Premier League

၁.၁၁.၂၀၂၀ – ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ

– ဟူဆက္ကာအသင္းကုိ ေရာင္းခ်ခဲ့တဲ့ ႏုိင္ဂ်ီးရီးယားကြင္းလယ္လူ ကီလီခ်ီ ႏြာကာလီရဲ႕ စာခ်ဳပ္မွာ အာဆင္နယ္အသင္းဘက္က ျပန္လည္ ေခၚယူခြင့္ ပါရွိေနၿပီး ကစားသမားအေနနဲ႔ လုံေလာက္တဲ့ ကစားခြင့္နဲ႔ ပုံစံေကာင္းရမရကို ေစာင့္ၾကည္ေန။

– ဝီလီယမ္ ဆာလီဘာကို မန္ခ်က္စတာယူႏုိက္တက္ပြဲမွာ အမ်ားဆုံး အရန္ခုံအထိပဲ ေမွ်ာ္မွန္းလုိ႔ရေနၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔က ယူ-၂၃ အသင္းရဲ႕ ပြဲစဥ္မွာ ပါဝင္ကစားခဲ့တာက ဒီပြဲမွာ အသုံးျပဳဖို႔ ႀကီးႀကီးမားမားရည္ရြယ္မထားေၾကာင္း ျပသသလိုျဖစ္ေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက အုိးလ္ထရက္ဖို႔ဒ္ကို သြားေရာက္ရင္ဆုိင္ရမယ့္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ပြဲစဥ္ဟာ အသင္းရဲ႕ ထိပ္ဆုံးေလးသင္းစာရင္းဝင္ဖို႔အတြက္ အေရးႀကီးတဲ့ ပြဲစဥ္ျဖစ္ၿပီး ရလဒ္ေကာင္းဖို႔ကို ေမွ်ာ္လင့္ထားေၾကာင္းဆုိ။

– ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္းနဲ႔ ေသာမတ္စ္ ပါေတးရဲ႕ အားက်ရတဲ့ ဂါနာလက္ေရြးစင္ကြင္းလယ္လူေဟာင္း မိုက္ကယ္ အက္ဆီယန္က အာဆင္နယ္ကြင္းလယ္လူသစ္ဟာ သူ႕ထက္ပုိၿပီးျပည့္စုံၿပီး ကြင္းလယ္နံပါတ္ ၆ ေနရာမွာ အလြန္ေကာင္းမြန္သူျဖစ္တယ္လို႔ ခ်ီးက်ဴးသြား။

– အူဘာမီယန္းကို အာဆင္နယ္က အသုံးျပဳပုံက ပုံေသဆန္လြန္းၿပီး ေတာင္ပံမွာ အလုပ္မျဖစ္ရင္ အလယ္ကို ဆြဲထည့္တာ ေကာင္းေပမယ့္ တကယ္တမ္းေတာ့ အလယ္မွာ ေနရာခ်ထားၿပီး ေတာင္ပံကို ဆြဲထြက္တဲ့ ပုံစံနဲ႔ လြတ္လြတ္လပ္လပ္ ကစားခိုင္းသင့္ေၾကာင္း ေပါလ္မာဆန္ေဝဖန္။

– ဒန္းေဒါ့လ္ခ္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို ပြဲခ်ိန္တြင္း လႊဲေျပာင္းရယူဝတ္ဆင္ႏုိင္ခဲ့တာ ဂုဏ္ယူေၾကာင္းဆိုခဲ့တဲ့ ကြင္းလယ္လူ အယ္လ္နန္နီကို ပရိသတ္ေတြက အသင္း၊ ပရိသတ္နဲ႔ လက္ပတ္ကို ဘယ္ေတာ့မွ မထီမဲ့ျမင္မလုပ္ဘဲ တုိက္ပြဲဝင္တဲ့သူလို႔ ခ်ီးက်ဴး။

