာကြာမြင့်ခဲ့သလို ဘန်လေနဲ့ပွဲအတွက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဥ်တွေ အများကြီး မလုပ်နိုင်ခဲ့ကြောင်း ရှင်းပြသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးလ္အသင္းရဲ႕ဂိုးသမား ေအဒူယာ မန္ဒီဟာ ဘန္ေလနဲ႕ပြဲအၿပီးမွာ ၄ ပြဲဆက္ Clean Sheet ရယူနိုင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္က ပီတာခ်က္ေနာက္ပိုင္း ပရီးမီးယားလိဂ္ ပြဲဦးထြက္ ၃ ပြဲဆက္ ဂိုးမေပးရတဲ့ ပထမဆုံး ခ်ယ္လ္ဆီးဂိုးသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ေၾကာင္း သိရ။

၂၀၁၄ ခုႏွစ္မွာ ခ်ယ္လ္ဆီးအသင္းအတြက္ ဒီေယဂို ေကာ္စတာက တာထြက္ႏွစ္ပြဲ၊ သြင္းဂိုးႏွစ္ဂိုး ရရွိခဲ့တဲ့ စံခ်ိန္နည္းတူ ခရက္စနိုဒါ၊ ဘန္ေလပြဲစဥ္ေတြမွာ ဆက္တိုက္ဂိုးသြင္းနိုင္ခဲ့တဲ့ ကစားသမားသစ္ ဟာကင္းမ္ ဇီးယက္ရွ္ကလည္း လိုက္မီသြားခဲ့။

ဘန္ေလကို သုံးဂိုးျပတ္ နိုင္ပြဲရအၿပီးမွာ ခ်ယ္လ္ဆီးကြင္းလယ္လူ ေမဆင္ ေမာင့္က တိုက္စစ္သြင္းဂိုး ၃ဂိုး နဲ႕အတူ ေပးဂိုးမရွိခဲ့တာ ေက်နပ္စရာျဖစ္ၿပီး တသင္းလုံး အတက္အဆင္း မွန္ကန္စြာနဲ႕ အခ်ိတ္အဆက္မိမိ ကစားနိုင္ခဲ့တာေၾကာင့္ စြဲမက္စရာ ကစားပုံကို ျပသနိုင္ခဲ့တယ္လို႔ ေျပာၾကား။

ဒီတပတ္ဟာ မိမိတို႔အသင္းအတြက္ ေက်နပ္စရာ သိပ္ေကာင္းတဲ့ ရက္သတၱပတ္ ျဖစ္ခဲ့ၿပီး အခုလိုပဲ ေရွ႕ဆက္သြားနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားသလို အသင္းမွာ မိမိအတြက္ အစစအရာရာ အဆင္ေျပေနၿပီး ကိုယ့္အိမ္ကိုယ္ရာလို ရင္းႏွီးႏြေးေထြးမႈ ခံစားေနရတယ္လို႔ ဇီးယက္ရွ္က ေျပာသြားခဲ့။

ဘန္ေလနဲ႕ပြဲမွာ မပါဝင္နိုင္ခဲ့တဲ့ ပူလီရွစ္ခ်္က သူ႕ရဲ႕ေပါင္တြင္းေၾကာမွာ တစ္ခုခုျဖစ္ေနတယ္လို႔ ခံစားေနရတယ္လို႔ ေျပာခဲ့ၿပီး ဒီတစ္ပတ္အတြင္းမွာ သူ႕ကို ေသေသခ်ာခ်ာ ေဆးစစ္ကုသကာ ၂၄ နာရီအတြင္း ဒဏ္ရာအေျခအေန တိုးတက္မႈကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အေျခအေန မဆိုး႐ြားေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္က အတည္ျပဳ​ေျပာၾကားခဲ့။

ဇီးယက္ရွ္ရဲ႕ ေဘာလုံးေပးပို႔မႈ၊ အကြက္ျမင္မႈ၊ ေဘာလုံးအထိန္းအသိမ္း ပိုင္နိုင္မႈ၊ ျဖတ္တင္ေဘာေတြနဲ႕ ဂိုးဖန္တီးေပးပို႔မႈေတြဟာ တကယ့္ကို ထူးျခားေကာင္းမြန္လွၿပီး မိမိအႏွစ္သက္ဆုံးက သူ႕ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႕ ျမင့္မားတဲ့ ယုံၾကည္ခ်က္ပင္ျဖစ္ေၾကာင္း နည္းျပလမ္းပတ္က ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့။

ဘန္ေလနဲ႕နိုင္ပြဲကို ပူလီရွစ္ခ်္အတြက္ ရည္စူးေၾကာင္း နဲ႕ အျမန္ဆုံးသက္သာလာေစဖို႔ ေမဆင္ေမာင့္က ဆႏၵျပဳခဲ့ၿပီး တပတ္အတြင္း သုံးပြဲ ကစားခဲ့ရတာေၾကာင့္ ေလယာဥ္ခရီးစဥ္ မ်ားစြာၾကာျမင့္ခဲ့သလို ဘန္ေလနဲ႕ပြဲအတြက္ ႀကံ့ခိုင္ေရး ေလ့က်င့္ခန္းအစီအစဥ္ေတြ အမ်ားႀကီး မလုပ္နိုင္ခဲ့ေၾကာင္း ရွင္းျပသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.