Premier League

၃၀.၁၀.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းရဲ့ နည်းပြတယောက်အနေနဲ့ ခရစ္စတီယန် ပူလစ်ရှစ်ချ်ရဲ့ ခြေစွမ်း နဲ့ အရည်အချင်း အပေါ် ဘယ်တုန်းကမှ သံသယမရှိခဲ့သလို အမေရိကန်မှာ ကိုယ်တိုင် ၁၈လ ကစားခဲ့ဖူးလို့ အမေရိကန်ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ နည်းစနစ်ပိုင်းဆိုင်ရာကို လျှော့တွက်လို့မရကြောင်း ဖရန့် လမ်းပတ်က ဝေဖန်မှုတွေကို တုံ့ပြန်သွား။

သီယာဂို ဆေးလ်ဗားဟာ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး ဂိုးသမား ကီပါက ပခုံးဒဏ်ရာက သက်သာလာပြီဖြစ်သလို လာမယ့် ဘန်လေနဲ့ပွဲအတွက် လောလောဆယ် ဒဏ်ရာပြဿနာကင်းစင်နေကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်အတည်ပြုခဲ့။

ချယ်လ်ဆီးနည်းပြလမ်းပတ် ၄-၃-၃ ကစားကွက်နဲ့ ပတ်သက်လို့ ဒီကစားကွက်က မနှစ်ကအသင်းကို များစွာအကျိုးပြုခဲ့ပေမယ့် ကစားသမားအသစ်တွေ ရောက်ရှိလာခဲ့တာ​ကြောင့် ကစားကွက်ဟာ ပြောင်းလွယ် ပြင်လွယ်ရှိဖို့ လိုအပ်ကြောင်း နဲ့ အသင်းရဲ့ဟန်ချက်ကို ကောင်းမွန်အောင် ကြိုးစားရကြောင်း ပြောကြားခဲ့။

ခရက််စ်နိုဒါအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာ မိမိသွင်းယူနိုင်ခဲ့တဲ့ ပင်နယ်တီဂိုးဟာ ပွဲကို အနိုင်ရရှိဖို့ များစွာအထောက်အကူဖြစ်ခဲ့ပြီး ခရက်စ်နိုဒါအသင်းဟာ မိမိတို့ကို အခက်အခဲအများကြီး တွေ့စေခဲ့တာကြောင့် လေးဂိုးပြတ်ရလဒ်ဟာ လွယ်လွယ်ရခဲ့တာ မဟုတ်ကြောင်း ချယ်လ်ဆီးတိုက်စစ်မှူး တီမို ဗာနာဖွင့်ဟ။

ခရက်စ်နိုဒါအသင်းနဲ့ပွဲမှာ ချယ်ဆီးအသင်းအတွက် ပရိသတ်တွေကပေးတဲ့ Man Of The Match ဆုကို ခြေစွမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ပထမဆုံး တရားဝင်ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ ကစားသမားသစ် ဟာကင်းမ် ဇီးယက်ရှ်က ရရှိသွားခဲ့။


ခရက်စ်နိုဒါအသင်းနဲ့ပွဲမှာ မိမိသာ ဟဒ်ဆန်အိုဒွိုင်း (သို့) ဇီးယက်ရှ်တို့ရဲ့ နေရာမှာ ဝင်ကစားခဲ့ရပါက အနည်းဆုံး ​ေနာက်ထပ်တဂိုး၊ နှစ်ဂိုး ထပ်ရခဲ့မှာ အသေအချာပဲဖြစ်တယ်လို့ ချယ်လ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်ကဆိုခဲ့ပြီး တီမို ဝါနာဟာ ပင်နယ်တီကန်ချက်တွေကို တာဝန်ယူနိုင်တဲ့ နောက်ထပ်ကစားသမားတယောက်ဖြစ်ကြောင်း ပြသခဲ့တယ်လို့ဆို။

ချယ်လ်ဆီးနည်းပြလမ်းပတ်ဟာ အသင်းနဲ့ အရန်အင်အားနဲ့ ပတ်သက်လို့ ကစားသမားတိုင်းဟာ ခရစ္စမတ်စ်ကာလတဝိုက် Boxing Day မှာ ၃ရက် တပွဲ ကစားရမယ့် အနေအထားမှာ အလှည့်ကျစနစ် ရှိလာမှာကို နားလည်ထားကြပြီး ၊ အသင်းသားတိုင်းကို မိမိတို့ လိုအပ်တယ်လို့ အသိပေးခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ချယ်လ်ဆီးအသင်းရဲ့ နည်းပြတယောက်အနေနဲ့ ခရစ္စတီယန် ပူလစ်ရှစ်ခ်ျရဲ့ ခြေစွမ်း နဲ့ အရည်အချင်း အပေါ် ဘယ်တုန်းကမှ သံသယမရှိခဲ့သလို အမေရိကန်မှာ ကိုယ်တိုင် ၁၈လ ကစားခဲ့ဖူးလို့ အမေရိကန်ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ နည်းစနစ်ပိုင်းဆိုင်ရာကို လျှော့တွက်လို့မရကြောင်း ဖရန့် လမ်းပတ်က ဝေဖန်မှုတွေကို တုံ့ပြန်သွား။


သီယာဂို ဆေးလ်ဗားဟာ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး ဂိုးသမား ကီပါကက ပခုံးဒဏ်ရာက သက်သာလာပြီဖြစ်သလို လာမယ့် ဘန်လေနဲ့ပွဲအတွက် လောလောဆယ် ဒဏ်ရာပြဿနာကင်းစင်နေကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ်အတည်ပြုခဲ့။




ခရက်စ်နိုဒါအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မိမိသွင်းယူနိုင်ခဲ့တဲ့ ပင်နယ်တီဂိုးဟာ ပွဲကို အနိုင်ရရှိဖို့ များစွာအထောက်အကူဖြစ်ခဲ့ပြီး ခရက်စ်နိုဒါအသင်းဟာ မိမိတို့ကို အခက်အခဲအများကြီး တွေ့စေခဲ့တာကြောင့် လေးဂိုးပြတ်ရလဒ်ဟာ လွယ်လွယ်ရခဲ့တာ မဟုတ်ကြောင်း ချယ်လ်ဆီးတိုက်စစ်မှူး တီမို ဗာနာဖွင့်ဟ။




ခရက်စ်နိုဒါအသင်းနဲ့ပွဲမှာ မိမိသာ ဟဒ်ဆန်အိုဒွိုင်း (သို့) ဇီးယက်ရှ်တို့ရဲ့ နေရာမှာ ဝင်ကစားခဲ့ရပါက အနည်းဆုံး ​နောက်ထပ်တဂိုး၊ နှစ်ဂိုး ထပ်ရခဲ့မှာ အသေအချာပဲဖြစ်တယ်လို့ ချယ်လ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်ကဆိုခဲ့ပြီး တီမို ဝါနာဟာ ပင်နယ်တီကန်ချက်တွေကို တာဝန်ယူနိုင်တဲ့ နောက်ထပ်ကစားသမားတယောက်ဖြစ်ကြောင်း ပြသခဲ့တယ်လို့ဆို။



REF: INTERNET SOURCES
SPORTS A2Z.