Premier League

၃၀.၁၀.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

– တစ္ႏွစ္အတြင္း အထူးခၽြန္ဆုံး အားကစားသမားဆုနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အတြက္ သူတုိ႔ရဲ႕ ေရြးခ်ယ္မွဳအေပၚ ေဝဖန္မွဳအမ်ားအျပားနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ ဘီဘီစီအေနနဲ႔ အထူးဆုတစ္ဆုကို သတ္မွတ္ခ်ီးျမႇင့္သြားဖို႔ စဥ္းစားေန။

– ပရီးမီးယားလိဂ္မွာ အသင္းအတြက္ အက်ဳိးျပဳႏုိင္မွဳမ်ားတဲ့ တုိက္စစ္ကို ေဘာလုံးေပးပုိ႔မွဳ အမ်ားဆုံးကစားသမားထဲမွာ မန္ခ်က္စတာ ယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က ၿမဳိ႕ခံၿပဳိင္ဘက္ မန္စီးတီးကစားသမား ဒီဘ႐ိုင္းနားေနာက္ ဒုတိယေနရာမွာ ရပ္တည္ေန။

– RB လုိက္ပ္ဇစ္နဲ႔ပြဲမွာ ေဘာလုံးေပးပုိ႔ေအာင္ျမင္မွဳ ၈၉.၇ ရာခိုင္ႏွဳန္းရွိခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားမွဳ ေကာင္းမြန္ခဲ့သလို တုိက္စစ္မွာ ေရြ႕လ်ားမွဳေတြလည္း ေကာင္းမြန္ခဲ့တဲ့ ဒြန္နီ ဗန္ဒဘိခ္ဟာ ပြဲပုံမွန္ မကစားရတဲ့သူလုိ႔ေတာင္ မထင္ရဘူးလို႔ ဂယ္ရီ နဗီးလ္ ခ်ီးက်ဴး။

– လာမယ့္တနဂၤေႏြေန႔မွာ အာဆင္နယ္အသင္းနဲ႔ အိမ္ကြင္း အုိးလ္ထရက္ဖို႔ဒ္မွာ ကစားရမယ့္ ပြဲစဥ္ကို ဘရာဇီးလ္ေနာက္ခံလူသစ္ အဲလက္စ္ တဲလက္စ္ လြဲေခ်ာ္မွာျဖစ္ၿပီး ကိုဗစ္-၁၉ ဗုိင္းရပ္စ္ကူးစက္မွဳကို ကုသရမွာျဖစ္လို႔ ႏိုဝင္ဘာလကုန္ေလာက္မွ ျပန္လာႏုိင္ေျခရွိ။

– အသင္းေဖာ္သစ္ ကြင္းလယ္လူ ဗန္ဒဘိခ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔အတူ မၾကာခင္မွာပဲ ကစားခြင့္မ်ားမ်ားစားစားရရွိလာေတာ့မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျခစြမ္းျပသေနခဲ့သူတစ္ဦးျဖစ္တဲ့ စေကာ့တလန္သား မက္ေတာ္မီေနး ေျပာၾကား။

– ယူႏိုက္တက္ဂႏၴဝင္ ေပါလ္စခိုးလ္က တုိက္စစ္မွဴးေဟာင္း ႐ုဒ္ ဗန္နစၥတယ္လ္ရြဳိင္းနဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးလုိက္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ မွတ္တမ္းေတြအရေတာ့ ဒတ္ခ်္တုိက္စစ္မွဴးထက္ ေတာ္ေတာ္ေလးကို သာလြန္ေနခဲ့ၿပီး ပိုမိုေကာင္းမြန္တဲ့ စံခ်ိန္ေတြကို ရရွိဦးမယ္လို႔ ေဒးလီးေမးလ္ ေရးသား။

– ယူႏိုက္တက္ရဲ႕ ေနာက္ဆုံးပြဲေတြမွာ ေျခစြမ္းျပထားႏုိင္ခဲ့တဲ့ ကြင္းလယ္လူ ဖရက္ဒ္က သူ႕ရဲ႕ စြမ္းေဆာင္ရည္အေပၚ မေက်နပ္ေသးေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ ေပးပုိ႔မွဳ မေကာင္းခဲ့တာေတြကို ပိုမုိတုိးတက္ေအာင္ ႀကဳိးစားရဦးမယ္လို႔ ဝန္ခံေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– တစ်နှစ်အတွင်း အထူးချွန်ဆုံး အားကစားသမားဆုနဲ့ လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် သူတို့ရဲ့ ရွေးချယ်မှုအပေါ် ဝေဖန်မှုအများအပြားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘီဘီစီအနေနဲ့ အထူးဆုတစ်ဆုကို သတ်မှတ်ချီးမြှင့်သွားဖို့ စဉ်းစားနေ။

– ပရီးမီးယားလိဂ်မှာ အသင်းအတွက် အကျိုးပြုနိုင်မှုများတဲ့ တိုက်စစ်ကို ဘောလုံးပေးပို့မှု အများဆုံးကစားသမားထဲမှာ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မြို့ခံပြိုင်ဘက် မန်စီးတီးကစားသမား ဒီဘရိုင်းနားနောက် ဒုတိယနေရာမှာ ရပ်တည်နေ။

– RB လိုက်ပ်ဇစ်နဲ့ပွဲမှာ ဘောလုံးပေးပို့အောင်မြင်မှု ၈၉.၇ ရာခိုင်နှုန်းရှိခဲ့ပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားမှု ကောင်းမွန်ခဲ့သလို တိုက်စစ်မှာ ရွေ့လျားမှုတွေလည်း ကောင်းမွန်ခဲ့တဲ့ ဒွန်နီ ဗန်ဒဘိခ်ဟာ ပွဲပုံမှန် မကစားရတဲ့သူလို့တောင် မထင်ရဘူးလို့ ဂယ်ရီ နဗီးလ် ချီးကျူး။

– လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမယ့် ပွဲစဉ်ကို ဘရာဇီးလ်နောက်ခံလူသစ် အဲလက်စ် တဲလက်စ် လွဲချော်မှာဖြစ်ပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို ကုသရမှာဖြစ်လို့ နိုဝင်ဘာလကုန်လောက်မှ ပြန်လာနိုင်ခြေရှိ။

– အသင်းဖော်သစ် ကွင်းလယ်လူ ဗန်ဒဘိခ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ မကြာခင်မှာပဲ ကစားခွင့်များများစားစားရရှိလာတော့မယ်လို့ ယုံကြည်ကြောင်း ခြေစွမ်းပြသနေခဲ့သူတစ်ဦးဖြစ်တဲ့ စကော့တလန်သား မက်တော်မီနေး ပြောကြား။

– ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်က တိုက်စစ်မှူးဟောင်း ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းနဲ့ နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ မှတ်တမ်းတွေအရတော့ ဒတ်ချ်တိုက်စစ်မှူးထက် တော်တော်လေးကို သာလွန်နေခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ စံချိန်တွေကို ရရှိဦးမယ်လို့ ဒေးလီးမေးလ် ရေးသား။

– ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲတွေမှာ ခြေစွမ်းပြထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဖရက်ဒ်က သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် မကျေနပ်သေးကြောင်းနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ ပေးပို့မှု မကောင်းခဲ့တာတွေကို ပိုမိုတိုးတက်အောင် ကြိုးစားရဦးမယ်လို့ ဝန်ခံပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.