Match Report Premier League

အပိုအလိုမရွိတဲ့ ကစားပုံနဲ႔ ခ်ဲလ္ဆီးတုိ႔ ဇယားထိပ္ပုိင္းကို ျပန္လည္တက္လွမ္းခဲ့တဲ့ ႏုိင္ပြဲ

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ တီမို ဗာနာ မပါဘဲ ပြဲထြက္လာဖို႔ စီစဥ္ခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ဖို႔ ရွိေနတဲ့ ဂ်ာမန္သားကို ေသြးပူ ေလ့က်င့္ခန္းလုပ္ရာမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ပူလီရွစ္ခ်္က ေနရာဖယ္ေပးခဲ့တာေၾကာင့္ Line-Up ထဲမွာ ျပန္လည္ပါဝင္လာခဲ့ၿပီး ဘန္ေလရဲ႕ ႀကံ့ခုိင္မွဳ ဦးစားေပးတဲ့ ကစားသမားေတြကေတာ့ အိမ္ကြင္းမွာ ခံစစ္ဦးစားေပးၿပီး တန္ျပန္တုိက္စစ္ကစားဖို႔ လုပ္ေဆာင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာ ဘန္းစ္ရဲ႕ ခံစစ္ကို ေဖာက္ထြက္လာမွဳကို မန္ဒီတစ္ႀကိမ္ ကာကြယ္ခဲ့ရၿပီး ဒီေနာက္ပုိင္းမွာေတာ့ ကြန္ေတကို အထုိင္ခ်ၿပီး တုိက္စစ္သမားေတြနဲ႔ ပြဲကို လႊမ္းမုိးဖို႔ လုပ္ေဆာင္လာခဲ့တဲ့ လမ္းပတ္ရဲ႕အသင္းက ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုကို ရယူၿပီး ပြဲကို စိုးမိုးသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဗာနာခ်ဳိးေပးတဲ့ ေဘာလုံးကို ေအဘရာဟမ္က ေနာက္ကပါလာခဲ့တဲ့ ဇီးယက္ရွ္အတြက္ တစ္ခ်က္တို႔ၿပီး ထားေပးခဲ့တာကို ေမာ္႐ိုကိုသားရဲ႕ အနိမ့္ေဘာ အျပင္းကန္ခ်က္က ေနာက္ခံလူေတြၾကားက ထြက္လာခဲ့ခ်ိန္မွာ ေနရာယူပုံ အနည္းငယ္ အားနည္းေနတဲ့ နစ္ခ္ ပုပ္ မဖမ္းႏုိင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္သလို ပထမပုိင္းမွာေတာ့ ခ်ဲလ္ဆီးတုိ႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဇီးယက္ရွ္နဲ႔ ဟာဗတ္ဇ္တုိ႔ရဲ႕ ညာျခမ္းက ဖန္တီးမွဳေတြ အမ်ားအျပားျပဳလုပ္ေနခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ေမဆန္ေမာင့္ရဲ႕ ေထာင့္ကန္ေဘာကို အေဝးကေန ေျပးဝင္လာခဲ့တဲ့ ဇူးမားက အားပါျပင္းထန္တဲ့ ေခါင္းတုိက္ခ်က္နဲ႔ သူ႕ရဲ႕ ဒီရာသီ သုံးဂိုးေျမာက္ ပရီးမီးယားလိဂ္ဂိုးနဲ႔ ခ်ဲလ္ဆီးတို႔ကို ထပ္မံဦးေဆာင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ခံစစ္ကေန ဂ်ိမ္းစ္က ေဘာလုံးျဖတ္ယူႏုိင္ခဲ့ၿပီး အလယ္ကို ျပန္ခင္းေပးတာကို ဇီးယက္ရွ္က ဘယ္ျခမ္းမွာ အဆင္သင့္ ေနရာယူထားတဲ့ ဗာနာရဲ႕ေရွ႕ကို ကြက္တိေပးပုိ႔ခဲ့ရာမွာ ဂ်ာမန္တုိက္စစ္မွဴးက ေသြးေအးေအးနဲ႔ အေဝးတုိင္ေထာင့္ကို အသာအယာ အဆုံးသတ္ကန္သြင္းၿပီး တတိယေျမာက္ဦးေဆာင္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

