Premier League

ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲဟာ ဂျင်ပဲ့ချင်း ပေါက်ကြမယ့်ပွဲလို့ အာဆင်နယ်နောက်ခံလူဟောင်း ဝင်တာ ဘန်းဝေဖန်

ပရီးမီးယားလိဂ်ရဲ့ ရာဇဝင်မှာ အစဥ်အလာပြိုင်ဘက်ကောင်းတွေအဖြစ် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြပြီး ပရိသတ်တွေ အရသာရှိရှိစောင့်ကြည့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်ပွဲစဥ်ဟာ အသင်းအရှိန်အဝါ မှေးမှိန် ဖျော့တော့သွားခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် စူပါဆန်းဒေးပွဲစဥ်ဟာ ဂျင်ပဲ့ချင်း ပေါက်ကြမယ့်ပွဲလို့ အာဆင်နယ်နောက်ခံလူဟောင်း ဝင်တာ ဘန်းက ဝေဖန်သွားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်အပိုင်းအခြားတွေမှာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ အဆိပ်မဲ့အသင်းတွေ ဖြစ်လာခဲ့ပြီးနောက် ဒီနှစ်သင်း စီးချင်းထိုးတဲ့ ထိပ်တိုက်ရင်ဆိုင်ပွဲတွေဟာ အနှစ်သာရ ကင်းမဲ့သွားခဲ့တာ ကြာခဲ့ပြီဖြစ်ကြောင်း ဘန်းက ဝန်ခံသွားတာပါ။

ကမ္ဘာ့အဆင့် အရည်အသွေးရှိ ကစားသမားတွေကို နှစ်သင်းစလုံးက ခေါ်ယူအသုံးပြုနိုင်ခဲ့ခြင်း မရှိတာကြောင့် အရင်လို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ အဆင့်အတန်းမြင့်၊ ပေါက်ကွဲအားပြင်းပြင်းနဲ့ အနိုင်မခံ အရှုံးမပေးပုံစံ၊ စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းတဲ့ ထိပ်တိုက်ရင်ဆိုင်ပွဲတွေ မဟုတ်တော့ဘဲ သမ္ဘာ၊ ဝါ၊ အရှိန်အဝါ မရှိတော့တဲ့ နှစ်ဖက်အသင်း တို့ကာပင့်ကာနဲ့ တို့ကနန်း ဆိတ်ကနန်းကစားကြတဲ့ အဆင့်ကို လျှောကျသွားခဲ့ပြီဖြစ်ကြောင်း သူက ဆိုသွားခဲ့တာပါ။

” ကျွန်တော် ကစားစဥ်အချိန်တုန်းက ယူနိုက်တက်ဆိုတာ အသင်းတိုင်းက အပြင်းအထန် အနိုင်ယူချင်ကြတဲ့ အသင်းမျိုးပါ။ အာဆင်နယ်မှာဆိုရင် ယူနိုက်တက်ကို အနိုင်ရပြီ၊ သူတို့ကို အမှတ်ပေးဇယားမှာ ဖြတ်ချထားနိုင်ခဲ့ပြီဆိုရင်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာသလောက် ရှိနေပါပြီ”

