Premier League

ပရီးမီးယားလိဂ်မှာ ငါးကြိမ် လူစားလဲခွင့်ပြုဖို့ နည်းပြ ကလော့ပ် နဲ့ ဂွာဒီယိုလာတို့ ဖိအားပေး တောင်းဆို

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ် နဲ့ မန်စီးတီးအသင်းနည်းပြ ပပ်ဂွာဒီယိုလာတို့ဟာ ဥရောပ စည်းမျဥ်းစနစ်အတိုင်း ငါးကြိမ် လူစားလဲခွင့်စည်းမျဥ်းကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြန်လည်အသက်သွင်းဖို့ FA ထံ ဖိအားပေး တောင်းဆိုခဲ့ကြောင်း သိရပြီး ဒါဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု နဲ့ ကျန်းမာရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

လ​က်ရှိရာသီ ပရီးမီးယားလိဂ်က ကစားသမားတွေဟာ ကြွက်သားဒဏ်ရာ အမြောက်အမြား ရရှိခံစားနေကြရပြီး ကစားသမားတွေအတွက် ငါးကြိမ် လူစားလဲခွင့်ဟာ အကျိုးကျေးဇူးများပြားစေတယ်လို့ အဆိုပါ နည်းပြတွေက အခိုင်အမာယူဆထားသလို ပြီးခဲ့တဲ့ သောကြာနေ့က အခုလို ဖိအားပေး တောင်းဆိုမှုကို အဆိုပြုတင်သွင်းခဲ့တာပါ။

အခုလို အဆိုပြုမှုကို ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ပရီးမီးယားလိဂ်ကလပ် အသင်း ၂၀ က မဲခွဲ ဆုံးဖြတ်ခဲ့ဖူးပြီး ၉ မဲ၊ ၁၁ မဲ နဲ့ ရှုံးနိမ့်ခဲ့သလို စက်တင်ဘာလ အစောပိုင်းမှာလည်း ထပ်မံရှုံးနိမ်ခဲ့ရသေးကြောင်း သိရပါတယ်။ ဒါပေမယ့် အသင်းကြီး ၆ သင်းဖြစ်တဲ့ Big Six ကတော့ ဆက်လက်ဖိအားပေးမှုပြုလုပ်ခဲ့ပြီး တတိယအကြိမ်မြောက် မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေခြင်းဖြစ်ကာ အခုတကြိမ်မှာတော့ ကလပ်အသင်း ၁၄ သင်းထံက ထောက်ခံမဲ ၁၄ မဲ ရရှိမှသာ ငါးကြိမ်လူစားလဲခွင့် စည်းမျဉ်းကို ပြန်လည်အတည်ပြုနိုင်ဖို့ အခွင့်အရေးများမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့ IFAB ကလည်း ဒီစည်းမျဥ်းကို ပြန်လည်သတ်မှတ်ပါက ဝင်ရောက်စွက်ဖက်သွားမှာ မဟုတ်ဘူးလို့ တရားဝင်ဆိုခဲ့သေးတာကြောင့် လာမယ့် ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေး ဆွေးနွေးပွဲမှာလည်း ဒီကိစ္စကို ဆက်လက် ဆွေးနွေးတိုင်ပင်သွားဖို့ ရှိနေတာပါ။

” ဒါဟာ ပရီးမီးယားလိဂ် ကစားသမားတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ကိစ္စရပ်ပါ။ ပြီးခဲ့တဲ့ ရာသီနဲ့ယှဥ်ရင် ကြွက်သားဒဏ်ရာရရှိမှု ၅၀ ရာနှုန်းအထိ မြင့်တက်လာတဲ့ အချက်အလက်က မျက်မြင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရာသီ နဲ့ ယခုရာသီကို တဆက်တည်းနီးပါး ကစားခဲ့ရလို့ အသင်းသားတွေ ကြံ့ခိုင်မှု နဲ့ အားအင်မပြည့်ဝခဲ့ကြပါဘူး ” လို့ ဂွာဒီယိုလာ က ဆိုခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ နဲ႕ မန္စီးတီးအသင္းနည္းျပ ပပ္ဂြာဒီယိုလာတို႔ဟာ ဥေရာပ စည္းမ်ဥ္းစနစ္အတိုင္း ငါးႀကိမ္ လူစားလဲခြင့္စည္းမ်ဥ္းကို ဒီရာသီ ပရီးမီးယားလိဂ္မွာ ျပန္လည္အသက္သြင္းဖို႔ FA ထံ ဖိအားေပး ေတာင္းဆိုခဲ့ေၾကာင္း သိရၿပီး ဒါဟာ ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈ နဲ႕ က်န္းမာေရးအတြက္ျဖစ္တယ္လို႔ ဆိုပါတယ္။

