Premier League
ဘက်ဗစ်တာ ပင်တိုင်ပွဲခန့်မှန်းရှင် မိုက်ကယ်အိုဝင်၏ ပရီးမီးယားလိဂ် ပွဲစဉ် ၇အတွက် ခန့်မှန်းချက်များ
လက်စတာအသင်းက အာဆင်နယ်ကို အဝေးကွင်းမှာ ပူပူနွေးနွေးအနိုင်ယူထားတာကြောင့် အရှိန်တက်နေသလို လိဒ်စ်တိုက်စစ်မှူး ဘမ်းဖို့ဒ်ရဲ့ ဂိုးသွင်းအားကလည်း ကြောက်စရာဖြစ်နေတာမို့ အိုဝင်က လိဒ်စ်ယူနိုက်တက် ၂-၁ လက်စတာစီးတီး ရလာဒ်ကို ခန့်မှန်းခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက် ၂-၁ လက်စတာစတီး
ပြီးခဲ့တဲ့အပတ်က ရှုံးပွဲကြုံပြီး နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတဲ့ အဲဗာတန် ဘယ်လိုပြန်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ နယူးကာဆယ်က အ်ိမ်ကွင်းမှာ ဧည့်ခံကစားရမယ့် ဒီပွဲစဥ်ကိုတော့ တဖက်တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်လာမယ်လို့ အိုဝင်က ခန့်မှန်းခဲ့ပါတယ်။
နယူးကာဆယ် ၁-၁ အဲဗာတန်
ဘန်လေနဲ့ပွဲမှာ ရလဒ်ကောင်းရခဲ့တဲ့ စပါးအသင်းက ရလဒ်ပိုင်းမတည်ငြိမ်သေးတဲ့ ဘရိုက်တန်အသင်းကို အသာရဖို့ ရှိနေပြီး ဒီပွဲမှာတော့ အိုဝင်က ပထမပိုင်း သရေကျကာ ပွဲအပြီးမှာ စပါးကပ်နိုင်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ၂-၁ ဘရိုက်တန်
ခရက်စ်နိုဒါနဲ့ပွဲမှာ ရုရှားမြေပေါ် ခြေစွမ်းပြသပြီး ဂိုးပြတ်အောင်ပွဲဆင်ထားတဲ့ ချယ်လ်ဆီးက အတက်ဘက်မှာရှိနေပြီး အိုဝင်ကတော့ ပေးဂိုးမရှိ Clean Sheet နဲ့ ချယ်လ်ဆီး ၂ ဂိုးပြတ်နိုင်သွားမယ်လို့ ဆိုပါတယ်။
ဘန်လေ ၀-၂ ချယ်လ်ဆီး
ချန်ပီယံလိဂ်မှာ ခြေစွမ်းပြ ဂိုးမြူးခဲ့တဲ့ မန်စီးတီးအသင်းဟာ ခြေစွမ်းအကျပိုင်းထဲက ရှက်ဖီးလ်အသင်းကို အသာရသွားဖို့ရှိနေပြီး ဒီပွဲမှာတော့ နှစ်ဖက်လုံး အပြန်အလှန် ဂိုးသွင်းကာ မန်စီးတီးက တဂိုးအသာနဲ့ ကပ််နိုင်သွားမယ်လို့ အိုဝင်ရဲ့ခန့်မှန်းမှုက ရှိနေခဲ့ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက် ၁-၂ မန်စီးတီး
ဒီပွဲမှာတော့ မာနေးဂိုးသွင်းနိုင်ခြေရှိမယ်လို့ အိုဝင်က ခန့်မှန့်သွားခဲ့ပြန်ပြီး ဝက်စ်ဟမ်းအသင်းက လီဗာပူးလ်ကို ကောင်းကောင်းဒုက္ခပေးမှာဖြစ်ပေမယ့် နည်းပြ ကလော့ပ်ကိုယုံကြည်လို့ လီဗာပူးလ် ဂိုးပြတ်အနိုင်လို့ ဆိုခဲ့ပါတယ်။
လီဗာပူးလ် ၃-၁ ဝက်စ်ဟမ်း
စူပါဆန်းဒေးရဲ့အဓိကထားရမယ့် အစဥ်အလာပြိုင်ဘက် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ပွဲစဥ်ကတော့ မလွတ်တမ်း စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ အိုးထရက်ဖို့ဒ်မှာ လိုက်ပ်ဇစ်ကို ငါးဂိုးသွင်းယူထားတဲ့ ယူနိုက်တက် စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းပါအမြင့်ဆုံးကို ရောက်ရှိနေမှာဖြစ်ပြီး နောက်ဆုံးပွဲရလာဒ်အရ အာဆင်နယ် အနည်းငယ်ခြေကျသွားခဲ့ပါတယ်။ အိုဝင်က ယူနိုက်တက် ရဲ့ အဓိက အန္တရာယ်ရှိမယ့် ကစားသမား ရက်ဖို့ဒ်ကိုသာ ထိန်းထားနိုင်ရင် အာဆင်နယ်အနေနဲ့ အနည်းဆုံး သရေတမှတ်နဲ့ အတူ တဂိုးကပ်အသာနဲ့ အာဆင်နယ် အနိုင်ဘက်ကရှိနေကြောင်း ခန့်မှန်းမှုပြုလုပ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ၁-၁ အာဆင်နယ်
REF: BETVICTOR
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
နယူးကာဆယ် ၁-၁ အဲဗာတန်
ဘန်လေ ၀-၂ ချယ်လ်ဆီး
ချန်ပီယံလိဂ်မှာ ခြေစွမ်းပြ ဂိုးမြူးခဲ့တဲ့ မန်စီးတီးအသင်းဟာ ခြေစွမ်းအကျပိုင်းထဲက ရှက်ဖီးလ်အသင်းကို အသာရသွားဖို့ရှိနေပြီး ဒီပွဲမှာတော့ နှစ်ဖက်လုံး အပြန်အလှန် ဂိုးသွင်းကာ မန်စီးတီးက တဂိုးအသာနဲ့ ကပ်နိုင်သွားမယ်လို့ အိုဝင်ရဲ့ခန့်မှန်းမှုက ရှိနေခဲ့ပါတယ်။
REF: BETVICTOR
SPORTS A2Z.