Premier League

ဟာဇက်နေရာ အစားထိုးမယ့် ဇီးယက်ရှ်ရဲ့ မှော်ဝင်အစွမ်းအစတွေကို အသေးစိတ်ရှင်းပြလိုက်တဲ့ လမ်းပတ်

ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ အိုင်းယက်အသင်းကနေ ချယ်လ်ဆီးအသင်းကို ပေါင် ၃၆ သန်းနဲ့ ရောက်ရှိိခဲ့လာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဟာကင်းမ် ဇီးယက်ရှ်ဟာ ဖန်တီးနိုင်စွမ်းမြင့်တဲ့ အသင်းတိုက်စစ်ဟန်ကို အမြင့်ဆုံး ပုံဖော်ပေးပြီး ဟာဇက်နေရာ အကောင်းဆုံးအစားထိုးနိုင်သူ ဖြစ်လာမယ်လို့ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မျှော်လင့်ထားကြောင်း သိရပါတယ်။

ဖြိုခွဲရခက်ပြီး ခံစစ်ကြောင်းမာကျောကျစ်လစ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဆိုပါ မိုရိုကိုသား ဘယ်သန်၊ ညာတောင်ပံတိုက်စစ်ကစားသမားဟာ ဟာဇက်နည်းတူ မှော်ဝင်ဖန်တီးမှုတွေနဲ့ အသင်းတိုက်စစ်ပိုင်း တဆင့်မြင့်သွားစေမှာဖြစ်ကြောင်း လမ်းပတ်က အခိုင်အမာ ယုံကြည်ထားတာပါ။

အသင်းကနေ အဓိက ကစားသမားဟောင်း ဟာဇက် ထွက်ခွာသွားပြီးနောင်ပိုင်း ပက်ဒရို နဲ့ ဝီလီယံတို့လည်း အသီးသီးစွန့်ခွာသွားခဲ့ကြလို့ ပေါက်ကွဲအား နဲ့ အဆင့်မြင့်ဖန်တီးမှုအရည်အသွေး ပျောက်ဆုံးနေတဲ့ ချယ််လ်ဆီးအသင်းမှာ ဇီးယက်ရှ်ရဲ့ အခန်းကဏ္ဍက အဓိကအစားထိုးပေးနိုင်ပြီး အသင်းရဲ့ ထိပ်တန်းအရေးကြီးကစားသမား ဖြစ်လာဖို့ရှိနေတယ်လို့ ချယ်လ်ဆီးပရိသတ်တွေနဲ့ ဝေဖန်သုံးသပ်သူတွေ​က ကောက်ချက်ချထားတယ်လိို့ သိရပါတယ်။

” ကျွန်တော်တို့မှာ ဟာဇက်၊ ပက်ဒရို၊ ဝီလီယံတို့လို ကစားသမားတွေရှိခဲ့ပေမယ့် သူတို့နေရာကို အဆင်သင့် အစားမထိုးနိုင်ခဲ့ပါဘူး။ ဟာကင်းမ်ကတော့ ဒီကွက်လပ်ကို မတူညီတဲ့ အရည်အသွေးတွေနဲ့ ဖြည့်စွမ်းပေးလာမယ့် ကစားသမားပါ။”

” သူက နံပါတ် ၁၀ နေရာမှာလည်း ကောင်းကောင်းကစားပေးနိုင်တာကြောင့် ကျွန်တော်တို့ တိုက်စစ်လိုအပ်ချက်အရ ကစားဟန်ကို ပြောင်းလွယ်ပြင်လွယ် ဖြစ်စေနိုင်မှာပါ။” လို့ လမ်းပတ်ကပြောကြားခဲ့ပြီး ဇီးယက်ရှ်ဟာ လာမယ့် ယနေ့ည ဘန်လေနဲ့ပွဲစဥ်မှာ ခံစစ်ကိုအထိုင်ချကစားမယ့် ဘန်လေကို ရင်ဆိုင်ထိုးဖောက်ဖို့ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် တာထွက်လာနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီႏွစ္ ႏြေရာသီအေျပာင္းအေ႐ႊ႕မွာ အိုင္းယက္အသင္းကေန ခ်ယ္လ္ဆီးအသင္းကို ေပါင္ ၃၆ သန္းနဲ႕ ေရာက္ရွိိခဲ့လာခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ ဟာကင္းမ္ ဇီးယက္ရွ္ဟာ ဖန္တီးနိုင္စြမ္းျမင့္တဲ့ အသင္းတိုက္စစ္ဟန္ကို အျမင့္ဆုံး ပုံေဖာ္ေပးၿပီး ဟာဇက္ေနရာ အေကာင္းဆုံးအစားထိုးနိုင္သူ ျဖစ္လာမယ္လို႔ ခ်ယ္လ္ဆီးအသင္းနည္းျပ လမ္းပတ္က ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။

