Premier League

၁.၁၁.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

– ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ က်ေရာက္တဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေမြးေန႔မွာ အသင္းေဖာ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာက သူ႕ကို အဂၤလန္ႏုိင္ငံရဲ႕ မင္းသား (Prince of England) လို႔ နာမည္ေျပာင္ေပးၿပီး ဂုဏ္ျပဳသြားခဲ့။

– အသင္းကေန ေရာင္းထုတ္ဖုိ႔ ႀကဳိးစားေနတဲ့ ေနာက္ခံလူ ဖီးလ္ ဂ်ဳံးစ္ကေတာ့ ဒဏ္ရာကို ခြဲစိတ္ကုသခဲ့ရျပန္ၿပီျဖစ္ၿပီး ကုသမွဳ ေအာင္ျမင္ခဲ့ေပမယ့္ လာမယ့္ ဒီဇင္ဘာမွာမွ ျပန္ကစားႏုိင္ဖို႔ ႀကဳိးစားရမယ့္ အေနအထားကို ေရာက္ရွိသြားခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္လာ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြက ႏုိင္ပြဲေတြေၾကာင့္ စိတ္ဓာတ္ျမင့္မားေနႏုိင္ၿပီး အုိးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္ အသင္းကို လိုအပ္တဲ့ ရလဒ္နဲ႔ အႏုိင္ကစားသြားမွာျဖစ္တယ္လို႔ တုိက္စစ္မွဴးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ခန္႔မွန္း။

– ကစားသမားသစ္ေတြကို အသင္းကို ေရာက္လာတာနဲ႔ ခ်က္ခ်င္းအသုံးျပဳဖို႔ ဆႏၵမရွိဘူးလို႔ သူ႕ရဲ႕ ကစားသမားေရြးခ်ယ္ေရး ေပၚလစီကို ဆုိးလ္ရွားက ရွင္းျပလိုက္ၿပီး သူတုိ႔တစ္ဦးခ်င္းအေနနဲ႔ အသင္းသစ္နဲ႔ အသားက်သြားခ်ိန္ကို ေစာင့္ဆုိင္းၿပီးမွ သုံးစြဲသြားမယ္လုိ႔ဆုိ။

– မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ အသင္းမွာ ေကာင္းေကာင္းမကစားဘဲ အေျပာင္းအေရႊ႕ ေကာလဟာလ မ်ဳိးစုံကို ဖန္တီးေနတာဟာ ေလးစားမွဳမရွိတဲ့ အျပဳအမူျဖစ္ေၾကာင္း ဂ်ဴဗင္တပ္စ္နဲ႔ အသံျပန္ထြက္လာခဲ့အၿပီးမွာ Talk Sport တင္ဆက္သူ အလန္ ဘရာဇီးလ္က ေဝဖန္သြားခဲ့။

– နည္းျပ ဆုိးလ္ရွားအေနနဲ႔ ယူႏုိက္တက္အသင္းသားေတြရဲ႕ အင္အားနဲ႔ နည္းစနစ္ပုိင္း ေက်ညက္မွဳကို ခ်ီးက်ဴးသြားခဲ့ၿပီး သူ႕ရဲ႕အသင္းအေနနဲ႔ ၄-၄-၂၊ ၄-၃-၃၊ ၃-၄-၃ နဲ႔ ၃-၅-၂ ကစားကြက္ပုံစံ ေလးမ်ဳိးကို အဆင္ေျပေျပ ေျပာင္းလဲကစားႏုိင္စြမ္းရွိေနတယ္လုိ႔ ထုတ္ေဖာ္သြား။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပြဲမကစားခင္ လိုရီ ဟိုတယ္ကို ေရာက္ရွိလာခဲ့တဲ့ လူအင္အားစာရင္းမွာေတာ့ ကိုဗစ္နဲ႔ ဒဏ္ရာရ ကစားသမားေတြ ပါဝင္လာျခင္းမရွိတာက ပုံမွန္ျဖစ္ေပမယ့္ အီဂါလို၊ ဖိုဆူမန္ဆားနဲ႔ ပယ္လစၥထရီတုိ႔ကို မေတြ႕ျမင္ခဲ့ရဘူးလို႔ ဓာတ္ပုံသတင္းေထာက္ေတြ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ မွေးနေ့မှာ အသင်းဖော်ကွင်းလယ်လူ ပေါလ် ပေါ့ဘာက သူ့ကို အင်္ဂလန်နိုင်ငံရဲ့ မင်းသား (Prince of England) လို့ နာမည်ပြောင်ပေးပြီး ဂုဏ်ပြုသွားခဲ့။

