Premier League

၃၁.၁၀.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု


ချယ်လ်ဆီးဂိုးသမား မန်ဒီဟာ ဂန္တဝင်ဂိုးသမား ပီတာချက်နဲ့ စံချိန်ကို လိုက်မီသွားခဲ့ပြီး ပထမဆုံး ပါဝင်ကစားခဲ့တဲ့ ငါးပွဲမှာ တပွဲသာ ဂိုးပေးခဲ့ရပြီး လေးပွဲ ဂိုးမပေး ရအောင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို လာမယ့်ပွဲစဥ်မှာ ဒီစံချိန်ကို ချိုးဖျက်နိုင်မလား စောင့်ကြည့်ရမည်ဖြစ်။

တိုက်စစ်မှူး တီမို ဗာနာကို ချယ်လ်ဆီးအသင်းအတွက် ပုံမှန် ပင်နယ်တီကန်သွင်းသူအဖြစ် တွေ့မြင်ရဖွယ်ရှိနေပြီး အသင်းအတွက် ပင်တိုင် ပယ်နယ်တီကန်သွင်းသူကိုအပြီးသတ်ဆုံးဖြတ်ဖို့ နည်းပြလမ်းပတ်က တီမို ​ဗာနာ၊ ဂျော်ဂျင်ဟိုတို့အပါအဝင် ကစားသမားတွေနဲ့တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်။

ဟာကင်းမ် ဇီးယက်ရှ်ဟာကို ရရှိလိုက်တာဟာ ဘယ်ခြေအားသန်ပြီး ညာတောင်ပံတိုက်စစ်မှာ ကစားတတ်တဲ့ ကစားသမားတစ်ဦးကို ရလိုက်တာဖြစ်ပြီး သူဟာ ဘောလုံးပေးပို့မှုကို အမြဲရှာဖွေပြုလုပ်နေသူလို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်က ချီးကျူးခဲ့ပြီး နံပါတ် ၁၀ နေရာမှာလည်း ကစားနိုင်တဲ့ မိုရိုကိုသားရဲ့အရည်အသွေးကို သဘောကျနေ။

အီတလီဂျာနယ်လစ် စတီဖာနို ဘိုလ်ဒရီနီက ချယ်လ်ဆီးနည်းပြလမ်းပတ်ဟာ အသင်းမှာ အလွန်အမင်း အကာအကွယ်ပေးခံနေရကြောင်း ဝေဖန်ခဲ့ပြီး ဒီနေရာမှာ ဆာရီသာ ဖြစ်နေခဲ့ရင် ရာထူးက အထုတ်ခံရပြီးလောက်ပြီလို့ ပြောကြားခဲ့။

လူငယ် ယူ-၁၈ FA ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ချယ်လ်ဆီးလူငယ်အသင်းက မန်ချက်စတာယူနိုက်တက်လူငယ်အသင်းကို တိုက်စစ်မှူး ဘရိုင်ယန်ရဲ့ဂိုးနဲ့ အနိုင်ရကာ တနလ်ာနေ့၊ ဗိုလ်လုပွဲစဥ်မှာ မန်စီးတီးလူငယ်အသင်းနဲ့ တွေ့ဆုံရတော့မည်ဖြစ်။

တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေမြင့်တက်နေပေမယ့် မိမိတို့အသင်း ဂိုးများစွာ သွင်းယူနိုင်ခဲ့တာဖြစ်သလို ဇီးယက်ရှ် နဲ့ ပူလစ်ရှစ်ချ်တို့သာ ကြံ့ခိုင်မှုအပြည့်နဲ့ အကောင်းဆုံးပုံစံမှာ ရှိနေပါက အလိုရှိနေတဲ့ တိုက်စစ်ကစားဟန်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း နည်းပြ လမ်းပတ်ပြောကြား။

ကိုဗစ်ကူးစက်ရောဂါကြောင့် ကွာရန်တင်းစင်တာ ဝင်ရောက်နေရတဲ့ လန်ဒန်မြို့က နွမ်းပါးချို့တဲ့သူတွေကို ကျွေးမွေးဖို့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမား ရီးစ်ဂျိမ်းစ်က ပေါင် တစ်သောင်းတန်ဖိုးရှိ အစားအသောက်များ လှူဒါန်းသွားခဲ့ပြီး ပေါင် တသိန်းအထိ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ယ္လ္ဆီးဂိုးသမား မန္ဒီဟာ ဂႏၱဝင္ဂိုးသမား ပီတာခ်က္နဲ႕ စံခ်ိန္ကို လိုက္မီသြားခဲ့ၿပီး ပထမဆုံး ပါဝင္ကစားခဲ့တဲ့ ငါးပြဲမွာ တပြဲသာ ဂိုးေပးခဲ့ရၿပီး ေလးပြဲ ဂိုးမေပး ရေအာင္ လက္စြမ္းျပ ကာကြယ္နိုင္ခဲ့သလို လာမယ့္ပြဲစဥ္မွာ ဒီစံခ်ိန္ကို ခ်ိဳးဖ်က္နိုင္မလား ေစာင့္ၾကည့္ရမည္ျဖစ္။

