Match Report Premier League UCL&UEL

အင္အားနည္းတဲ့ ၿပဳိင္ဘက္ကို အမွားအယြင္းမရွိဘဲ အိမ္ကြင္းမွာ အႏုိင္ကစားခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ဒီေန႔မွာေတာ့ ဂိုးသမားသစ္ ႐ူနာဆန္ကို ပြဲထြက္ေစခဲ့ၿပီး ေနာက္တန္းမွာ မူစတာဖီတစ္ဦးတည္းသာ ဗဟိုေနာက္ခံလူအျဖစ္ ထည့္သြင္းခဲ့သလို သူ႕ကို ခ်ာကာ၊ အယ္လ္နန္နီနဲ႔ ကိုလာစီနက္ခ်္တုိ႔ကို အလွည့္က် ရံကစားေစတဲ့ ပုံစံနဲ႔ လူအင္အား ေခၽြတာၿပီး ပြဲထြက္လာခဲ့ပါတယ္။

ပြဲစတာနဲ႔ အာဆင္နယ္တုိ႔ ဖိကစားခဲ့ေပမယ့္ ဂိုးသြင္းခြင့္ေတြကို နကီးတီးယားနဲ႔ ေပေပတုိ႔ အသုံးမခ်ႏုိင္တာေၾကာင့္ ထိေရာက္မွဳနည္းခဲ့သလို တစ္ခ်က္ဆိုတစ္ခ်က္ ျပန္ၿခိမ္းေျခာက္တဲ့ ဒန္းေဒါ့လ္ခ္ဘက္ကေတာင္ အရင္ဂိုးေပါက္တည့္ခဲ့ၿပီး ႐ူနာဆန္ ပုတ္ထုတ္သြားခဲ့ရတာပါ။

ေပေပရဲ႕ ေပးပုိ႔မွဳနဲ႔ ကန္ခ်က္ေတြက အလုပ္မျဖစ္ေပမယ့္ နကီးတီးယားနဲ႔အတူ ဘယ္ျခမ္းက နယ္လ္ဆန္လည္း ႀကဳိးစားသလို ကြင္းလယ္တုိက္စစ္ကစားတဲ့ ဝီေလာ့ခ္ကေတာ့ မာကင္လြတ္ေနခဲ့တာျဖစ္လို႔ သူ႕ရဲ႕ အတိုးအလွဳပ္ေတြက အာဆင္နယ္တုိ႔ကို ဂိုးရဖို႔ နီးစပ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာ အာဆင္နယ္တုိ႔ရတဲ့ ေထာင့္ကန္ေဘာကို နယ္လ္ဆန္ ကန္ပုိ႔တာကို တစ္ဖက္ဂိုးသမား ပုတ္ထုတ္ရင္း လြဲသြားတာကေန ေနာက္ခံလူနဲ႔ ထိၿပီး ျပန္က်လာတာကို နကီးတီးယားက လ်င္လ်င္ျမန္ျမန္နဲ႔ ပိတ္သြင္းႏုိင္ခဲ့လို အဖြင့္ဂိုး စတင္ရရွိခဲ့ပါတယ္။

၄၄ မိနစ္မွာေတာ့ ဒန္းေဒါ့လ္ခ္ရဲ႕ Pressing ကို ခ်ဳိးဖ်က္ႏုိင္ခဲ့တဲ့ တန္ျပန္တုိက္စစ္ကေန ေပေပက ကန္သြင္းရာမွာ ေနာက္တန္းနဲ႔ ထိၿပီး ျပန္ထြက္လာတာကို ေနာက္က လိုက္လာခဲ့တဲ့ ဝီေလာ့ခ္က တစ္ခ်က္ထိန္းၿပီး ဂိုးသမားရဲ႕ အေပၚဘက္ကို ေသြးေအးေအးနဲ႔ ကန္သြင္းယူႏုိင္ခဲ့လုိ႔ အာဆင္နယ္တုိ႔ ပထမပုိင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရေနခဲ့တာပါ။

