Premier League

၃၀.၁၀.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


ဗန်ဒိုက်ရဲ့ ဒဏ်ရာကို လန်ဒန်မှာ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပေမယ့် နယ်သာလန်သားဟာ ယခုနှစ်ရာသီ လီဗာပူးလ်အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်မရှိကြောင်း လီဗာပူးလ်ဝန်ထမ်းဟောင်းတဦး ပြောကြား။


တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တဲ့ ဖာဘင်ညိုဟာ ဘရာဇီးလ်လက်ရွေးစင် အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ရပြီး သူ့နေရာမှာ အဲဗာတန်ကွင်းလယ်လူ အယ်လန် နဲ့ အစားထိုးခဲ့ကြောင်း သိရကာ လီဗာပူးလ်အသင်းဟာ သူ့ရဲ့ ဒဏ်ရာပြင်းထန်မှုကို စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေပြီး မန်စီးတီးပွဲ အပါအဝင် အနည်းဆုံး လာမယ့် ပွဲစဉ် ၃ ပွဲ လွဲချော်မည်ဖြစ်ကြောင်း နည်းပြ ကလော့ပ်အတည်ပြုခဲ့။


လီဗာပူးလ်အသင်းရဲ့ ညာတောင်ပံအစွန်မှာ အပြောင်မြောက်ဆုံး ကစားပြနေတဲ့ အာနိုးဟာ ကွင်းထဲကို ပေးပို့ပေးနေတဲ့ ဖြတ်တင်ဘောတွေဟာ ပွဲကို ထိရောက်မှုကြီးမားစေပြီး မိမိဟာ ခံစစ်ကိုပါ တာဝန်ယူထားရလို့ ဒါဟာ ပွဲရဲ့ အလှည့်အ​ပြောင်းအထိ ဖြစ်စေနိုင်တာကို နားလည်ထားကြောင်း ပြောဆို။


လီဗာပူးလ် တိုက်စစ်မှူးဟောင်း စတားရစ်ချ်ဟာ မန်စီးတီးအသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး ပရီးမီးယားလိဂ်ကို နောက်တကြိမ် ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး သူဟာ မန်စီးတီးအကယ်ဒမီထွက် ကစားသမားတဦးလည်းဖြစ်။


သီယာဂို အယ်လ်ကန်တာရာဟာ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ရဲ့ ခံစစ်မှူးနေရာမှာ ကိုယ်တိုင် ဝင်ရောက်ကစားနိုင်မယ့်သူ မဟုတ်သော်ငြား ကွင်းလယ်မှာ သူ့ရဲ့ နိုင်နင်းစွာ ထိန်းကျောင်းမှု နဲ့ သက်ရောက်မှုက ဗဟိုခံစစ်အတွက် အဓိက ဝန်ပေါ့လျော့သွားစေမှာဖြစ်ပြီး အသင်းရဲ့ ကစားဟန်ကို ဟန်ချက်ညီစေမှာဖြစ်ကြောင်း ဘောလုံးဝေဖန်သူများက သုံးသပ်နေ။


UEFA က စကော့တလန်လိဂ် အမှတ်ပေးပြိုင်ပွဲကို လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ နှစ်နေရာစာ ပါဝင်ခွင့်ပြုခဲ့တာကြောင့် ဆဲလ်တစ်အသင်းနဲ့အတူ လီဗာပူးလ်ဂန္ထဝင် စတီဗင် ဂျရတ်နည်းပြနေတဲ့ ရိန်းဂျားစ်အသင်းကိုပါ ချန်ပီယံလိဂ်မှာ မြင်တွေ့လာရဖို့များနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဗန္ဒိုက္ရဲ႕ ဒဏ္ရာကို လန္ဒန္မွာ ေအာင္ျမင္စြာ ခြဲစိတ္နိုင္ခဲ့ေပမယ့္ နယ္သာလန္သားဟာ ယခုႏွစ္ရာသီ လီဗာပူးလ္အသင္းအတြက္ ျပန္ကစားေပးနိုင္ဖြယ္မရွိေၾကာင္း လီဗာပူးလ္ဝန္ထမ္းေဟာင္းတဦး ေျပာၾကား။