ၿဖိဳခြဲရခက္ၿပီး ခံစစ္ေၾကာင္းမာေက်ာက်စ္လစ္တဲ့ အသင္းေတြနဲ႕ ရင္ဆိုင္ရတဲ့အခါ အဆိုပါ မိုရိုကိုသား ဘယ္သန္၊ ညာေတာင္ပံတိုက္စစ္ကစားသမားဟာ ဟာဇက္နည္းတူ ေမွာ္ဝင္ဖန္တီးမႈေတြနဲ႕ အသင္းတိုက္စစ္ပိုင္း တဆင့္ျမင့္သြားေစမွာျဖစ္ေၾကာင္း လမ္းပတ္က အခိုင္အမာ ယုံၾကည္ထားတာပါ။

အသင္းကေန အဓိက ကစားသမားေဟာင္း ဟာဇက္ ထြက္ခြာသြားၿပီးေနာင္ပိုင္း ပက္ဒရို နဲ႕ ဝီလီယံတို႔လည္း အသီးသီးစြန့္ခြာသြားခဲ့ၾကလို႔ ေပါက္ကြဲအား နဲ႕ အဆင့္ျမင့္ဖန္တီးမႈအရည္အေသြး ေပ်ာက္ဆုံးေနတဲ့ ခ်ယ္္လ္ဆီးအသင္းမွာ ဇီးယက္ရွ္ရဲ႕ အခန္းက႑က အဓိကအစားထိုးေပးနိုင္ၿပီး အသင္းရဲ႕ ထိပ္တန္းအေရးႀကီးကစားသမား ျဖစ္လာဖို႔ရွိေနတယ္လို႔ ခ်ယ္လ္ဆီးပရိသတ္ေတြနဲ႕ ေဝဖန္သုံးသပ္သူေတြ​က ေကာက္ခ်က္ခ်ထားတယ္လိို႔ သိရပါတယ္။

” ကြၽန္ေတာ္တို႔မွာ ဟာဇက္၊ ပက္ဒရို၊ ဝီလီယံတို႔လို ကစားသမားေတြရွိခဲ့ေပမယ့္ သူတို႔ေနရာကို အဆင္သင့္ အစားမထိုးနိုင္ခဲ့ပါဘူး။ ဟာကင္းမ္ကေတာ့ ဒီကြက္လပ္ကို မတူညီတဲ့ အရည္အေသြးေတြနဲ႕ ျဖည့္စြမ္းေပးလာမယ့္ ကစားသမားပါ။”

” သူက နံပါတ္ ၁၀ ေနရာမွာလည္း ေကာင္းေကာင္းကစားေပးနိုင္တာေၾကာင့္ ကြၽန္ေတာ္တို႔ တိုက္စစ္လိုအပ္ခ်က္အရ ကစားဟန္ကို ေျပာင္းလြယ္ျပင္လြယ္ ျဖစ္ေစနိုင္မွာပါ။” လို႔ လမ္းပတ္ကေျပာၾကားခဲ့ၿပီး ဇီးယက္ရွ္ဟာ လာမယ့္ ယေန႕ည ဘန္ေလနဲ႕ပြဲစဥ္မွာ ခံစစ္ကိုအထိုင္ခ်ကစားမယ့္ ဘန္ေလကို ရင္ဆိုင္ထိုးေဖာက္ဖို႔ ခ်ယ္လ္ဆီးအတြက္ ပရီးမီးယားလိဂ္ တာထြက္လာနိုင္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.