– အသင်းကနေ ရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ နောက်ခံလူ ဖီးလ် ဂျုံးစ်ကတော့ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပြန်ပြီဖြစ်ပြီး ကုသမှု အောင်မြင်ခဲ့ပေမယ့် လာမယ့် ဒီဇင်ဘာမှာမှ ပြန်ကစားနိုင်ဖို့ ကြိုးစားရမယ့် အနေအထားကို ရောက်ရှိသွားခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်စရာဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက နိုင်ပွဲတွေကြောင့် စိတ်ဓာတ်မြင့်မားနေနိုင်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ် အသင်းကို လိုအပ်တဲ့ ရလဒ်နဲ့ အနိုင်ကစားသွားမှာဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်ခန့်မှန်း။

– ကစားသမားသစ်တွေကို အသင်းကို ရောက်လာတာနဲ့ ချက်ချင်းအသုံးပြုဖို့ ဆန္ဒမရှိဘူးလို့ သူ့ရဲ့ ကစားသမားရွေးချယ်ရေး ပေါ်လစီကို ဆိုးလ်ရှားက ရှင်းပြလိုက်ပြီး သူတို့တစ်ဦးချင်းအနေနဲ့ အသင်းသစ်နဲ့ အသားကျသွားချိန်ကို စောင့်ဆိုင်းပြီးမှ သုံးစွဲသွားမယ်လို့ဆို။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ အသင်းမှာ ကောင်းကောင်းမကစားဘဲ အပြောင်းအရွှေ့ ကောလဟာလ မျိုးစုံကို ဖန်တီးနေတာဟာ လေးစားမှုမရှိတဲ့ အပြုအမူဖြစ်ကြောင်း ဂျူဗင်တပ်စ်နဲ့ အသံပြန်ထွက်လာခဲ့အပြီးမှာ Talk Sport တင်ဆက်သူ အလန် ဘရာဇီးလ်က ဝေဖန်သွားခဲ့။

– နည်းပြ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းသားတွေရဲ့ အင်အားနဲ့ နည်းစနစ်ပိုင်း ကျေညက်မှုကို ချီးကျူးသွားခဲ့ပြီး သူ့ရဲ့အသင်းအနေနဲ့ ၄-၄-၂၊ ၄-၃-၃၊ ၃-၄-၃ နဲ့ ၃-၅-၂ ကစားကွက်ပုံစံ လေးမျိုးကို အဆင်ပြေပြေ ပြောင်းလဲကစားနိုင်စွမ်းရှိနေတယ်လို့ ထုတ်ဖော်သွား။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲမကစားခင် လိုရီ ဟိုတယ်ကို ရောက်ရှိလာခဲ့တဲ့ လူအင်အားစာရင်းမှာတော့ ကိုဗစ်နဲ့ ဒဏ်ရာရ ကစားသမားတွေ ပါဝင်လာခြင်းမရှိတာက ပုံမှန်ဖြစ်ပေမယ့် အီဂါလို၊ ဖိုဆူမန်ဆားနဲ့ ပယ်လစ္စထရီတို့ကို မတွေ့မြင်ခဲ့ရဘူးလို့ ဓာတ်ပုံသတင်းထောက်တွေ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.