Premier League Transfer News

၃၁.၁၀.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ တုိက္စစ္မွဴးသစ္ ဖယ္ရန္ ေတာရက္စ္ဟာ အသင္းမွာ တစ္ရွိန္ထိုး ေတာက္ပလာႏုိင္ခဲ့တာဟာ သူ႕ရဲ႕ ရဲဝံ့တဲ့ ကစားပုံနဲ႔ ေဘာလုံးကၽြမ္းက်င္မွဳေတြေၾကာင့္ျဖစ္ၿပီး အားလုံးကို အခ်ိန္တုိအတြင္းမွာ ပါးစပ္အေဟာင္းသားျဖစ္ေစႏုိင္ခဲ့တယ္လုိ႔ ဂါးဒီးယန္းသတင္းဌာနသုံးသပ္။

– အင္တာမီလန္အသင္းရဲ႕ လူငယ္ေနာက္ခံလူ အလက္ဆန္ဒ႐ို ဘက္စတိုနီကို ေခၚယူလိုေနတာဟာ ေသခ်ာခိုင္လုံတဲ့ အေၾကာင္းျပခ်က္ ရွိေနၿပီး လက္ရွိအေကာင္းဆုံးေနာက္ခံလူ လာေပါ့တ္ထက္ ေကာင္းမြန္ေနခဲ့ ခံစစ္မွတ္တမ္းေၾကာင့္ျဖစ္ၿပီး ဒီရာသီမွာ ၉၂ ရာခိုင္ႏွဳန္း ေအာင္ျမင္ခဲ့တဲ့ သူ႕ရဲ႕ ေဘာလုံးေပးပုိ႔မွဳကိုလည္း ေမ့ထားလို႔ မရေၾကာင္း ေစာင့္ၾကည့္သူေတြ သုံးသပ္။

– ရွက္ဖီးလ္ယူႏိုက္တက္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္နဲ႔ ေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုတုိ႔ရဲ႕ တိုးတက္ေကာင္းမြန္လာတဲ့ ႀကံ့ခိုင္မွဳ အေျခအေနအရ ပြဲထြက္ခြင့္ ရရွိႏိုင္ဖို႔ ရွိေန။

– ပရီးမီးယားလိဂ္ကစားသမားေတြရဲ႕ ဒဏ္ရာရရွိမွဳ မ်ားျပားေနတဲ့ အေျခအေနေတြက ကစားသမားေတြကိုပါ သတိေပးေခါင္းေလာင္းသံလို ျဖစ္လာခဲ့ၿပီး မန္စီးတီးအသင္းရဲ႕ အဂၤလန္ေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာက သုံးရက္တစ္ပြဲကစားခ်င္ရင္ လူစားလဲမွဳ ငါးႀကိမ္ျပဳလုပ္ႏုိင္မွ ျဖစ္မယ္လုိ႔ သတိေပး။

– ဘာစီလိုနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ပစ္မွတ္ အဲရစ္ ဂါစီယာကို လာမယ့္ဇန္နဝါရီမွာ ထပ္မံႀကဳိးစားေခၚယူသြားဖို႔ ရွိေနၿပီး မန္စီးတီးအသင္းအေနနဲ႔ သူ႕ေနရာမွာ ျပန္လည္အစားထိုးမယ့္ ကစားသမားကို တစ္ခ်ိန္တည္းမွာ ရွာေဖြဖို႔ အလ်င္အျမန္ ႀကဳိးစားရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းကို ပယ္ခ်ၿပီး ၿမဳိ႕ခံၿပဳိင္ဘက္ စီးတီးကို ေျပာင္းေရႊ႕ဖို႔ သူ႕ရဲ႕သားအေနနဲ႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆားဘီးယားလူငယ္ေတာင္ပံကစားသမား ဖိလစ္ စတီဗာႏုိဗစ္ခ်္ရဲ႕ ဖခင္ျဖစ္သူက ေျပာၾကားသြား။

