Premier League

ကလော့ပ်လက်ထက်မှာ လီဗာပူးလ်ကို စွန့်ခွာခဲ့ကြတဲ့ နာမည်ကျော်တွေ ဘယ်ရောက်နေကြပြီလဲ

ဘန်တီကီ – လီဗာပူးလ်အသင်းဟာ စျေးကြီးပေး ခေါ်ယူခဲ့ရပြီး ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့လို့ တွက်ခြေမကိုက်ခဲ့တဲ့ ဘယ်လ်ဂျီယံသား ဘန်တီကီကို ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပေါင် ၃၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တာကြောင့် ငွေကြေးပိုင်းအရ အထိနာမှု သက်သာခဲ့တယ်လို့ ဆိုရမှာပါ။ သူဟာ ပဲ့လေ့စ်အတွက် အဖွင့်ရာသီမှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ထပ် ပွဲ ၇၀ အတွင်းမှာတော့ ၅ ဂိုးသာရရှိပြီး ခြေစွမ်းကျဆင်းသွားခဲ့ပါတယ်။

ဘာလော့တယ်လီ – ၂၀၁၆ မှာ လီဗာပူးလ်အသင်းကို စွန့်ခွာပြီး ပြင်သစ်ကလပ် နိုက်စ်နဲ့ ပူးပေါင်းခဲ့သူပါ။ နှစ်အနည်းငယ် အခြေကျပြီး အသင်းနဲ့ တာထွက်ကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ မွေးရပ်မြေအသင်းဖြစ်တဲ့ ဘရက်စီယာကို ပြောင်းခဲ့သလို စီးရီးအေကနေ အသင်းတန်းဆင်းသွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်တည်းက အသင်းလက်မဲ့ဖြစ်နေသူပါ။

အမ်မရီ ချန် – ယူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တဲ့ ဂျာမနီသားဟာ အဖွင့်ရာသီမှာပဲ အီတလီစီးရီးအေဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒေါ့မန်အသင်းထံ အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ့မန်အသင်းထံ အပြီးသတ်ပြောင်းရွေ့မှု ပြုလုပ်ပြီး ဘွန်ဒက်လီဂါမှာ အခြေချကစားနေတာပါ။

စတားရစ်ချ် – လီဗာပူးလ်မှာ အဆိပ်ပြင်းပြင်းနဲ့ တောက်လျှောက်ခြေစွမ်းတက်ခဲ့တဲ့ အဂ်လန်သားဟာ ဒဏ်ရာရဲ့ထိုးနှက်မှုကို အလူးအလဲခံခဲ့ရတာနောက် အသင်းမှာ ပွဲထွက်တနေရာ ပျောက်ဆုံးခဲ့ရပြီး တူရကီကလပ် Trabzonspor ကို ရောက်ရှိသွားခဲ့ပါတယ်။ ၁၆ ပွဲ မှာ ၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး လောင်းကစားမှုကြောင့် အသင်းက စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

ကော်တင်ညို- လီဗာပူးလ်အသင်းရဲ့ အကြီးမားဆုံး စံချိန်တင် အပြောင်းအရွှေ့အနေနဲ့ ကော်တင်ညိုက နူးကမ့်မြေအတွက် လီဗာပူးလ်ကို စွန့်ခွာခဲ့သလို ဘာစီလိုနာမှာ အခြေမကျခဲ့ဘဲ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားသွားရောက်ကစားရင်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးရယူကာ လက်ရှိမှာတော့ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းပြီး လာလီဂါမှာ ကစားနေသူပါ။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘန္တီကီ – လီဗာပူးလ္အသင္းဟာ ေစ်းႀကီးေပး ေခၚယူခဲ့ရၿပီး ထင္သေလာက္ ေျခစြမ္းမျပနိုင္ခဲ့လို႔ တြက္ေျခမကိုက္ခဲ့တဲ့ ဘယ္လ္ဂ်ီယံသား ဘန္တီကီကို ခရစၥတယ္ပဲေလ့စ္အသင္းထံ ေပါင္ ၃၂ သန္းနဲ႕ ေရာင္းခ်နိဳင္ခဲ့တာေၾကာင့္ ေငြေၾကးပိုင္းအရ အထိနာမႈ သက္သာခဲ့တယ္လို႔ ဆိုရမွာပါ။ သူဟာ ပဲ့ေလ့စ္အတြက္ အဖြင့္ရာသီမွာ ၁၅ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေနာက္ထပ္ ပြဲ ၇၀ အတြင္းမွာေတာ့ ၅ ဂိုးသာရရွိၿပီး ေျခစြမ္းက်ဆင္းသြားခဲ့ပါတယ္။