ဒုတိယပုိင္း ျပန္စစခ်င္း ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ ပထမပိုင္းမွာ တစ္ခ်ိန္လုံး ထိေရာက္မွဳမရွိဘဲ ကစားေနခဲ့တဲ့ ေပေပက သူ႕ရဲ႕ ဘယ္ေျခကန္ခ်က္ေတြအစား ညာေျခနဲ႔ တစ္ခ်က္ထိန္းၿပီး ကန္သြင္းရာမွာ ဂိုးတုိင္အေပၚေထာင့္ကို လွလွပပ ဝင္သြားခဲ့လုိ႔ အာဆင္နယ္တုိ႔ တတိယဂိုး ရခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ဒန္းေဒါ့လ္ခ္ဘက္က ပိတ္ဆို႔ကစားသြားခဲ့ၿပီး အာဆင္နယ္ကေတာ့ မူစတာဖီကို တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကစားရမယ့္ပြဲအတြက္ အနားေပးသြားခဲ့သလို အယ္လ္နန္နီနဲ႔ ခ်ာကာတုိ႔ကပဲ ခံစစ္ကို ဦးေဆာင္ကစားခဲ့ပါတယ္။

အရန္ခုံကေန သူ႕ရဲ႕ ပထမဆုံးပြဲအျဖစ္ လူစားဝင္ကစားခဲ့တဲ့ ဘာလိုဂြန္ကလည္း သိပ္ၿပီး ထူးျခားတဲ့ပုံစံကို မျပသႏုိင္ခဲ့တဲ့ဘဲ တျခားလူစားဝင္လာတဲ့ ကစားသမားေတြ ျဖစ္ၾကတဲ့ ဝီလီယန္၊ တီယာနီ၊ စီဘာေယာ့စ္တုိ႔ကလည္း ေဘာလုံးပုိင္ဆုိင္မွဳကိုသာ ဦးစားေပးၿပီး ဖိဖိစီးစီး မကစားေတာ့လို႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့တဲ့ အာဆင္နယ္တုိ႔ အုပ္စု(ခ)မွာ ႏွစ္ပြဲႏုိင္ထားသူခ်င္းျဖစ္တဲ့ မိုလ္ဒီအသင္းကို ဂိုးကြာျခားခ်က္ ႏွစ္ဂိုးအသာနဲ႔ ဦးေဆာင္ၿပီး ပထမေနရာကို ဆက္လက္ထိန္းသိမ္းႏုိင္ခဲ့သလို ေနာက္တစ္ဆင့္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္ႏုိင္ဖို႔အတြက္ ဒီႏွစ္သင္းကသာ အဓိက အဆုံးအျဖတ္ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ဂိုးသမားသစ် ရူနာဆန်ကို ပွဲထွက်စေခဲ့ပြီး နောက်တန်းမှာ မူစတာဖီတစ်ဦးတည်းသာ ဗဟိုနောက်ခံလူအဖြစ် ထည့်သွင်းခဲ့သလို သူ့ကို ချာကာ၊ အယ်လ်နန်နီနဲ့ ကိုလာစီနက်ချ်တို့ကို အလှည့်ကျ ရံကစားစေတဲ့ ပုံစံနဲ့ လူအင်အား ချွေတာပြီး ပွဲထွက်လာခဲ့ပါတယ်။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကို နကီးတီးယားနဲ့ ပေပေတို့ အသုံးမချနိုင်တာကြောင့် ထိရောက်မှုနည်းခဲ့သလို တစ်ချက်ဆိုတစ်ချက် ပြန်ခြိမ်းခြောက်တဲ့ ဒန်းဒေါ့လ်ခ်ဘက်ကတောင် အရင်ဂိုးပေါက်တည့်ခဲ့ပြီး ရူနာဆန် ပုတ်ထုတ်သွားခဲ့ရတာပါ။