– အာဆင္နယ္အသင္းနဲ႔ပြဲမတုိင္ခင္မွာ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ဧည့္သည္အသင္းရဲ႕ နည္းစနစ္ ခ်မွတ္မွဳကို ေခါင္းရွဳပ္ေစမယ့္ စကားတစ္ခြန္းကို ေျပာၾကားလုိက္ၿပီး သူတုိ႔အသင္းအေနနဲ႔ ကစားကြက္ ၄ မ်ဳိးကို ပုိင္ပုိင္ႏုိင္ႏုိင္ကစားႏုိင္တယ္လုိ႔ ေျပာၾကားထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဟူဆက်ကာအသင်းကို ရောင်းချခဲ့တဲ့ နိုင်ဂျီးရီးယားကွင်းလယ်လူ ကီလီချီ နွာကာလီရဲ့ စာချုပ်မှာ အာဆင်နယ်အသင်းဘက်က ပြန်လည် ခေါ်ယူခွင့် ပါရှိနေပြီး ကစားသမားအနေနဲ့ လုံလောက်တဲ့ ကစားခွင့်နဲ့ ပုံစံကောင်းရမရကို စောင့်ကြည်နေ။

– ဝီလီယမ် ဆာလီဘာကို မန်ချက်စတာယူနိုက်တက်ပွဲမှာ အများဆုံး အရန်ခုံအထိပဲ မျှော်မှန်းလို့ရနေပြီး ပြီးခဲ့တဲ့ သောကြာနေ့က ယူ-၂၃ အသင်းရဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တာက ဒီပွဲမှာ အသုံးပြုဖို့ ကြီးကြီးမားမားရည်ရွယ်မထားကြောင်း ပြသသလိုဖြစ်နေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အိုးလ်ထရက်ဖို့ဒ်ကို သွားရောက်ရင်ဆိုင်ရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်ဟာ အသင်းရဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့အတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပြီး ရလဒ်ကောင်းဖို့ကို မျှော်လင့်ထားကြောင်းဆို။

– ချဲလ်ဆီးအသင်းကစားသမားဟောင်းနဲ့ သောမတ်စ် ပါတေးရဲ့ အားကျရတဲ့ ဂါနာလက်ရွေးစင်ကွင်းလယ်လူဟောင်း မိုက်ကယ် အက်ဆီယန်က အာဆင်နယ်ကွင်းလယ်လူသစ်ဟာ သူ့ထက်ပိုပြီးပြည့်စုံပြီး ကွင်းလယ်နံပါတ် ၆ နေရာမှာ အလွန်ကောင်းမွန်သူဖြစ်တယ်လို့ ချီးကျူးသွား။

– အူဘာမီယန်းကို အာဆင်နယ်က အသုံးပြုပုံက ပုံသေဆန်လွန်းပြီး တောင်ပံမှာ အလုပ်မဖြစ်ရင် အလယ်ကို ဆွဲထည့်တာ ကောင်းပေမယ့် တကယ်တမ်းတော့ အလယ်မှာ နေရာချထားပြီး တောင်ပံကို ဆွဲထွက်တဲ့ ပုံစံနဲ့ လွတ်လွတ်လပ်လပ် ကစားခိုင်းသင့်ကြောင်း ပေါလ်မာဆန်ဝေဖန်။

– ဒန်းဒေါ့လ်ခ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ပွဲချိန်တွင်း လွှဲပြောင်းရယူဝတ်ဆင်နိုင်ခဲ့တာ ဂုဏ်ယူကြောင်းဆိုခဲ့တဲ့ ကွင်းလယ်လူ အယ်လ်နန်နီကို ပရိသတ်တွေက အသင်း၊ ပရိသတ်နဲ့ လက်ပတ်ကို ဘယ်တော့မှ မထီမဲ့မြင်မလုပ်ဘဲ တိုက်ပွဲဝင်တဲ့သူလို့ ချီးကျူး။

– အာဆင်နယ်အသင်းနဲ့ပွဲမတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဧည့်သည်အသင်းရဲ့ နည်းစနစ် ချမှတ်မှုကို ခေါင်းရှုပ်စေမယ့် စကားတစ်ခွန်းကို ပြောကြားလိုက်ပြီး သူတို့အသင်းအနေနဲ့ ကစားကွက် ၄ မျိုးကို ပိုင်ပိုင်နိုင်နိုင်ကစားနိုင်တယ်လို့ ပြောကြားထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.