တံေကာက္ေၾကာဒဏ္ရာရရွိသြားခဲ့တဲ့ ဖာဘင္ညိဳဟာ ဘရာဇီးလ္လက္ေ႐ြးစင္ အသင္းလူစာရင္းကေန ႏႈတ္ထြက္ခဲ့ရၿပီး သူ႔ေနရာမွာ အဲဗာတန္ကြင္းလယ္လူ အယ္လန္ နဲ႔ အစားထိုးခဲ့ေၾကာင္း သိရကာ လီဗာပူးလ္အသင္းဟာ သူ႔ရဲ႕ ဒဏ္ရာျပင္းထန္မႈကို ေစာင့္ၾကည့္စစ္ေဆးမႈ ျပဳလုပ္ေနၿပီး မန္စီးတီးပြဲ အပါအ၀င္ အနည္းဆုံး လာမယ့္ ပြဲစဥ္ ၃ ပြဲ လြဲေခ်ာ္မည္ျဖစ္ေၾကာင္း နည္းျပ ကေလာ့ပ္အတည္ျပဳခဲ့။


လီဗာပူးလ္အသင္းရဲ႕ ညာေတာင္ပံအစြန္မွာ အေျပာင္ေျမာက္ဆုံး ကစားျပေနတဲ့ အာနိုးဟာ ကြင္းထဲကို ေပးပို႔ေပးေနတဲ့ ျဖတ္တင္ေဘာေတြဟာ ပြဲကို ထိေရာက္မႈႀကီးမားေစၿပီး မိမိဟာ ခံစစ္ကိုပါ တာဝန္ယူထားရလို႔ ဒါဟာ ပြဲရဲ႕ အလွည့္အ​ေျပာင္းအထိ ျဖစ္ေစနိုင္တာကို နားလည္ထားေၾကာင္း ေျပာဆို။


လီဗာပူးလ္ တိုက္စစ္မႉးေဟာင္း စတားရစ္ခ်္ဟာ မန္စီးတီးအသင္းနဲ႕ ျပန္လည္ပူးေပါင္းၿပီး ပရီးမီးယားလိဂ္ကို ေနာက္တႀကိမ္ ေရာက္ရွိလာနိုင္ဖြယ္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚေနၿပီး သူဟာ မန္စီးတီးအကယ္ဒမီထြက္ ကစားသမားတဦးလည္းျဖစ္။


သီယာဂို အယ္လ္ကန္တာရာဟာ ဗန္ဒိုက္နဲ႕ ဖာဘင္ညိုတို႔ရဲ႕ ခံစစ္မႉးေနရာမွာ ကိုယ္တိုင္ ဝင္ေရာက္ကစားနိုင္မယ့္သူ မဟုတ္ေသာ္ျငား ကြင္းလယ္မွာ သူ႕ရဲ႕ နိုင္နင္းစြာ ထိန္းေက်ာင္းမႈ နဲ႕ သက္ေရာက္မႈက ဗဟိုခံစစ္အတြက္ အဓိက ဝန္ေပါ့ေလ်ာ့သြားေစမွာျဖစ္ၿပီး အသင္းရဲ႕ ကစားဟန္ကို ဟန္ခ်က္ညီေစမွာျဖစ္ေၾကာင္း ေဘာလုံးေဝဖန္သူမ်ားက သုံးသပ္ေန။


UEFA က စေကာ့တလန္လိဂ္ အမွတ္ေပးၿပိဳင္ပြဲကို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲရဲ႕ ေျခစစ္ပြဲ ႏွစ္ေနရာစာ ပါဝင္ခြင့္ျပဳခဲ့တာေၾကာင့္ ဆဲလ္တစ္အသင္းနဲ႕အတူ လီဗာပူးလ္ဂႏၳဝင္ စတီဗင္ ဂ်ရတ္နည္းျပေနတဲ့ ရိန္းဂ်ားစ္အသင္းကိုပါ ခ်န္ပီယံလိဂ္မွာ ျမင္ေတြ႕လာရဖို႔မ်ားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.