Premier League

ဒီယုိဂို ဂ်ိဳတာကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္ ပစ္မွတ္ထားေန

ပရီးမီးယားလိဂ္ကလပ္ ဝုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္အသင္းမွာ ေျခစြမ္းျပသေနတဲ့ ေပၚတူဂီေတာင္ပံကစားသမား ဒီယိုဂို ဂ်ိဳတာကို လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

အသက္(၂၃)ႏွစ္အရြယ္သာ ရွိေသးတဲ့ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဂ်ဳိတာဟာ ၀ုဗ္လ္စ္အသင္းမွာ နည္းျပ ႏူႏို အက္စ္ပီရီတို ဆန္တိုရဲ႕ လက္ေအာက္မွာ ေျခစြမ္းျပေနႏိုင္သူျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ထက္ ဖလားပြဲေတြမွာ ပုိမိုၿပီး ေျခစြမ္းျပႏုိင္သလို ဟက္ထရစ္ႏွစ္ႀကိမ္လည္း ရရွိထားခဲ့သူပါ။

၀ုလ္ဗ္စ္အသင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္ (၃၃)ပြဲမွာ (၁၂)ဂိုးသြင္းၿပီး (၅)ဂိုးဖန္တီးေပးထားတဲ့ ဂ်ဳိတာရဲ႕ သူ႔ကစားပံုကို မန္ခ်က္စတာယူႏုိက္တက္နည္းျပ ဆိုးလ္ရွားက ေတာ္ေတာ္သေဘာက်ေနၿပီး လာမယ့္ေႏြရာသီမွာ အင္အားျဖည့္တင္းမယ့္စာရင္းထဲ ထည့္ထားတယ္လို႔ သိရၿပီး အထူးသျဖင့္ တစ္ပြဲနဲ႔တစ္ပြဲအၾကား သူ႕ရဲ႕ ေျခစြမ္းကြာဟမႈ အတက္အက်နည္းပါးတာေၾကာင့္လည္း ဆိုးလ္ရွားက သေဘာက်ေနတယ္လို႔ အီတလီသတင္းဌာနတစ္ခုက ဆိုပါတယ္။

ဒီရက္ပိုင္းအတြင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဆက္စပ္တဲ့ အေျပာင္းအေရႊ႕သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္လာရာမွာ ေတာင္ပံတုိက္စစ္ကို အားျဖည့္မယ့္အခ်က္က လူေျပာအမ်ားဆံုးျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက ေခၚယူခဲ့တဲ့ ဒန္နီယယ္ ဂ်ိမ္းစ္ဟာ ရာသီအစက ေတာက္ေလွ်ာက္ေျခစြမ္းျပခဲ့ေပမယ့္ ဒီဇင္ဘာလေနာက္ပိုင္းေတာ့ သြင္းဂိုးပါ၀င္ပတ္သက္မႈ သိသိသာသာ နည္းပါးသြားလို႔လည္း ျဖစ္ပါတယ္။

အထူးသျဖင့္ မန္ခ်က္စတာယူႏုိက္တက္လိုအသင္းမွာ ဒီထက္ပိုၿပီး နာမည္ႀကီးတဲ့ ေတာင္ပံကစားသမားမ်ဳိးေတြ ရွိသင့္တယ္လို႔ ပရိသတ္ေတြက ယံုၾကည္ေနၿပီး ေနာက္ဆုံးသတင္းေတြမွာ အဂၤလန္ေတာင္ပံကစား ေဂ်ဒန္ ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားေနသလို ဂ်ိဳတာကိုလည္း ေခၚယူဖို႔အတြက္ တစ္ၿပိဳင္တည္း ပစ္မွတ္ထားေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ ပေါ်တူဂီတောင်ပံကစားသမား ဒီယိုဂို ဂျိုတာကို လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဂျိုတာဟာ ဝုဗ်လ်စ်အသင်းမှာ နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုရဲ့ လက်အောက်မှာ ခြေစွမ်းပြနေနိုင်သူဖြစ်ပြီး ဒီနှစ်မှာတော့ ပရီးမီးယားလိဂ်ထက် ဖလားပွဲတွေမှာ ပိုမိုပြီး ခြေစွမ်းပြနိုင်သလို ဟက်ထရစ်နှစ်ကြိမ်လည်း ရရှိထားခဲ့သူပါ။

ဝုလ်ဗ်စ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် (၃၃)ပွဲမှာ (၁၂)ဂိုးသွင်းပြီး (၅)ဂိုးဖန်တီးပေးထားတဲ့ ဂျိုတာရဲ့ သူ့ကစားပုံကို မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တော်တော်သဘောကျနေပြီး လာမယ့်နွေရာသီမှာ အင်အားဖြည့်တင်းမယ့်စာရင်းထဲ ထည့်ထားတယ်လို့ သိရပြီး အထူးသဖြင့် တစ်ပွဲနဲ့တစ်ပွဲအကြား သူ့ရဲ့ ခြေစွမ်းကွာဟမှု အတက်အကျနည်းပါးတာကြောင့်လည်း ဆိုးလ်ရှားက သဘောကျနေတယ်လို့ အီတလီသတင်းဌာနတစ်ခုက ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း မန်ချက်စတာယူနိုက်တက်နဲ့ ဆက်စပ်တဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာရာမှာ တောင်ပံတိုက်စစ်ကို အားဖြည့်မယ့်အချက်က လူပြောအများဆုံးဖြစ်နေပြီး ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ်ဟာ ရာသီအစက တောက်လျှောက်ခြေစွမ်းပြခဲ့ပေမယ့် ဒီဇင်ဘာလနောက်ပိုင်းတော့ သွင်းဂိုးပါဝင်ပတ်သက်မှု သိသိသာသာ နည်းပါးသွားလို့လည်း ဖြစ်ပါတယ်။

အထူးသဖြင့် မန်ချက်စတာယူနိုက်တက်လိုအသင်းမှာ ဒီထက်ပိုပြီး နာမည်ကြီးတဲ့ တောင်ပံကစားသမားမျိုးတွေ ရှိသင့်တယ်လို့ ပရိသတ်တွေက ယုံကြည်နေပြီး နောက်ဆုံးသတင်းတွေမှာ အင်္ဂလန်တောင်ပံကစား ဂျေဒန် ဆန်ချိုကို အဓိက ပစ်မှတ်ထားနေသလို ဂျိုတာကိုလည်း ခေါ်ယူဖို့အတွက် တစ်ပြိုင်တည်း ပစ်မှတ်ထားနေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.