Premier League

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလားရဖို့ နှစ် ၂၀ ကြာသွားနိုင်တယ်လို့ ရိုင်ယန်ဂစ် သတိပေး

ပရီးမီးယားလိဂ်မှာ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့ဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ခြေစွမ်းနဲ့ စိုးမိုးနေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလား ပြန်လည်ရယူနိုင်ဖို့ နှစ်ပေါင်း ၂၀ကြာ စောင့်ဆိုင်းသွားရနိုင်တယ်လို့ ရိုင်ယန် ဂစ်က အသိပေးခဲ့ပြီး သူ့အသင်းဟောင်းကို စိုးရိမ်နေကြောင်း သိရပါတယ်။


ကမ္ဘာ့အဆင့်နည်းပြတွေဖြစ်တဲ့ နည်းဗျူတာမာစတာ ယာဂင် ကလော့ပ်နဲ့ ပပ် ဂွာဒီယိုလာတို့သာ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့မယ်ဆိုရင် ဒါဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် အဓိကစိန်ခေါ်မှုအဖြစ် အကြီးမားဆုံး အခက်အခဲနဲ့ ရင်ဆိုင်သွားရတော့မှာဖြစ်တယ်လို့ ဂစ်က ယုံကြည်နေတာပါ။


ယူနိုက်တက်အသင်းဟာ နည်းပြဟောင်း ဖာဂူဆန်လက်ထက် ၂၀၁၃ ခုနှစ်က ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဒီအောင်မြင်မှုကို မရှိတော့တာ ရှစ်နှစ်ကာလထဲ ရောက်ရှိလာခဲ့သလို လီဗာပူးလ်အသင်းဟာ လာမယ့် နှစ်ပေါင်းများစွာမှာ ပရီးမီးယားလိဂ်အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းသွားနိုင်မယ့် ကစားသမားစုဖွဲ့မှု နဲ့ အင်အားတွေကို ပိုင်ဆိုင်ထားပြီး ဒီအရိပ်အယောင်တွေကို မျက်ဝါးထင်ထင် မြင်တွေ့နေရကြောင်း ဂစ်က ဆိုသွားခဲ့ပါတယ်။


” ယာဂင် ကလော့ပ်တောင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လီဗာပူးလ်အသင်းကို လေးနှစ်ခဲဲ့ကြာ တည်ဆောက်ခဲ့ရတာပါ။ သူ ဘာလုပ်ခဲ့လဲဆိုတာကို ကြည့်ဖို့ လိုပါတယ်။ သူ့အသင်းကို တရာသီချင်း အဆင့်မြှင့်တင်လာခဲ့ပြီး ချန်ပီယံလိဂ်ဖလားအထိ ရယူပြီး တဆင့်ချင်း တက်လာခဲ့တာပါ။ အောင်မြင်မှုကို တည်ဆောက်ယူပြနိုင်တဲ့အသင်းက ဖိအားကင်းကင်း ကစားနိုင်တော့တာပါပဲ” လို့ သူက ပြောခဲ့ပါတယ်။


ရိုင်ယန်ဂစ်ဟာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရာမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး နှစ် ၃၀ အကြာမှ တကျော့ပြန် ပြည်တွင်းချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်း ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ကြည့်ပြီး ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ခြေလှမ်းတွေကို အတုယူသွားဖို့ လိုအပ်တယ်လို့ ဂစ်က ယူဆနေကြောင်း သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ နဲ႕ မန္စီးတီးအသင္းတို႔ဟာ ကမၻာ့ထိပ္တန္းအဆင့္ေျခစြမ္းနဲ႕ စိုးမိုးေနတာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ဖလား ျပန္လည္ရယူနိုင္ဖို႔ ႏွစ္ေပါင္း ၂၀ၾကာ ေစာင့္ဆိုင္းသြားရနိုင္တယ္လို႔ ရိုင္ယန္ ဂစ္က အသိေပးခဲ့ၿပီး သူ႕အသင္းေဟာင္းကို စိုးရိမ္ေနေၾကာင္း သိရပါတယ္။


ကမၻာ့အဆင့္နည္းျပေတြျဖစ္တဲ့ နည္းဗ်ဴတာမာစတာ ယာဂင္ ကေလာ့ပ္နဲ႕ ပပ္ ဂြာဒီယိုလာတို႔သာ ပရီးမီးယားလိဂ္မွာ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ေနခဲ့မယ္ဆိုရင္ ဒါဟာ ယူနိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔အတြက္ အဓိကစိန္ေခၚမႈအျဖစ္ အႀကီးမားဆုံး အခက္အခဲနဲ႕ ရင္ဆိုင္သြားရေတာ့မွာျဖစ္တယ္လို႔ ဂစ္က ယုံၾကည္ေနတာပါ။


ယူနိုက္တက္အသင္းဟာ နည္းျပေဟာင္း ဖာဂူဆန္လက္ထက္ ၂၀၁၃ ခုႏွစ္က ပရီးမီးယားလိဂ္ဖလားကို ေနာက္ဆုံးဆြတ္ခူးနိုင္ခဲ့ျခင္းျဖစ္ၿပီး ဒီေအာင္ျမင္မႈကို မရွိေတာ့တာ ရွစ္ႏွစ္ကာလထဲ ေရာက္ရွိလာခဲ့သလို လီဗာပူးလ္အသင္းဟာ လာမယ့္ ႏွစ္ေပါင္းမ်ားစြာမွာ ပရီးမီးယားလိဂ္ေအာင္ျမင္မႈကို ေရရွည္ထိန္းသိမ္းသြားနိုင္မယ့္ ကစားသမားစုဖြဲ႕မႈ နဲ႕ အင္အားေတြကို ပိုင္ဆိုင္ထားၿပီး ဒီအရိပ္အေယာင္ေတြကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေနရေၾကာင္း ဂစ္က ဆိုသြားခဲ့ပါတယ္။


” ယာဂင္ ကေလာ့ပ္ေတာင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ လီဗာပူးလ္အသင္းကို ေလးႏွစ္ခဲဲ့ၾကာ တည္ေဆာက္ခဲ့ရတာပါ။ သူ ဘာလုပ္ခဲ့လဲဆိုတာကို ၾကည့္ဖို႔ လိုပါတယ္။ သူ႕အသင္းကို တရာသီခ်င္း အဆင့္ျမႇင့္တင္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားအထိ ရယူၿပီး တဆင့္ခ်င္း တက္လာခဲ့တာပါ။ ေအာင္ျမင္မႈကို တည္ေဆာက္ယူျပနိုင္တဲ့အသင္းက ဖိအားကင္းကင္း ကစားနိုင္ေတာ့တာပါပဲ” လို႔ သူက ေျပာခဲ့ပါတယ္။


ရိုင္ယန္ဂစ္ဟာ ယူနိုက္တက္အသင္းရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဆြတ္ခူးရာမွာ အဓိက ကစားသမားအျဖစ္ ပါဝင္ခဲ့သူျဖစ္ၿပီး ႏွစ္ ၃၀ အၾကာမွ တေက်ာ့ျပန္ ျပည္တြင္းခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးလ္အသင္း ဘာေတြလုပ္ခဲ့တယ္ ဆိုတာကို ၾကည့္ၿပီး ယူနိုက္တက္အသင္းအေနနဲ႕ သူတို႔ရဲ႕ ေျခလွမ္းေတြကို အတုယူသြားဖို႔ လိုအပ္တယ္လို႔ ဂစ္က ယူဆေနေၾကာင္း သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.