တိုက္စစ္မႉး တီမို ဗာနာကို ခ်ယ္လ္ဆီးအသင္းအတြက္ ပုံမွန္ ပင္နယ္တီကန္သြင္းသူအျဖစ္ ေတြ႕ျမင္ရဖြယ္ရွိေနၿပီး အသင္းအတြက္ ပင္တိုင္ ပယ္နယ္တီကန္သြင္းသူကိုအၿပီးသတ္ဆုံးျဖတ္ဖို႔ နည္းျပလမ္းပတ္က တီမို ​ဗာနာ၊ ေဂ်ာ္ဂ်င္ဟိုတို႔အပါအဝင္ ကစားသမားေတြနဲ႕ေတြ႕ဆုံေဆြးႏြေးသြားမည္ျဖစ္။

ဟာကင္းမ္ ဇီးယက္ရွ္ဟာကို ရရွိလိုက္တာဟာ ဘယ္ေျခအားသန္ၿပီး ညာေတာင္ပံတိုက္စစ္မွာ ကစားတတ္တဲ့ ကစားသမားတစ္ဦးကို ရလိုက္တာျဖစ္ၿပီး သူဟာ ေဘာလုံးေပးပို႔မႈကို အၿမဲရွာေဖြျပဳလုပ္ေနသူလို႔ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္က ခ်ီးက်ဴးခဲ့ၿပီး နံပါတ္ ၁၀ ေနရာမွာလည္း ကစားနိုင္တဲ့ မိုရိုကိုသားရဲ႕အရည္အေသြးကို သေဘာက်ေန။

အီတလီဂ်ာနယ္လစ္ စတီဖာနို ဘိုလ္ဒရီနီက ခ်ယ္လ္ဆီးနည္းျပလမ္းပတ္ဟာ အသင္းမွာ အလြန္အမင္း အကာအကြယ္ေပးခံေနရေၾကာင္း ေဝဖန္ခဲ့ၿပီး ဒီေနရာမွာ ဆာရီသာ ျဖစ္ေနခဲ့ရင္ ရာထူးက အထုတ္ခံရၿပီးေလာက္ၿပီလို႔ ေျပာၾကားခဲ့။

လူငယ္ ယူ-၁၈ FA ဖလားၿပိဳင္ပြဲ၊ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ခ်ယ္လ္ဆီးလူငယ္အသင္းက မန္ခ်က္စတာယူနိုက္တက္လူငယ္အသင္းကို တိုက္စစ္မႉး ဘရိုင္ယန္ရဲ႕ဂိုးနဲ႕ အနိုင္ရကာ တနလ္ာေန႕၊ ဗိုလ္လုပြဲစဥ္မွာ မန္စီးတီးလူငယ္အသင္းနဲ႕ ေတြ႕ဆုံရေတာ့မည္ျဖစ္။

တိုက္စစ္ပိုင္းနဲ႕ပတ္သက္လို႔ ေဝဖန္မႈေတြျမင့္တက္ေနေပမယ့္ မိမိတို႔အသင္း ဂိုးမ်ားစြာ သြင္းယူနိုင္ခဲ့တာျဖစ္သလို ဇီးယက္ရွ္ နဲ႕ ပူလစ္ရွစ္ခ်္တို႔သာ ႀကံ့ခိုင္မႈအျပည့္နဲ႕ အေကာင္းဆုံးပုံစံမွာ ရွိေနပါက အလိုရွိေနတဲ့ တိုက္စစ္ကစားဟန္ကို ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း နည္းျပ လမ္းပတ္ေျပာၾကား။

ကိုဗစ္ကူးစက္ေရာဂါေၾကာင့္ ကြာရန္တင္းစင္တာ ဝင္ေရာက္ေနရတဲ့ လန္ဒန္ၿမိဳ႕က ႏြမ္းပါးခ်ိဳ႕တဲ့သူေတြကို ေကြၽးေမြးဖို႔ ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္ကစားသမား ရီးစ္ဂ်ိမ္းစ္က ေပါင္ တစ္ေသာင္းတန္ဖိုးရွိ အစားအေသာက္မ်ား လႉဒါန္းသြားခဲ့ၿပီး ေပါင္ တသိန္းအထိ ထပ္မံလႉဒါန္းသြားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.