လ​က္ရွိရာသီ ပရီးမီးယားလိဂ္က ကစားသမားေတြဟာ ႂကြက္သားဒဏ္ရာ အေျမာက္အျမား ရရွိခံစားေနၾကရၿပီး ကစားသမားေတြအတြက္ ငါးႀကိမ္ လူစားလဲခြင့္ဟာ အက်ိဳးေက်းဇူးမ်ားျပားေစတယ္လို႔ အဆိုပါ နည္းျပေတြက အခိုင္အမာယူဆထားသလို ၿပီးခဲ့တဲ့ ေသာၾကာေန႕က အခုလို ဖိအားေပး ေတာင္းဆိုမႈကို အဆိုျပဳတင္သြင္းခဲ့တာပါ။

အခုလို အဆိုျပဳမႈကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၆ ရက္ေန႕က ပရီးမီးယားလိဂ္ကလပ္ အသင္း ၂၀ က မဲခြဲ ဆုံးျဖတ္ခဲ့ဖူးၿပီး ၉ မဲ၊ ၁၁ မဲ နဲ႕ ရႈံးနိမ့္ခဲ့သလို စက္တင္ဘာလ အေစာပိုင္းမွာလည္း ထပ္မံရႈံးနိမ္ခဲ့ရေသးေၾကာင္း သိရပါတယ္။ ဒါေပမယ့္ အသင္းႀကီး ၆ သင္းျဖစ္တဲ့ Big Six ကေတာ့ ဆက္လက္ဖိအားေပးမႈျပဳလုပ္ခဲ့ၿပီး တတိယအႀကိမ္ေျမာက္ မဲခြဲဆုံးျဖတ္ဖို႔ ျပင္ဆင္ေနျခင္းျဖစ္ကာ အခုတႀကိမ္မွာေတာ့ ကလပ္အသင္း ၁၄ သင္းထံက ေထာက္ခံမဲ ၁၄ မဲ ရရွိမွသာ ငါးႀကိမ္လူစားလဲခြင့္ စည္းမ်ဥ္းကို ျပန္လည္အတည္ျပဳနိုင္ဖို႔ အခြင့္အေရးမ်ားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ နိုင္ငံတကာ ေဘာလုံးဘုတ္အဖြဲ႕ IFAB ကလည္း ဒီစည္းမ်ဥ္းကို ျပန္လည္သတ္မွတ္ပါက ဝင္ေရာက္စြက္ဖက္သြားမွာ မဟုတ္ဘူးလို႔ တရားဝင္ဆိုခဲ့ေသးတာေၾကာင့္ လာမယ့္ ပရီးမီးယားလိဂ္ ရွယ္ယာရွင္မ်ား အစည္းအေဝး ေဆြးႏြေးပြဲမွာလည္း ဒီကိစၥကို ဆက္လက္ ေဆြးႏြေးတိုင္ပင္သြားဖို႔ ရွိေနတာပါ။

” ဒါဟာ ပရီးမီးယားလိဂ္ ကစားသမားေတြကို ကာကြယ္ေစာင့္ေရွာက္ေပးတဲ့ ကိစၥရပ္ပါ။ ၿပီးခဲ့တဲ့ ရာသီနဲ႕ယွဥ္ရင္ ႂကြက္သားဒဏ္ရာရရွိမႈ ၅၀ ရာႏႈန္းအထိ ျမင့္တက္လာတဲ့ အခ်က္အလက္က မ်က္ျမင္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့ရာသီ နဲ႕ ယခုရာသီကို တဆက္တည္းနီးပါး ကစားခဲ့ရလို႔ အသင္းသားေတြ ႀကံ့ခိုင္မႈ နဲ႕ အားအင္မျပည့္ဝခဲ့ၾကပါဘူး ” လို႔ ဂြာဒီယိုလာ က ဆိုခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.