Premier League

လီဗာပူးလ် ၂-၁ ဝက်စ်ဟမ်း ပွဲအပြီး ပြောစရာ/ ထုတ်နုတ်စရာ အချက် ၄ ချက်

ပြီးခဲ့တဲ့ညက လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၇ အပြီးမှာတော့ လီဗာပူးလ်ဟာ အန်ဖီးကွင်းမြေမှာ ဆာလက်ရဲ့ ပင်နယ်တီ၊ ဂျိုတာရဲ့ လှပတဲ့ သွင်းဂိုးတို့နဲ့ အနိုင်ယူပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို လွှဲပြောင်းယူပြီး ဦးဆောင်ခဲ့ပါတယ်။ လီဗာပူးလ် ၂-၁ ဝက်စ်ဟမ်း ပွဲအပြီးမှာ ပြောစရာ အချက် ၄ ချက် ရှိလာခဲ့ပါတယ်။

၁။ ကလော့ပ်ရဲ့ လူရွေးချယ်ပုံ
လီဗာပူးလ်နည်းပြ ကလော့ပ်က အသင်းကစားသမားတွေ ပွဲဆက်များပြီး ခြေကုန်လက်ပန်းကျနေတဲ့အပြင် အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ပွဲထွက်လူစာရင်းကို သတိထားပြီး ရွေးချယ်ခဲ့ရပါတယ်။ ခြေစွမ်းတောက်လျှောက်ကျဆင်းနေတဲ့ ဖာမီနို နဲ့ ခြေစွမ်းပျောက်နေတဲ့ လူငယ်ကစားသမား ကားတစ် ဂျူံးစ်တို့ကို ပွဲချိန် မိနစ် ၇၀ မှာ ရှာကျီရီ၊ ဒီယိုဂို ဂျိုတာ နဲ့ အမှန်ကန်ဆုံး လူစားလဲနိုင်ခဲ့ပြီး ဒီနှစ်ယောက်ကပဲ ပွဲ​ရဲ့ ရလဒ်ကို အပြောင်းအလဲဖြစ်စေခဲ့တာဟာ အထူးချီးကျူးစရာအချက်ပါပဲ။

၂။ နက်ဖီးလစ်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်
လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးကတည်းက အသင်းကြီးတွေထဲမှာ ဂိုးအတော်ပေးထားရတဲ့ အသင်းပါ။ ဂျူလိုင်လကတည်းက Clean Sheet တပွဲသာရထားပါတယ်။ ဒီပွဲမှာ ပရီးမီးယားလိဂ် တာထွက်လာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ်
နက်ဖီးလစ်ရဲ့ ထူးခြားတဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်က ပြောစမှတ်ပြုရလောက်အောင် ကလော့ပ်ကို အသက်ရှုပေါက်ပေးနိုင်ခဲ့ပါတယ်။

၃။ နောက်က လိုက်ကစားနေရတဲ့အကျင့်
လီဗာပူးလ်လို အရည်အသွေးမြင့် ကမ္ဘာ့အဆင့်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေးရပြီးမှ နောက်က လိုက်ကစားနေရတဲ့အကျင့်က လက်ခံနိုင်စရာမရှိတဲ့ အချက်ပါ။ ဒါဟာ အဓိကနောက်ခံလူ ဗန်ဒိုက် ပါဝင်ကစားစဥ်ကတည်းက ကြုံတွေ့နေရတဲ့ ပြဿနာပါ။ ဖော်နယ်စ်ရဲ့ ဂိုးကို စောစောစီးစီး ခွင့်ပြုခဲ့ရပြီး ကိုယ့်အတွက်ကိုယ် ခက်ခဲစေခဲ့တာပါ။ ဒီလိုပုံစံမျိုးကို အာဆင်နယ်၊ ဗီလာတို့နဲ့ ပွဲစဥ်တွေမှာလည်း အလားတူ မြင်တွေ့ခဲ့ရပါတယ်။

၄။ VAR
ဂျိုတာနဲ့ ရှာကျီရီ ဝင်လာတဲ့နောက် လီဗာပူး တိုက်စစ်က ပိုမြန်လာခဲ့တယ်။ ဂျိုတာ လူစားဝင်လာပြီး မကြာခင်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဖေဘီယန်စကီးကို မာနေးက Foul ကျူးလွန်ခဲ့တယ်လို့ VAR နဲ့ ဆုံးဖြတ်ပြီး ဂိုး ခွင့်မပြုတာက ကလော့ပ်ရဲ့အဆိုအရ VAR ကြောင့် လီဗာပူးလ်အသင်းရဲ့ နစ်နာမှုတွေ တစထက်တစ များပြားနေပြီလားလို့ မေးခွန်းထုတ်၊ အငြင်းပွားစရာပါ။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.