Premier League

ဒယ္လီ အယ္လီရဲ႕ အနာဂတ္အတြက္ ရီယို ဖာဒီနန္ စိုးရိမ္

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ နည္းျပ ဟိုေဆး ေမာ္ရင္ညိဳ လိုခ်င္တဲ့ကစားပံုအတိုင္း လိုက္မကစားႏိုင္လို႔ ပြဲထြက္လူစာရင္းကေန ကြင္းလယ္လူ ဒယ္လီ အယ္လီအေနနဲ႔ ခ်န္လွပ္ခံရမယ့္အေရးကို အဂၤလန္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က စိုးရိမ္ေနေၾကာင္း သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္သားဟာ RB လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲတုန္းက လူစားလဲခံရခ်ိန္မွာ ေဒါသထြက္ၿပီး အရန္ခံုေပၚအေရာက္မွာ ေရဗူးကို ပစ္ေပါက္ခဲ့သလို ဖိနပ္ခၽြတ္ၿပီးလည္း ပစ္ေပါက္ခဲ့ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ေတာ့ စေနေန႔က ခ်ဲလ္ဆီးနဲ႔ လန္ဒန္ဒါဘီပြဲမွာ ပြဲထြက္စာရင္းကေန ဒယ္လီ အယ္လီ ခ်န္လွပ္ခံခဲ့ရၿပီး ပြဲၿပီးခါနီးမွ လူစား၀င္ကစားခြင့္ရခဲ့တာပါ။

သူမပါဝင္ခဲ့တာေၾကာင့္ စပါးစ္ကြင္းလယ္အထိုင္မွာ စီနီယာကစားသမားဆိုလို႔ (၂)ေယာက္တည္းသာ က်န္ၿပီး ခ်ဲလ္ဆီးအသင္းကို ရင္ဆိုင္ရာမွာ အားနည္းခဲ့သလို အယ္လီအေနနဲ႔လည္း သူကစားေနက် မဟုတ္တဲ့ ပံုစံကို လိုက္ကစားရခ်ိန္မွာ အျပဳသေဘာေဆာင္တဲ့ တုိးတက္မႈျပႏိုင္ဖို႔ ရုန္းကန္ေနရပါတယ္။ ဒါကို ရီယိုဖာဒီနန္ကလည္း ကိုယ္ခ်င္းစာေၾကာင္း ေျပာထားပါတယ္။

BT SPORT ရဲ႕ ေဘာလုံးကၽြမ္းက်င္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ရီယိုဖာဒီနန္က “ၾကားရက္ခ်န္ပီယံလိဂ္ပြဲတုန္းက ဒယ္လီရဲ႕ အျပဳအမူဟာ မွားသည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ ေမာ္ရင္ညိဳရဲ႕အျမင္မွာေတာ့ မွားတယ္လို႔ မွတ္ယူလိုက္တာက သိသာပါတယ္။ ဒီေန႔ပြဲမွာ လူစား၀င္ကစားသမားအျဖစ္ပဲ သံုးၿပီး သူ႔ကို အျပစ္ေပးလိုက္တာပါ။ ဒါေပမယ့္ စိတ္ဆိုးေဒါသထြက္တာက ပြဲတစ္ပြဲက ျဖစ္ရပ္ကို အေျခခံတာျဖစ္ပါတယ္။ ကၽြန္ေတာ္ကိုယ္ခ်င္းစာတာက တိုက္စစ္ကစားသမားတစ္ဦးလို ကစားခြင့္ရမယ့္ေနရာမ်ိဳးမွာ မကစားရေတာ့ ဘာမွ မတတ္ႏိုင္ေတာ့သလို သူခံစားခဲ့ရတယ္ ထင္ပါတယ္”လို႔ ေျပာလိုက္ပါတယ္။

