Premier League

ပြိုင်ဘက်ကို တစ်စစီဖြစ်သွားစေနိုင်တဲ့ ယူနိုက်တက်တိုက်စစ် သုံးဦးအတွဲကို ပွဲကြို ချီးကျူးစကားဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာဟာ ဒီနေ့ည ထိပ်တိုက်ယှဥ်ပြိုင်ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကြိုမှာ ယူနိုက်တက်တိုက်စစ် ၃ ဦးတွဲဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်၊ မေဆန် ဂရင်းဝုဒ်တို့ကို တခုတ်တရ ချီးကျူးမှုပြုလုပ်သွားခဲ့ကြောင်း သိရပါတယ်။

ဒီကစားသမား ၃ ဦးဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ၃ ဦးပေါင်း သွင်းဂိုး ၆၂ ဂိုးရအောင် စွမ်းဆောင်ထားခဲ့တဲ့ တိုက်စစ်အတွဲဖြစ်ပြီး သူတို့အချင်းချင်း ခိုင်မာတဲ့နားလည်မှုကို တည်ဆောက်ထားနိုင်တာကြောင့် ပရီးမီးယားလိဂ်မှာ အသင်းတိုင်းကို ခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်အတွဲဖြစ်လာတယ်လို့ အာတီတာက ပွဲကြို ချီးကျူးစကား ဆိုသွားခဲ့တာပါ။

ယူနိုက်တက်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ဧည့်ခံကစားခဲ့တဲ့ နောက်ဆုံး ၁၃ ပွဲမှာ ရှုံးပွဲမရှိ မှတ်တမ်းရှိနေကြောင်း သိရပြီး တိုက်စစ်မှာ ကာဗာနီ၊ ဒန်နီယယ် ဂျိမ်းစ်၊ အီဂါလိုတို့လည်း အရန်သင့်ရှိနေတာကြောင့် ယူနိုက်တက်ဟာ အသင်းကစားဟန်စတိုင်လ်ကို လိုသလို ပြောင်းလဲကစားသွားနိုင်ကြောင်း အာတီတာက သုံးသပ်ပြခဲ့ပါတယ်။

” မားကပ်စ်၊ မာစီယယ်လ် နဲ့ မေဆင်တို့ကြား ဘယ်လောက်ထိ နားလည်မှုပြည့်ဝပြီး အပြန်အလှန် ယုံကြည်ချက်မြင့်မားနေတယ်ဆိုတာ ခင်ဗျားတို့မြင်ကြတဲ့အတိုင်းပါပဲ။ ပြီးခဲ့တဲ့ရာသီကို ကြည့်ရင် လော့ဒေါင်းကာလအပြီးမှာ အိုလေက အသင်းကို ​ပြောင်းလဲတိုးတက်မှုများစွာ ဖြစ်ပေါ်လာစေခဲ့တယ်။ သူတ်ို့သွင်းယူတဲ့ ဂိုးအရေအတွက်၊ ဂိုးသွင်းယူတဲ့ပုံစံဟန်တွေနဲ့ ရယူခဲ့တဲ့ ဂိုးအမျိုးအစားတွေက တကယ်ခြောက်လှန့်စေပါတယ်။ ”

” ပြိုင်ဘက်အနေအထားကို ကြည့်ပြီး သူတို့အသင်းရဲ့ လူရွေးချယ်ပုံနဲ့ ကစားကွက်ဖော်ဆောင်မှုကို နှစ်မျိုး သို့ သုံးမျိုးအထိ အပြောင်းအလဲလုပ်၊ ရွေးချယ်ခွင့်ရှိနေတာပါ။ အသင်းကစားသမားတွေရဲ့ အရည်အချင်းတွေကြောင့်ရော ပွဲကို ပြောင်းလဲပစ်နိုင်စွမ်းတွေကပါ အဆုံးအဖြတ် ဖြစ်စေပါတယ်။ ဒါ​ကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ကောင်းကောင်းပြင်ဆင်ထားရပါလိမ့်မယ်။ အိုးထရက်ဖို့ဒ်ကို သွားရောက်ပြီး အနိုင်ယူချင်ပါတယ်။ ” လို့ အာတီတာက ပြောပြသွားခဲ့ပါတယ်။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနည္းျပ မီေခးလ္ အာတီတာဟာ ဒီေန႕ည ထိပ္တိုက္ယွဥ္ၿပိဳင္ကစားမယ့္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႕ ပြဲႀကိဳမွာ ယူနိုက္တက္တိုက္စစ္ ၃ ဦးတြဲျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္၊ ေမဆန္ ဂရင္းဝုဒ္တို႔ကို တခုတ္တရ ခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ေၾကာင္း သိရပါတယ္။

