Premier League UCL&UEL

၂၉.၁၀.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု








REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– နောက်ခံလူတွေ များနေတယ်ဆိုတဲ့ အတွေးနဲ့ ဝီလီယမ် ဆာလီဘာကို ချန်လှပ်ထားတာကို နောင်တရကြောင်း နည်းပြ အာတီတာ ပြောကြားလိုက်ပြီး ပါဘလို မာရီဟာ အချိန်မီ ပြန်မကောင်းလာနိုင်သေးတာ ဆိုးရွားတယ်လို့ ညည်းတွားသွားခဲ့။

– လာမယ့် ဒန်းဒေါ့လ်ခ်နဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး နယ်လ်ဆန်ကို ပွဲထွက်ခွင့်ပေးဖို့ အာတီတာ အရိပ်အမြွက်ဆိုသွားခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ ကြိုးစားမှုတွေကြောင့် ကစားခွင့်ပိုပေးဖို့ ရှိတယ်လို့ဆို။

– ဝါရင့်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ အနည်းဆုံး နှစ်ပတ်လောက် နားရဖို့ ရှိနေချိန်မှာ အာတီတာအနေနဲ့ မူစတာဖီနဲ့ ဆာလီဘာတို့ကိုပဲ ဂါဘရီယယ်လ်နဲ့အတူ တွဲဖက်ပေးရဖို့ ရှိနေပြီး အာတီတာကတော့ သူ့ကစားသမားတွေကို ယုံကြည်ကြောင်းဆို။

– ခြေသလုံးဒဏ်ရာရှိနေတယ်လို့ သတင်းထွက်နေတဲ့ ဝီလီယန်ဟာ အာဆင်နယ်ရဲ့ နောက်ဆုံးထရိန်နင်မှာ ပါဝင်နိုင်ခဲ့ပြီး အင်တာဗျူး မေးမြန်းမှုတွေမှာတော့ အာတီတာရဲ့ ကစားကွက်မှာ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ခက်တာကိုတော့ စိတ်ပျက်ရကြောင်း ဝန်ခံသွားခဲ့။

– အသင်းအတွက် နှစ်ကုန်အထိ အနားယူရမယ်လို့ သတင်းထွက်နေခဲ့တဲ့ လူငယ်တိုက်စစ်မှူး မာတီနယ်လီအနေနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ အနည်းငယ် ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီလို့ သိရပြီး အလောတကြီး ကစားဖို့တော့ မသင့်သေးဘူး စောင့်ဆိုင်းရဖို့ရှိ။

– အမ်းမရိတ်ကို လာရောက်ကစားရမယ့် ပြိုင်ဘက် ဒန်းဒေါ့လ်ခ်နည်းပြ ဖိလစ်ပို ဂျိုဗာညိုလီကတော့ သူတို့ဟာ ပွဲကစားဖို့ လာရောက်တာဖြစ်ပြီး ခံစစ်ကစားဖို့ထက် ပွဲတစ်ပွဲပီသအောင် ရင်ဆိုင်ပြသွားမှာဖြစ်တယ်လို့ ပြောကြား။

– စာချုပ်သက်တမ်းမတိုးခင် ပရီးမီးယားလိဂ် ၈၆ ပွဲမှာ ၅၅ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးခဲ့တဲ့ အူဘာမီယန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဒီနောက်ပိုင်းမှာ ၅ ပွဲကစားပြီး တစ်ဂိုးမှ မသွင်းနိုင်ဘဲ တစ်ဂိုးသာ ဖန်တီးနိုင်ခဲ့တဲ့ ခြေစွမ်းကို ပရိသတ်တွေကြားမှာ စာချုပ်သစ်နဲ့အတူ ပျင်းရိသွားပြီလို့ ဝေဖန်မှုတွေ မြင့်တက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.