– မန္စီးတီးရဲ႕ အယ္လ္ဂ်ီးရီးယားေတာင္ပံကစားသမား ရီယက္ မာရက္ဇ္အေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ဂိုးသြင္းယူမွဳ ဒါမွမဟုတ္ ဖန္တီးမွဳ ျပဳလုပ္ႏုိင္ခဲ့ရင္ ပရီးမီးယားလိဂ္ ဂိုး ၁၀၀ မွာ ပါဝင္ပတ္သက္ႏုိင္တဲ့ စံခ်ိန္ကို ရရွိဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူးသစ် ဖယ်ရန် တောရက်စ်ဟာ အသင်းမှာ တစ်ရှိန်ထိုး တောက်ပလာနိုင်ခဲ့တာဟာ သူ့ရဲ့ ရဲဝံ့တဲ့ ကစားပုံနဲ့ ဘောလုံးကျွမ်းကျင်မှုတွေကြောင့်ဖြစ်ပြီး အားလုံးကို အချိန်တိုအတွင်းမှာ ပါးစပ်အဟောင်းသားဖြစ်စေနိုင်ခဲ့တယ်လို့ ဂါးဒီးယန်းသတင်းဌာနသုံးသပ်။

– အင်တာမီလန်အသင်းရဲ့ လူငယ်နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို ခေါ်ယူလိုနေတာဟာ သေချာခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေပြီး လက်ရှိအကောင်းဆုံးနောက်ခံလူ လာပေါ့တ်ထက် ကောင်းမွန်နေခဲ့ ခံစစ်မှတ်တမ်းကြောင့်ဖြစ်ပြီး ဒီရာသီမှာ ၉၂ ရာခိုင်နှုန်း အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဘောလုံးပေးပို့မှုကိုလည်း မေ့ထားလို့ မရကြောင်း စောင့်ကြည့်သူတွေ သုံးသပ်။

– ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ တောင်ပံကစားသမား ရီယက် မာရက်ဇ်နဲ့ နောက်ခံလူ ဂျာအို ကန်ဆယ်လိုတို့ရဲ့ တိုးတက်ကောင်းမွန်လာတဲ့ ကြံ့ခိုင်မှု အခြေအနေအရ ပွဲထွက်ခွင့် ရရှိနိုင်ဖို့ ရှိနေ။

– ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ ဒဏ်ရာရရှိမှု များပြားနေတဲ့ အခြေအနေတွေက ကစားသမားတွေကိုပါ သတိပေးခေါင်းလောင်းသံလို ဖြစ်လာခဲ့ပြီး မန်စီးတီးအသင်းရဲ့ အင်္ဂလန်နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာက သုံးရက်တစ်ပွဲကစားချင်ရင် လူစားလဲမှု ငါးကြိမ်ပြုလုပ်နိုင်မှ ဖြစ်မယ်လို့ သတိပေး။

– ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ပစ်မှတ် အဲရစ် ဂါစီယာကို လာမယ့်ဇန်နဝါရီမှာ ထပ်မံကြိုးစားခေါ်ယူသွားဖို့ ရှိနေပြီး မန်စီးတီးအသင်းအနေနဲ့ သူ့နေရာမှာ ပြန်လည်အစားထိုးမယ့် ကစားသမားကို တစ်ချိန်တည်းမှာ ရှာဖွေဖို့ အလျင်အမြန် ကြိုးစားရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းကို ပယ်ချပြီး မြို့ခံပြိုင်ဘက် စီးတီးကို ပြောင်းရွှေ့ဖို့ သူ့ရဲ့သားအနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ ဆားဘီးယားလူငယ်တောင်ပံကစားသမား ဖိလစ် စတီဗာနိုဗစ်ချ်ရဲ့ ဖခင်ဖြစ်သူက ပြောကြားသွား။

– မန်စီးတီးရဲ့ အယ်လ်ဂျီးရီးယားတောင်ပံကစားသမား ရီယက် မာရက်ဇ်အနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲမှာ ဂိုးသွင်းယူမှု ဒါမှမဟုတ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ရင် ပရီးမီးယားလိဂ် ဂိုး ၁၀၀ မှာ ပါဝင်ပတ်သက်နိုင်တဲ့ စံချိန်ကို ရရှိဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.