Premier League

ဝှက်ဖဲတစ်ချက်သုံးကာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ဆက်ပြီးအနိုင်ယူဦးမယ်လို့ အာတီတာကြုံးဝါး

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ည ယူရိုပါလိဂ်ပွဲစဥ်မှာ Dundalk အသင်းကို သုံးဂိုးပြတ် နဲ့ ခြေပြတ်၊ ဂိုးပြတ် သက်သောင့်သက်သာ အနိုင်ယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖို့ဒ်မှာ ဆက်ပြီး အနိုင်ယူပြဦးမယ်လို့ ကြွေးကြော်သွားခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ Dundalk အသင်းကို နကီးတီးယား၊ ဂျိုးဝီလော့ခ်၊ ပေပေတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင် ၃ မှတ် ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာ ရာနှုန်းပြည့်န်ိုင်ပွဲကို ဆက်လက်ရယူထားခဲ့သလို ဒီနိုင်ပွဲပြီးတာနဲ့ ယူနိုက်တက်အသင်းနဲ့ပွဲအတွက် အလျင်မြန်ဆုံးနဲ့ ချက်ချင်းအာရုံစိုက်ထားကြဖို့ အာတီတာက အသင်းသားတွေကို သတိပေး မှာကြားထားခဲ့ပါ။

” နိုင်ပွဲက လွယ်သယောင် မြင်ရပေမယ့်ကျွန်တော်တို့ ပွဲစတည်းက စည်းစနစ်ကျကျနဲ့ ကစားခဲ့တာပါ။ တခြားကစားသမားတွေကိုလည်း အလှည့်ပေးကစားခဲ့ပြီး ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ ”

“အခွင့်အရေးရတဲ့ အသင်းသားတွေကလည်း ထိုက်တန်စွာပဲ ကောင်းကောင်းကစားပြခဲ့ကြပါတယ် ။ လက်စတာကို အိမ်ကွင်းမှာ နာကျင်ဖွယ်ရာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်မှာ ပြန်လည်ရုန်းထရပါတော့မယ်။ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာမာကျောမှုနဲ့အတူ အိုးထရက်ဖို့ဒ်ကိုသွားပြီး ယူနိုက်တက်အသင်းကို ထပ်ပြီး အနိုင်ယူပြဦးမယ်” လို့ အာတီတာက BT Sport ကို ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အာတီတာဟာ အသင်းရဲ့ဘယ်တောင်ပံအစွန်နေရာမှာ အများဆုံးပွဲထွက်ကစားနေတဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ လက်စတာနဲ့ပွဲမှာ ဂိုးပေါက်တည့်မှ တကြိမ်မှ မရှိခဲ့ကြောင့် သူ့အတွက် ကစားရမယ့် နေရာကိုလည်း နည်းဗျူဟာအရ နေရာအ​ပြောင်းအလဲလုပ်သွားဖွယ် ရှိနေပြီး ပေါင် ၅၆ သန်းတန် ဂါဘွန်တိုက်စစ်မှူး ယူနိုက်တက်ကို ထိုးနှက်မယ့် အာတီတာရဲ့ ဝှက်ဖဲတချပ်ဖြစ်လာမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမယ့် အခြေအနေကို အာတီတာစီစဥ်နေကြောင်း သိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ည ယူရိုပါလိဂ္ပြဲစဥ္မွာ Dundalk အသင္းကို သုံးဂိုးျပတ္ နဲ႕ ေျချပတ္၊ ဂိုးျပတ္ သက္ေသာင့္သက္သာ အနိုင္ယူနိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အသင္းကို အိုးထရက္ဖို႔ဒ္မွာ ဆက္ၿပီး အနိုင္ယူျပဦးမယ္လို႔ ေႂကြးေၾကာ္သြားခဲ့ေၾကာင္း သိရပါတယ္။

အာဆင္နယ္ဟာ Dundalk အသင္းကို နကီးတီးယား၊ ဂ်ိဳးဝီေလာ့ခ္၊ ေပေပတို႔ရဲ႕ သြင္းဂိုးေတြနဲ႕ အနိုင္ ၃ မွတ္ ရရွိေအာင္စြမ္းေဆာင္နိုင္ခဲ့ၿပီး ယူရိုပါလိဂ္မွာ ရာႏႈန္းျပည့္န္ိုင္ပြဲကို ဆက္လက္ရယူထားခဲ့သလို ဒီနိုင္ပြဲၿပီးတာနဲ႕ ယူနိုက္တက္အသင္းနဲ႕ပြဲအတြက္ အလ်င္ျမန္ဆုံးနဲ႕ ခ်က္ခ်င္းအာ႐ုံစိုက္ထားၾကဖို႔ အာတီတာက အသင္းသားေတြကို သတိေပး မွာၾကားထားခဲ့ပါ။

” နိုင္ပြဲက လြယ္သေယာင္ ျမင္ရေပမယ့္ကြၽန္ေတာ္တို႔ ပြဲစတည္းက စည္းစနစ္က်က်နဲ႕ ကစားခဲ့တာပါ။ တျခားကစားသမားေတြကိုလည္း အလွည့္ေပးကစားခဲ့ၿပီး ေျပာင္းလဲမႈေတြ အမ်ားႀကီး လုပ္ခဲ့ပါတယ္။ ”

“အခြင့္အေရးရတဲ့ အသင္းသားေတြကလည္း ထိုက္တန္စြာပဲ ေကာင္းေကာင္းကစားျပခဲ့ၾကပါတယ္ ။ လက္စတာကို အိမ္ကြင္းမွာ နာက်င္ဖြယ္ရာ ရႈံးနိမ့္ခဲ့ၿပီးေနာက္မွာေတာ့ ပရီးမီးယားလိဂ္မွာ ျပန္လည္႐ုန္းထရပါေတာ့မယ္။ ကြၽန္ေတာ္တို႔ စိတ္ပိုင္းဆိုင္ရာမာေက်ာမႈနဲ႕အတူ အိုးထရက္ဖို႔ဒ္ကိုသြားၿပီး ယူနိုက္တက္အသင္းကို ထပ္ၿပီး အနိုင္ယူျပဦးမယ္” လို႔ အာတီတာက BT Sport ကို ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ အာတီတာဟာ အသင္းရဲ႕ဘယ္ေတာင္ပံအစြန္ေနရာမွာ အမ်ားဆုံးပြဲထြက္ကစားေနတဲ့ တိုက္စစ္မႉး အူဘာမီယန္းဟာ လက္စတာနဲ႕ပြဲမွာ ဂိုးေပါက္တည့္မွ တႀကိမ္မွ မရွိခဲ့ေၾကာင့္ သူ႕အတြက္ ကစားရမယ့္ ေနရာကိုလည္း နည္းဗ်ဴဟာအရ ေနရာအ​ေျပာင္းအလဲလုပ္သြားဖြယ္ ရွိေနၿပီး ေပါင္ ၅၆ သန္းတန္ ဂါဘြန္တိုက္စစ္မႉး ယူနိုက္တက္ကို ထိုးႏွက္မယ့္ အာတီတာရဲ႕ ဝွက္ဖဲတခ်ပ္ျဖစ္လာမလားဆိုတာကို စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္သြားရမယ့္ အေျခအေနကို အာတီတာစီစဥ္ေနေၾကာင္း သိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.