ဒါေပမယ့္ ေပၚတူဂီသားနည္းျပႀကီးကေတာ့ အယ္လီကို ခ်န္လွပ္ခဲ့တာက (၆)ရက္အတြင္း (၃)ပြဲဆက္ကစားရတဲ့ အေျခအေနေၾကာင့္လို႔ပဲ ေျပာထားပါတယ္။ အထူးသျဖင့္ လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားအၿပီး (၂)ရက္အၾကာမွာ ခ်ဲလ္ဆီးနဲ႔ အေ၀းကြင္းကစားရတဲ့ ပြဲစဥ္ေရးဆြဲမွဳအေပၚကိုလည္း ေမာ္ရင္ညိဳက ျပစ္တင္ေ၀ဖန္သြားပါတယ္။

REF: BT SPORT
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ နည်းပြ ဟိုဆေး မော်ရင်ညို လိုချင်တဲ့ကစားပုံအတိုင်း လိုက်မကစားနိုင်လို့ ပွဲထွက်လူစာရင်းကနေ ကွင်းလယ်လူ ဒယ်လီ အယ်လီအနေနဲ့ ချန်လှပ်ခံရမယ့်အရေးကို အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က စိုးရိမ်နေကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ RB လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲတုန်းက လူစားလဲခံရချိန်မှာ ဒေါသထွက်ပြီး အရန်ခုံပေါ်အရောက်မှာ ရေဗူးကို ပစ်ပေါက်ခဲ့သလို ဖိနပ်ချွတ်ပြီးလည်း ပစ်ပေါက်ခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့တော့ စနေနေ့က ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲမှာ ပွဲထွက်စာရင်းကနေ ဒယ်လီ အယ်လီ ချန်လှပ်ခံခဲ့ရပြီး ပွဲပြီးခါနီးမှ လူစားဝင်ကစားခွင့်ရခဲ့တာပါ။

သူမပါဝင်ခဲ့တာကြောင့် စပါးစ်ကွင်းလယ်အထိုင်မှာ စီနီယာကစားသမားဆိုလို့ (၂)ယောက်တည်းသာ ကျန်ပြီး ချဲလ်ဆီးအသင်းကို ရင်ဆိုင်ရာမှာ အားနည်းခဲ့သလို အယ်လီအနေနဲ့လည်း သူကစားနေကျ မဟုတ်တဲ့ ပုံစံကို လိုက်ကစားရချိန်မှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါကို ရီယိုဖာဒီနန်ကလည်း ကိုယ်ချင်းစာကြောင်း ပြောထားပါတယ်။

BT SPORT ရဲ့ ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်က “ကြားရက်ချန်ပီယံလိဂ်ပွဲတုန်းက ဒယ်လီရဲ့ အပြုအမူဟာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မော်ရင်ညိုရဲ့အမြင်မှာတော့ မှားတယ်လို့ မှတ်ယူလိုက်တာက သိသာပါတယ်။ ဒီနေ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပဲ သုံးပြီး သူ့ကို အပြစ်ပေးလိုက်တာပါ။ ဒါပေမယ့် စိတ်ဆိုးဒေါသထွက်တာက ပွဲတစ်ပွဲက ဖြစ်ရပ်ကို အခြေခံတာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်ချင်းစာတာက တိုက်စစ်ကစားသမားတစ်ဦးလို ကစားခွင့်ရမယ့်နေရာမျိုးမှာ မကစားရတော့ ဘာမှ မတတ်နိုင်တော့သလို သူခံစားခဲ့ရတယ် ထင်ပါတယ်”လို့ ပြောလိုက်ပါတယ်။

ဒါပေမယ့် ပေါ်တူဂီသားနည်းပြကြီးကတော့ အယ်လီကို ချန်လှပ်ခဲ့တာက (၆)ရက်အတွင်း (၃)ပွဲဆက်ကစားရတဲ့ အခြေအနေကြောင့်လို့ပဲ ပြောထားပါတယ်။ အထူးသဖြင့် လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားအပြီး (၂)ရက်အကြာမှာ ချဲလ်ဆီးနဲ့ အဝေးကွင်းကစားရတဲ့ ပွဲစဉ်ရေးဆွဲမှုအပေါ်ကိုလည်း မော်ရင်ညိုက ပြစ်တင်ဝေဖန်သွားပါတယ်။

REF: BT SPORT
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.