ပေပေရဲ့ ပေးပို့မှုနဲ့ ကန်ချက်တွေက အလုပ်မဖြစ်ပေမယ့် နကီးတီးယားနဲ့အတူ ဘယ်ခြမ်းက နယ်လ်ဆန်လည်း ကြိုးစားသလို ကွင်းလယ်တိုက်စစ်ကစားတဲ့ ဝီလော့ခ်ကတော့ မာကင်လွတ်နေခဲ့တာဖြစ်လို့ သူ့ရဲ့ အတိုးအလှုပ်တွေက အာဆင်နယ်တို့ကို ဂိုးရဖို့ နီးစပ်စေခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာ အာဆင်နယ်တို့ရတဲ့ ထောင့်ကန်ဘောကို နယ်လ်ဆန် ကန်ပို့တာကို တစ်ဖက်ဂိုးသမား ပုတ်ထုတ်ရင်း လွဲသွားတာကနေ နောက်ခံလူနဲ့ ထိပြီး ပြန်ကျလာတာကို နကီးတီးယားက လျင်လျင်မြန်မြန်နဲ့ ပိတ်သွင်းနိုင်ခဲ့လို အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

၄၄ မိနစ်မှာတော့ ဒန်းဒေါ့လ်ခ်ရဲ့ Pressing ကို ချိုးဖျက်နိုင်ခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ပေပေက ကန်သွင်းရာမှာ နောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာတာကို နောက်က လိုက်လာခဲ့တဲ့ ဝီလော့ခ်က တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့ အပေါ်ဘက်ကို သွေးအေးအေးနဲ့ ကန်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စစချင်း ပွဲချိန် ၄၆ မိနစ်မှာတော့ ပထမပိုင်းမှာ တစ်ချိန်လုံး ထိရောက်မှုမရှိဘဲ ကစားနေခဲ့တဲ့ ပေပေက သူ့ရဲ့ ဘယ်ခြေကန်ချက်တွေအစား ညာခြေနဲ့ တစ်ချက်ထိန်းပြီး ကန်သွင်းရာမှာ ဂိုးတိုင်အပေါ်ထောင့်ကို လှလှပပ ဝင်သွားခဲ့လို့ အာဆင်နယ်တို့ တတိယဂိုး ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဒန်းဒေါ့လ်ခ်ဘက်က ပိတ်ဆို့ကစားသွားခဲ့ပြီး အာဆင်နယ်ကတော့ မူစတာဖီကို တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲအတွက် အနားပေးသွားခဲ့သလို အယ်လ်နန်နီနဲ့ ချာကာတို့ကပဲ ခံစစ်ကို ဦးဆောင်ကစားခဲ့ပါတယ်။

အရန်ခုံကနေ သူ့ရဲ့ ပထမဆုံးပွဲအဖြစ် လူစားဝင်ကစားခဲ့တဲ့ ဘာလိုဂွန်ကလည်း သိပ်ပြီး ထူးခြားတဲ့ပုံစံကို မပြသနိုင်ခဲ့တဲ့ဘဲ တခြားလူစားဝင်လာတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဝီလီယန်၊ တီယာနီ၊ စီဘာယော့စ်တို့ကလည်း ဘောလုံးပိုင်ဆိုင်မှုကိုသာ ဦးစားပေးပြီး ဖိဖိစီးစီး မကစားတော့လို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်တို့ အုပ်စု(ခ)မှာ နှစ်ပွဲနိုင်ထားသူချင်းဖြစ်တဲ့ မိုလ်ဒီအသင်းကို ဂိုးကွာခြားချက် နှစ်ဂိုးအသာနဲ့ ဦးဆောင်ပြီး ပထမနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို နောက်တစ်ဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်ဖို့အတွက် ဒီနှစ်သင်းကသာ အဓိက အဆုံးအဖြတ် ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.