Premier League

ပေါလ်စခိုး နဲ့ ဖာဒီနန်တို့ကတောင် ဆလံသ ချီးကျူးခဲ့ရတဲ့ ရက်ဖို့ဒ်ရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်း

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဥ်အဖြစ် အိုးထရက်ဖို့ဒ်မြေမှာ လိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၅ ဂိုး ဂိုးမရှိ ရလာဒ်နဲ့အတူ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သလို အရန်ခုံက ထလာခဲ့တဲ့ မားကပ်စ် ရက်ဖို့ဒ်ဟာ ဟက်ထရစ်သွင်းယူပြီး မှော်ဝင်ခြေစွမ်းကို ပြသသွားခဲ့ပါတယ်။


ရက်ဖို့ဒ်ဟာ မိနစ် ၃၀ အတွင်း ဟက်ထရစ်ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းကို ပေါလ်စခိုး နဲ့ ဖာဒီနန်တို့ကတောင် ဆလံသ ချီးကျူးသွားခဲ့ကြတယ်လို့ သိရပြီး ရက်ဖို့ဒ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် နှစ်ပွဲဆက် အနိုင် ၆ မှတ်ကိုရယူကာ အုပ်စုထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ လူစားဝင်ပြီး ပွဲ​​ကစားချိန် ၂၇ မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ စံချိန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြန်ဆုံးဟက်ထရစ် စံချိန်မှတ်တမ်းဖြစ်လာခဲ့တာပါ။


” သူ့ရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းက တဟုန်းဟုန်းတောက်လောင်နေတာပါ။ မြင်သာအောင် ပြောရရင် ကျောင်းဘောလုံးပွဲမှာ ခြောက်တန်းကလေးက ကွင်းထဲဝင်လာပြီး တက္ကသိုလ်ကျောင်းသားတွေကို အနိုင်ကျင့်ပြသွားသလိုပါပဲ ” လို့ ဖာဒီနန်က ရက်ဖို့ဒ်ကို အမွှမ်းတင် ချီးကျူးသွားခဲ့တာပါ။


ဒါ့အပြင် ရက်ဒ်ဖို့ဟာ ကွင်းထဲဝင်လာချိန်မှာ လျှပ်စီးလိုပဲ ပေါလ်စခိုးက ညွှန်းဆို တင်စားသွားခဲ့သလို သူဟာ ပွဲချိန် ၇၄ မိနစ် နဲ့ ၇၈ မိနစ်မှာ နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ပြီးနောက် ပွဲချိန် ၈၇ မှာ ရရှိခဲ့တဲ့ ပင်နယ်တီကြောင့် ဟက်ထရစ် စောစောရနိုင်ခြေ ရှိခဲ့ပေမယ့် ဒီပင်နယ်တီကို မာစီယယ်လ်အတွက် ပေးကန်သွားခဲ့တဲ့အကြောင်းရင်းကို ရက်ဒ်ဖို့က အခုလို ပြောပြသွားခဲ့ပါတယ်။


” မာစီယယ်လ် ဂိုးပြန်ရပြီး ယုံကြည်မှုရစေဖို့အတွက်ပါ။ အသင်းအတွက် အကျိုးရှိစေပါတယ်။ သူ ပင်နယ်တီကန်မယ်ဆိုလည်း ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ပြဿနာမဟုတ်ပါဘူး” လို့ ဆိုခဲ့တဲ့ ရက်ဖို့ဒ်ဟာ ကွင်းတွင်းခြေစွမ်းတင်မက ကွင်းပြင်ပမှာလည်း အဂ်လန်က ကလေးငယ်တွေအတွက် စွမ်းစွမ်းတမံ ထိထိရောက်ရောက် လုပ်ဆောင်ပေးနေတဲ့ လူမှုရေးအလုပ်တွေအတွက် ဘောလုံးအသိုင်းအဝိုင်းတခုလုံးရဲ့ အားပေးထောက်ခံမှုကို အကြွင်းမဲ့ရရှိနေတယ်လို့ သိရပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ အိုးထရက္ဖို႔ဒ္ေျမမွာ လိုက္ပ္ဇစ္အသင္းနဲ႕ ရင္ဆိုင္ကစားခဲ့ရတဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၅ ဂိုး ဂိုးမရွိ ရလာဒ္နဲ႕အတူ အနိုင္ ၃ မွတ္ကို ရယူနိုင္ခဲ့သလို အရန္ခုံက ထလာခဲ့တဲ့ မားကပ္စ္ ရက္ဖို႔ဒ္ဟာ ဟက္ထရစ္သြင္းယူၿပီး ေမွာ္ဝင္ေျခစြမ္းကို ျပသသြားခဲ့ပါတယ္။