မိနစ္ ၈၀ မွာေတာ့ ေခ်းလ္ဝဲလ္ရဲ႕ အနိမ့္ေဘာျဖတ္တင္ေပးတာကို လူစားဝင္တုိက္စစ္မွဴး အိုလီဗီးေယး ဂ်ီး႐ူးက အနီးကပ္ပိတ္သြင္းခဲ့ေပမယ့္ လူကၽြံေဘာအျဖစ္ သတ္မွတ္ခံခဲ့ရလုိ႔ ခ်ဲလ္ဆီးတုိ႔ ဘန္ေလကြင္းမွာ ဒီေလာက္နဲ႔ပဲ ေက်နပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ေပးဂိုးမရွိႏိုင္ပြဲတစ္ပြဲကို ေဖာ္ေဆာင္ႏုိင္ခဲ့ၿပီး ဂိုးသမား ေအဒူယာ မန္ဒီရဲ႕ ပရီးမီးယားလိဂ္ သုံးပြဲဆက္တုိက္ Clean Sheet မွတ္တမ္းေကာင္းနဲ႔အတူ ရမွတ္ ၁၂ မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာကို ေရာက္ရွိလာခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ တီမို ဗာနာ မပါဘဲ ပွဲထွက်လာဖို့ စီစဉ်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့ ရှိနေတဲ့ ဂျာမန်သားကို သွေးပူ လေ့ကျင့်ခန်းလုပ်ရာမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ပူလီရှစ်ချ်က နေရာဖယ်ပေးခဲ့တာကြောင့် Line-Up ထဲမှာ ပြန်လည်ပါဝင်လာခဲ့ပြီး ဘန်လေရဲ့ ကြံ့ခိုင်မှု ဦးစားပေးတဲ့ ကစားသမားတွေကတော့ အိမ်ကွင်းမှာ ခံစစ်ဦးစားပေးပြီး တန်ပြန်တိုက်စစ်ကစားဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာ ဘန်းစ်ရဲ့ ခံစစ်ကို ဖောက်ထွက်လာမှုကို မန်ဒီတစ်ကြိမ် ကာကွယ်ခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ကွန်တေကို အထိုင်ချပြီး တိုက်စစ်သမားတွေနဲ့ ပွဲကို လွှမ်းမိုးဖို့ လုပ်ဆောင်လာခဲ့တဲ့ လမ်းပတ်ရဲ့အသင်းက ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူပြီး ပွဲကို စိုးမိုးသွားခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဗာနာချိုးပေးတဲ့ ဘောလုံးကို အေဘရာဟမ်က နောက်ကပါလာခဲ့တဲ့ ဇီးယက်ရှ်အတွက် တစ်ချက်တို့ပြီး ထားပေးခဲ့တာကို မော်ရိုကိုသားရဲ့ အနိမ့်ဘော အပြင်းကန်ချက်က နောက်ခံလူတွေကြားက ထွက်လာခဲ့ချိန်မှာ နေရာယူပုံ အနည်းငယ် အားနည်းနေတဲ့ နစ်ခ် ပုပ် မဖမ်းနိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်သလို ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဇီးယက်ရှ်နဲ့ ဟာဗတ်ဇ်တို့ရဲ့ ညာခြမ်းက ဖန်တီးမှုတွေ အများအပြားပြုလုပ်နေခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောကို အဝေးကနေ ပြေးဝင်လာခဲ့တဲ့ ဇူးမားက အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ သူ့ရဲ့ ဒီရာသီ သုံးဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးနဲ့ ချဲလ်ဆီးတို့ကို ထပ်မံဦးဆောင်စေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ခံစစ်ကနေ ဂျိမ်းစ်က ဘောလုံးဖြတ်ယူနိုင်ခဲ့ပြီး အလယ်ကို ပြန်ခင်းပေးတာကို ဇီးယက်ရှ်က ဘယ်ခြမ်းမှာ အဆင်သင့် နေရာယူထားတဲ့ ဗာနာရဲ့ရှေ့ကို ကွက်တိပေးပို့ခဲ့ရာမှာ ဂျာမန်တိုက်စစ်မှူးက သွေးအေးအေးနဲ့ အဝေးတိုင်ထောင့်ကို အသာအယာ အဆုံးသတ်ကန်သွင်းပြီး တတိယမြောက်ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

မိနစ် ၈၀ မှာတော့ ချေးလ်ဝဲလ်ရဲ့ အနိမ့်ဘောဖြတ်တင်ပေးတာကို လူစားဝင်တိုက်စစ်မှူး အိုလီဗီးယေး ဂျီးရူးက အနီးကပ်ပိတ်သွင်းခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ ချဲလ်ဆီးတို့ ဘန်လေကွင်းမှာ ဒီလောက်နဲ့ပဲ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချဲလ်ဆီးတို့အနေနဲ့ အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ပေးဂိုးမရှိနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပြီး ဂိုးသမား အေဒူယာ မန်ဒီရဲ့ ပရီးမီးယားလိဂ္ သုံးပွဲဆက်တိုက် Clean Sheet မှတ်တမ်းကောင်းနဲ့အတူ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.