” အသင်းရဲ့ကစားသမားတိုင်းက ပါဝင်ကစားလိုက်ရမှ ဂုဏ်ရှိမယ်လို့ ခံယူထားတဲ့ ဒီလို ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပွဲစဥ်မျိုးဟာ အခုတော့ ဂျင်ပဲ့ချင်းပေါက်ကြတဲ့ ပွဲအဆင့်အတန်းမျိုး ဖြစ်သွားပါပြီ။ ဝမ်းနည်းစရာပါ။ ” လို့ သူ့ရဲ့ သုံးသပ်မှုကို မချိတင်ကဲ ပြောပြသွားခဲ့တာပါ။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ရဲ႕ ရာဇဝင္မွာ အစဥ္အလာၿပိဳင္ဘက္ေကာင္းေတြအျဖစ္ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၾကၿပီး ပရိသတ္ေတြ အရသာရွိရွိေစာင့္ၾကည့္ခဲ့ရတဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႕ အာဆင္နယ္ပြဲစဥ္ဟာ အသင္းအရွိန္အဝါ ေမွးမွိန္ ေဖ်ာ့ေတာ့သြားခဲ့ၿပီ ျဖစ္တာေၾကာင့္ လာမယ့္ စူပါဆန္းေဒးပြဲစဥ္ဟာ ဂ်င္ပဲ့ခ်င္း ေပါက္ၾကမယ့္ပြဲလို႔ အာဆင္နယ္ေနာက္ခံလူေဟာင္း ဝင္တာ ဘန္းက ေဝဖန္သြားခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္အပိုင္းအျခားေတြမွာ ယူနိုက္တက္နဲ႕ အာဆင္နယ္အသင္းတို႔ဟာ အဆိပ္မဲ့အသင္းေတြ ျဖစ္လာခဲ့ၿပီးေနာက္ ဒီႏွစ္သင္း စီးခ်င္းထိုးတဲ့ ထိပ္တိုက္ရင္ဆိုင္ပြဲေတြဟာ အႏွစ္သာရ ကင္းမဲ့သြားခဲ့တာ ၾကာခဲ့ၿပီျဖစ္ေၾကာင္း ဘန္းက ဝန္ခံသြားတာပါ။

ကမၻာ့အဆင့္ အရည္အေသြးရွိ ကစားသမားေတြကို ႏွစ္သင္းစလုံးက ေခၚယူအသုံးျပဳနိုင္ခဲ့ျခင္း မရွိတာေၾကာင့္ အရင္လို ကမၻာ့အေကာင္းဆုံး ကစားသမားေတြနဲ႕ အဆင့္အတန္းျမင့္၊ ေပါက္ကြဲအားျပင္းျပင္းနဲ႕ အနိုင္မခံ အရႈံးမေပးပုံစံ၊ စိတ္လႈပ္ရွားမႈ အျပည့္အဝေပးစြမ္းတဲ့ ထိပ္တိုက္ရင္ဆိုင္ပြဲေတြ မဟုတ္ေတာ့ဘဲ သမၻာ၊ ဝါ၊ အရွိန္အဝါ မရွိေတာ့တဲ့ ႏွစ္ဖက္အသင္း တို႔ကာပင့္ကာနဲ႕ တို႔ကနန္း ဆိတ္ကနန္းကစားၾကတဲ့ အဆင့္ကို ေလွ်ာက်သြားခဲ့ၿပီျဖစ္ေၾကာင္း သူက ဆိုသြားခဲ့တာပါ။

” ကြၽန္ေတာ္ ကစားစဥ္အခ်ိန္တုန္းက ယူနိုက္တက္ဆိုတာ အသင္းတိုင္းက အျပင္းအထန္ အနိုင္ယူခ်င္ၾကတဲ့ အသင္းမ်ိဳးပါ။ အာဆင္နယ္မွာဆိုရင္ ယူနိုက္တက္ကို အနိုင္ရၿပီ၊ သူတို႔ကို အမွတ္ေပးဇယားမွာ ျဖတ္ခ်ထားနိုင္ခဲ့ၿပီဆိုရင္ကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသေလာက္ ရွိေနပါၿပီ”

” အသင္းရဲ႕ကစားသမားတိုင္းက ပါဝင္ကစားလိုက္ရမွ ဂုဏ္ရွိမယ္လို႔ ခံယူထားတဲ့ ဒီလို ပရီးမီးယားလိဂ္ရဲ႕ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံး ပြဲစဥ္မ်ိဳးဟာ အခုေတာ့ ဂ်င္ပဲ့ခ်င္းေပါက္ၾကတဲ့ ပြဲအဆင့္အတန္းမ်ိဳး ျဖစ္သြားပါၿပီ။ ဝမ္းနည္းစရာပါ။ ” လို႔ သူ႕ရဲ႕ သုံးသပ္မႈကို မခ်ိတင္ကဲ ေျပာျပသြားခဲ့တာပါ။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.