ဘာေလာ့တယ္လီ – ၂၀၁၆ မွာ လီဗာပူးလ္အသင္းကို စြန့္ခြာၿပီး ျပင္သစ္ကလပ္ နိုက္စ္နဲ႕ ပူးေပါင္းခဲ့သူပါ။ ႏွစ္အနည္းငယ္ အေျခက်ၿပီး အသင္းနဲ႕ တာထြက္ေကာင္းခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရာသီမွာေတာ့ ေမြးရပ္ေျမအသင္းျဖစ္တဲ့ ဘရက္စီယာကို ေျပာင္းခဲ့သလို စီးရီးေအကေန အသင္းတန္းဆင္းသြားခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ဇူလိုင္တည္းက အသင္းလက္မဲ့ျဖစ္ေနသူပါ။

အမ္မရီ ခ်န္ – ယူဗင္တပ္စ္အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခဲ့တဲ့ ဂ်ာမနီသားဟာ အဖြင့္ရာသီမွာပဲ အီတလီစီးရီးေအဖလားကို သိမ္းပိုက္နိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ေဒါ့မန္အသင္းထံ အငွားနဲ႕ ထပ္မံေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ေဒါ့မန္အသင္းထံ အၿပီးသတ္ေျပာင္းေ႐ြ႕မႈ ျပဳလုပ္ၿပီး ဘြန္ဒက္လီဂါမွာ အေျခခ်ကစားေနတာပါ။

စတားရစ္ခ်္ – လီဗာပူးလ္မွာ အဆိပ္ျပင္းျပင္းနဲ႕ ေတာက္ေလွ်ာက္ေျခစြမ္းတက္ခဲ့တဲ့ အဂ္လန္သားဟာ ဒဏ္ရာရဲ႕ထိုးႏွက္မႈကို အလူးအလဲခံခဲ့ရတာေနာက္ အသင္းမွာ ပြဲထြက္တေနရာ ေပ်ာက္ဆုံးခဲ့ရၿပီး တူရကီကလပ္ Trabzonspor ကို ေရာက္ရွိသြားခဲ့ပါတယ္။ ၁၆ ပြဲ မွာ ၇ ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေလာင္းကစားမႈေၾကာင့္ အသင္းက စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။

ေကာ္တင္ညို – လီဗာပူးလ္အသင္းရဲ႕ အႀကီးမားဆုံး စံခ်ိန္တင္ အေျပာင္းအေ႐ႊ႕အေနနဲ႕ ေကာ္တင္ညိုက ႏူးကမ့္ေျမအတြက္ လီဗာပူးလ္ကို စြန့္ခြာခဲ့သလို ဘာစီလိုနာမွာ အေျခမက်ခဲ့ဘဲ ဘိုင္ယန္ျမဴးနစ္အသင္းမွာ အငွားသြားေရာက္ကစားရင္း ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလားကို ပူပူႏြေးႏြေးရယူကာ လက္ရွိမွာေတာ့ ဘာစီလိုနာနဲ႕ ျပန္လည္ပူးေပါင္းၿပီး လာလီဂါမွာ ကစားေနသူပါ။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.