Premier League

စပါးစ္ပရိသတ္ေတြရဲ႕ ပစ္မွတ္ထားေလွာင္ေျပာင္ခံခဲ့ရတဲ့ အန္တိုနီယို ႐ူဒီဂါ

စေနေန႔က ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ လန္ဒန္ဒါဘီပြဲစဥ္မွာ ဧည့္သည္ စပါးစ္ပရိသတ္ေတြဟာ ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ရူဒီဂါကို ပစ္မွတ္ထားၿပီး ရည္ရြယ္ခ်က္ရွိရွိ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ဒီဇင္ဘာလက ေတာ့တင္ဟမ္ကြင္းမွာ ကစားတုန္းက သူ႔ကို စပါးစ္ပရိသတ္(၂)ဦးက လူမ်ိဳးေရးခြဲျခားေလွာင္ေျပာင္ခဲ့တယ္လို႔ စြပ္စြဲခဲ့တာကို မေက်မနပ္ျဖစ္တဲ့ ပရိသတ္အုပ္စုက ႐ူဒီဂါကို ဒီတစ္ခါ ျပန္ေတြ႕ခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ လြတ္တဲ့ ေဘာင္ထဲကေနၿပီး တုံ႔ျပန္ေလွာင္ေျပာင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

စပါးစ္ကြင္းက ပြဲအၿပီး စစ္ေဆးမွဳေတြမွာေတာ့ ဒါေပမယ့္ ရူဒီဂါ စြပ္စြဲခဲ့သလို လူမ်ိဳးေရးခြဲျခားေလွာင္ေျပာင္တာမ်ဳိး မေတြ႔ခဲ့ရေပမယ့္ ပရိသတ္ေတြအတြက္ေတာ့ ပြဲအေျဖကို အလွည့္အေျပာင္းျဖစ္ေစခဲ့တဲ့ ဆြန္ေဟာင္မင္ရဲ႕ အနီကတ္ကို ဒီဆီယာရာလီယြန္ဖြား ဂ်ာမန္သားက လွည့္စားသြားခဲ့တယ္လို႔ ယံုၾကည္ထားခဲ့ၾကသလို နည္းျပ ေမာ္ရင္ဟိုကပါ နံ႐ိုးဘယ္ႏွေခ်ာင္းက်ဳိးသြားသလဲလို႔ ေလွာင္ေျပာင္ခဲ့တာပါ။

ဒါေၾကာင့္လည္း စေနေန႔က စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ စပါးပရိသတ္ေတြဟာ ရူဒီဂါကို ပစ္မွတ္ထားေလွာင္ေျပာင္ခဲ့ၾကၿပီး သူေဘာလံုးထိတိုင္း ဧည့္သည္အသင္း ပရိသတ္ပြဲၾကည့္စင္ဘက္ျခမ္းကေန “ဘူး”လို႔ ေအာ္သံေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေနခဲ့သလို “မင္းက ဘရစ္ခ်္မွာ တစ္ဦးတည္းေသာ လူမ်ိဳးေရးခြဲျခားသူပဲ”ဆိုတဲ့ ေအာ္သံေတြကိုလည္း ၾကားခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းကေတာ့ ဒီေန႔ပြဲမွာ ေလွာင္ေျပာင္မွဳေတြကို အေရးယူဖို႔ သိသာထင္ရွားတဲ့ သက္ေသအေထာက္အထားေတြ မရရွိခဲ့ဘူးလို႔ ဆုိခဲ့ၿပီး မိမိတို႔အေနနဲ႔ ကိုယ့္အသင္းသား ႐ူဒီဂါကို အျပည့္အဝ ေထာက္ခံေပးထားသလို တကယ္လို႔ အေထာက္အထားေတြ႕ခဲ့ရင္လည္း ကြင္းဝင္ခြင့္ ရာသက္ပန္ ပိတ္ပင္တဲ့အထိ အေရးယူသြားမွာျဖစ္တယ္လို႔လည္း ထုတ္ျပန္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: စနေနေ့က ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဧည့်သည် စပါးစ်ပရိသတ်တွေဟာ ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီဇင်ဘာလက တော့တင်ဟမ်ကွင်းမှာ ကစားတုန်းက သူ့ကို စပါးစ်ပရိသတ်(၂)ဦးက လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တယ်လို့ စွပ်စွဲခဲ့တာကို မကျေမနပ်ဖြစ်တဲ့ ပရိသတ်အုပ်စုက ရူဒီဂါကို ဒီတစ်ခါ ပြန်တွေ့ချိန်မှာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လွတ်တဲ့ ဘောင်ထဲကနေပြီး တုံ့ပြန်လှောင်ပြောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

စပါးစ်ကွင်းက ပွဲအပြီး စစ်ဆေးမှုတွေမှာတော့ ဒါပေမယ့် ရူဒီဂါ စွပ်စွဲခဲ့သလို လူမျိုးရေးခွဲခြားလှောင်ပြောင်တာမျိုး မတွေ့ခဲ့ရပေမယ့် ပရိသတ်တွေအတွက်တော့ ပွဲအဖြေကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ အနီကတ်ကို ဒီဆီယာရာလီယွန်ဖွား ဂျာမန်သားက လှည့်စားသွားခဲ့တယ်လို့ ယုံကြည်ထားခဲ့ကြသလို နည်းပြ မော်ရင်ဟိုကပါ နံရိုးဘယ်နှချောင်းကျိုးသွားသလဲလို့ လှောင်ပြောင်ခဲ့တာပါ။

ဒါကြောင့်လည်း စနေနေ့က စတမ်းဖို့ဒ်ဘရစ်ချ်မှာ စပါးပရိသတ်တွေဟာ ရူဒီဂါကို ပစ်မှတ်ထားလှောင်ပြောင်ခဲ့ကြပြီး သူဘောလုံးထိတိုင်း ဧည့်သည်အသင်း ပရိသတ်ပွဲကြည့်စင်ဘက်ခြမ်းကနေ “ဘူး”လို့ အော်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့သလို “မင်းက ဘရစ်ချ်မှာ တစ်ဦးတည်းသော လူမျိုးရေးခွဲခြားသူပဲ”ဆိုတဲ့ အော်သံတွေကိုလည်း ကြားခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းကတော့ ဒီနေ့ပွဲမှာ လှောင်ပြောင်မှုတွေကို အရေးယူဖို့ သိသာထင်ရှားတဲ့ သက်သေအထောက်အထားတွေ မရရှိခဲ့ဘူးလို့ ဆိုခဲ့ပြီး မိမိတို့အနေနဲ့ ကိုယ့်အသင်းသား ရူဒီဂါကို အပြည့်အဝ ထောက်ခံပေးထားသလို တကယ်လို့ အထောက်အထားတွေ့ခဲ့ရင်လည်း ကွင်းဝင်ခွင့် ရာသက်ပန် ပိတ်ပင်တဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.