ရက္ဖို႔ဒ္ဟာ မိနစ္ ၃၀ အတြင္း ဟက္ထရစ္ရရွိခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ စိတ္ဓာတ္နဲ႕ ေျခစြမ္းကို ေပါလ္စခိုး နဲ႕ ဖာဒီနန္တို႔ကေတာင္ ဆလံသ ခ်ီးက်ဴးသြားခဲ့ၾကတယ္လို႔ သိရၿပီး ရက္ဖို႔ဒ္ရဲ႕ ေျခစြမ္းျပမႈနဲ႕အတူ ယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ ႏွစ္ပြဲဆက္ အနိုင္ ၆ မွတ္ကိုရယူကာ အုပ္စုထိပ္ဆုံးက ဦးေဆာင္နိုင္ခဲ့ပါတယ္။ လူစားဝင္ၿပီး ပြဲ​​ကစားခ်ိန္ ၂၇ မိနစ္အတြင္း ဟက္ထရစ္သြင္းယူခဲ့တဲ့ ရက္ဖို႔ဒ္ရဲ႕ စံခ်ိန္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အျမန္ဆုံးဟက္ထရစ္ စံခ်ိန္မွတ္တမ္းျဖစ္လာခဲ့တာပါ။


” သူ႕ရဲ႕ စိတ္ဓာတ္နဲ႕ ေျခစြမ္းက တဟုန္းဟုန္းေတာက္ေလာင္ေနတာပါ။ ျမင္သာေအာင္ ေျပာရရင္ ေက်ာင္းေဘာလုံးပြဲမွာ ေျခာက္တန္းကေလးက ကြင္းထဲဝင္လာၿပီး တကၠသိုလ္ေက်ာင္းသားေတြကို အနိုင္က်င့္ျပသြားသလိုပါပဲ ” လို႔ ဖာဒီနန္က ရက္ဖို႔ဒ္ကို အမႊမ္းတင္ ခ်ီးက်ဴးသြားခဲ့တာပါ။


ဒါ့အျပင္ ရက္ဒ္ဖို႔ဟာ ကြင္းထဲဝင္လာခ်ိန္မွာ လွ်ပ္စီးလိုပဲ ေပါလ္စခိုးက ၫႊန္းဆို တင္စားသြားခဲ့သလို သူဟာ ပြဲခ်ိန္ ၇၄ မိနစ္ နဲ႕ ၇၈ မိနစ္မွာ ႏွစ္ဂိုးဆက္တိုက္ သြင္းယူခဲ့ၿပီးေနာက္ ပြဲခ်ိန္ ၈၇ မွာ ရရွိခဲ့တဲ့ ပင္နယ္တီေၾကာင့္ ဟက္ထရစ္ ေစာေစာရနိုင္ေျခ ရွိခဲ့ေပမယ့္ ဒီပင္နယ္တီကို မာစီယယ္လ္အတြက္ ေပးကန္သြားခဲ့တဲ့အေၾကာင္းရင္းကို ရက္ဒ္ဖို႔က အခုလို ေျပာျပသြားခဲ့ပါတယ္။


” မာစီယယ္လ္ ဂိုးျပန္ရၿပီး ယုံၾကည္မႈရေစဖို႔အတြက္ပါ။ အသင္းအတြက္ အက်ိဳးရွိေစပါတယ္။ သူ ပင္နယ္တီကန္မယ္ဆိုလည္း ကြၽန္ေတာ္ ယုံၾကည္မႈရွိပါတယ္။ ျပႆနာမဟုတ္ပါဘူး” လို႔ ဆိုခဲ့တဲ့ ရက္ဖို႔ဒ္ဟာ ကြင္းတြင္းေျခစြမ္းတင္မက ကြင္းျပင္ပမွာလည္း အဂ္လန္က ကေလးငယ္ေတြအတြက္ စြမ္းစြမ္းတမံ ထိထိေရာက္ေရာက္ လုပ္ေဆာင္ေပးေနတဲ့ လူမႈေရးအလုပ္ေတြအတြက္ ေဘာလုံးအသိုင္းအဝိုင္းတခုလုံးရဲ႕ အားေပးေထာက္ခံမႈကို အႂကြင္းမဲ့ရရွိေနတယ္လို႔ သိရပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.