Premier League

၂၉.၁၀.၂၀၂၀ – နောက်ဆုံးရ စပါးစ်သတင်းများ စုစည်းမှု


တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့နည်းပြ မော်ရင်ညိုက ယနေ့ညမှာ ယှဥ်ပြိုင်ကစားမယ့် ဘယ်လ်ဂျီယံကလပ် Royal Antwerp အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာ တိုက်စစ်ကစားသမား ဂါရက်သ် ဘေးလ်ပွဲထွက်ပါဝင်လာမယ်လို့ အတည်ပြုခဲ့။


ဘယ်လ်ဂျီယံမွေးရပ်မြေဖြစ်တဲ့ ဇာတိမြို့ Antwerp မှာ ကစားရမယ့် ပွဲစဥ်အတွက် စိတ်လှုပ်ရှားနေပြီး မိမိအတွက် မွေးရပ်မြေမှာ တရားဝင်ကစားရမယ့် ပထမဦးဆုံးပွဲ ဖြစ်ပေမယ့် ပရိသတ်တွေ လာရောက်အားပေးလို့ မရတာက ဝမ်းနည်းစရာဖြစ်တယ်လို့ စပါးစ်နောက်ခံလူ တိုဘီ အယ်လ်ဒါဝီးရဲလ် ဖွင့်ဟ။


စပါးစ်အသင်းရဲ့ အဓိက စပွန်ဆာကုမ္ပဏီ AIA က ချီးမြှင့်ခဲ့တဲ့ အသင်းရဲ့ တလတာအကောင်းဆုံးကစားသမားဆုကို အသင်းဖော် ဟာရီကိန်းနဲ့တွဲဖက်ကာ အထူးခြေစွမ်းပြနေတဲ့ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင် ဆွတ်ခူးခဲ့။


ဘယ်လ်ဂျီယံကို ထွက်ခွာသွားခဲ့တဲ့ စပါးစ်အသင်းရဲ့ ပဏာမလူစာရင်းမှာ အန်ဒွမ်ဘီလီ နဲ့ အဲရစ် ဒိုင်ယာတို့ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ​အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်မှာအပြီးမှာ နှစ်ဦးစလုံးကို အနားပေးထားကြောင်း သိရ။


ပရီးမီးယားလိဂ်ပွဲစဥ် ၆ ပွဲအပြီးမှာ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်ရှိခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ၁၀ ကြိမ် ဂိုးပေါက်တည့်ကာ ၈ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသလို ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးအဖြစ်ပြောင်းလဲနိုင်နှုန်း ၅၇.၁ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေ။


ဟာရီကိန်းလို ကစားသမားမျိုးနဲ့ နားလည်မှုအပြည့်အဝရှိပြီး တွဲကစားရတာဟာ မယုံနိုင်စရာကောင်းသလို မိမိအတွက် အများကြီးလုပ်စရာ မလိုအပ်ဘဲ ပြေးရရုံသာလိုအပ်ကြောင်း ဆွန်ဟောင်မင်က ဟာရီကိန်းကို ချီးကျူးခဲ့။

ယခုနှစ်ရာသီမှာ လီဗာပူးလ်အသင်းသာ ပရီးမီးယားလိဂ်ဖလား မရရှိခဲ့ပါက မိမိဆန္ဒအရ စပါးစ်အသင်းနဲ့ နည်းပြ မော်ရင်ညိုတို့ကို ရရှိစေလိုပြီး မော်ရင်ညိုကို တဖန်ပြန်လည် အောင်မြင်စေလိုကြောင်း ကာရေဂါ ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕နည္းျပ ေမာ္ရင္ညိုက ယေန႕ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ဘယ္လ္ဂ်ီယံကလပ္ Royal Antwerp အသင္းနဲ႕ ယူရိုပါလိဂ္ပြဲစဥ္မွာ တိုက္စစ္ကစားသမား ဂါရက္သ္ ေဘးလ္ပြဲထြက္ပါဝင္လာမယ္လို႔ အတည္ျပဳခဲ့။


ဘယ္လ္ဂ်ီယံေမြးရပ္ေျမျဖစ္တဲ့ ဇာတိၿမိဳ႕ Antwerp မွာ ကစားရမယ့္ ပြဲစဥ္အတြက္ စိတ္လႈပ္ရွားေနၿပီး မိမိအတြက္ ေမြးရပ္ေျမမွာ တရားဝင္ကစားရမယ့္ ပထမဦးဆုံးပြဲ ျဖစ္ေပမယ့္ ပရိသတ္ေတြ လာေရာက္အားေပးလို႔ မရတာက ဝမ္းနည္းစရာျဖစ္တယ္လို႔ စပါးစ္ေနာက္ခံလူ တိုဘီ အယ္လ္ဒါဝီးရဲလ္ ဖြင့္ဟ။


စပါးစ္အသင္းရဲ႕ အဓိက စပြန္ဆာကုမၸဏီ AIA က ခ်ီးျမႇင့္ခဲ့တဲ့ အသင္းရဲ႕ တလတာအေကာင္းဆုံးကစားသမားဆုကို အသင္းေဖာ္ ဟာရီကိန္းနဲ႕တြဲဖက္ကာ အထူးေျခစြမ္းျပေနတဲ့ ေတာင္ကိုရီးယားကစားသမား ဆြန္ေဟာင္မင္ ဆြတ္ခူးခဲ့။


ဘယ္လ္ဂ်ီယံကို ထြက္ခြာသြားခဲ့တဲ့ စပါးစ္အသင္းရဲ႕ ပဏာမလူစာရင္းမွာ အန္ဒြမ္ဘီလီ နဲ႕ အဲရစ္ ဒိုင္ယာတို႔ ပါဝင္နိုင္ခဲ့ျခင္းမရွိဘဲ ​အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာအၿပီးမွာ ႏွစ္ဦးစလုံးကို အနားေပးထားေၾကာင္း သိရ။


ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲအၿပီးမွာ ဂိုးေပါက္ကန္သြင္းမႈ ၁၄ ႀကိမ္ရွိခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ ၁၀ ႀကိမ္ ဂိုးေပါက္တည့္ကာ ၈ ဂိုး သြင္းယူထားၿပီး ပရီးမီးယားလိဂ္ရဲ႕ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ရပ္တည္ေနသလို ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ဂိုးအျဖစ္ေျပာင္းလဲနိုင္ႏႈန္း ၅၇.၁ ရာခိုင္ႏႈန္းနဲ႕ အျမင့္ဆုံးျဖစ္ေန။


ဟာရီကိန္းလို ကစားသမားမ်ိဳးနဲ႕ နားလည္မႈအျပည့္အဝရွိၿပီး တြဲကစားရတာဟာ မယုံနိုင္စရာေကာင္းသလို မိမိအတြက္ အမ်ားႀကီးလုပ္စရာ မလိုအပ္ဘဲ ေျပးရ႐ုံသာလိုအပ္ေၾကာင္း ဆြန္ေဟာင္မင္က ဟာရီကိန္းကို ခ်ီးက်ဴးခဲ့။

ယခုႏွစ္ရာသီမွာ လီဗာပူးလ္အသင္းသာ ပရီးမီးယားလိဂ္ဖလား မရရွိခဲ့ပါက မိမိဆႏၵအရ စပါးစ္အသင္းနဲ႕ နည္းျပ ေမာ္ရင္ညိုတို႔ကို ရရွိေစလိုၿပီး ေမာ္ရင္ညိုကို တဖန္ျပန္လည္ ေအာင္ျမင္ေစလိုေၾကာင္း ကာေရဂါ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.