ဒီကစားသမား ၃ ဦးဟာ ၿပီးခဲ့တဲ့ရာသီက ယူနိုက္တက္အသင္းအတြက္ ၃ ဦးေပါင္း သြင္းဂိုး ၆၂ ဂိုးရေအာင္ စြမ္းေဆာင္ထားခဲ့တဲ့ တိုက္စစ္အတြဲျဖစ္ၿပီး သူတို႔အခ်င္းခ်င္း ခိုင္မာတဲ့နားလည္မႈကို တည္ေဆာက္ထားနိုင္တာေၾကာင့္ ပရီးမီးယားလိဂ္မွာ အသင္းတိုင္းကို ၿခိမ္းေျခာက္နိုင္တဲ့ တိုက္စစ္အတြဲျဖစ္လာတယ္လို႔ အာတီတာက ပြဲႀကိဳ ခ်ီးက်ဴးစကား ဆိုသြားခဲ့တာပါ။

ယူနိုက္တက္ဟာ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ အာဆင္နယ္ကို ဧည့္ခံကစားခဲ့တဲ့ ေနာက္ဆုံး ၁၃ ပြဲမွာ ရႈံးပြဲမရွိ မွတ္တမ္းရွိေနေၾကာင္း သိရၿပီး တိုက္စစ္မွာ ကာဗာနီ၊ ဒန္နီယယ္ ဂ်ိမ္းစ္၊ အီဂါလိုတို႔လည္း အရန္သင့္ရွိေနတာေၾကာင့္ ယူနိုက္တက္ဟာ အသင္းကစားဟန္စတိုင္လ္ကို လိုသလို ေျပာင္းလဲကစားသြားနိုင္ေၾကာင္း အာတီတာက သုံးသပ္ျပခဲ့ပါတယ္။

” မားကပ္စ္၊ မာစီယယ္လ္ နဲ႕ ေမဆင္တို႔ၾကား ဘယ္ေလာက္ထိ နားလည္မႈျပည့္ဝၿပီး အျပန္အလွန္ ယုံၾကည္ခ်က္ျမင့္မားေနတယ္ဆိုတာ ခင္ဗ်ားတို႔ျမင္ၾကတဲ့အတိုင္းပါပဲ။ ၿပီးခဲ့တဲ့ရာသီကို ၾကည့္ရင္ ေလာ့ေဒါင္းကာလအၿပီးမွာ အိုေလက အသင္းကို ​ေျပာင္းလဲတိုးတက္မႈမ်ားစြာ ျဖစ္ေပၚလာေစခဲ့တယ္။ သူတ္ို႔သြင္းယူတဲ့ ဂိုးအေရအတြက္၊ ဂိုးသြင္းယူတဲ့ပုံစံဟန္ေတြနဲ႕ ရယူခဲ့တဲ့ ဂိုးအမ်ိဳးအစားေတြက တကယ္ေျခာက္လွန့္ေစပါတယ္။ ”

” ၿပိဳင္ဘက္အေနအထားကို ၾကည့္ၿပီး သူတို႔အသင္းရဲ႕ လူေ႐ြးခ်ယ္ပုံနဲ႕ ကစားကြက္ေဖာ္ေဆာင္မႈကို ႏွစ္မ်ိဳး သို႔ သုံးမ်ိဳးအထိ အေျပာင္းအလဲလုပ္၊ ေ႐ြးခ်ယ္ခြင့္ရွိေနတာပါ။ အသင္းကစားသမားေတြရဲ႕ အရည္အခ်င္းေတြေၾကာင့္ေရာ ပြဲကို ေျပာင္းလဲပစ္နိုင္စြမ္းေတြကပါ အဆုံးအျဖတ္ ျဖစ္ေစပါတယ္။ ဒါ​ေၾကာင့္ ကြၽန္ေတာ္တို႔အသင္းအေနနဲ႕ ေကာင္းေကာင္းျပင္ဆင္ထားရပါလိမ့္မယ္။ အိုးထရက္ဖို႔ဒ္ကို သြားေရာက္ၿပီး အနိုင္ယူခ်င္ပါတယ္။ ” လို႔ အာတီတာက ေျပာျပသြားခဲ့ပါတယ္။

REF: SKYSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.