Premier League

လိုဆဲလ္ဆိုကို အနီကတ္မျပခဲ့တာ မွားယြင္းတယ္လို႔ VAR ဒိုင္အဖြဲ႕ ဝန္ခံ

ေတာ့တင္ဟမ္ေဟာ့စပါးစ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ခ်ဲလ္ဆီးက အႏိုင္ရခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ပီလီေကြတာကို သိသိသာသာတက္နင္းခဲ့တဲ့ စပါးစ္ကြင္းလယ္လူ ဂ်ီယိုဗင္နီ လိုဆဲလ္ဆိုကို အနီကတ္မျပခဲ့တာနဲ႔ပတ္သက္လို႔ ပရီးမီးယားလိဂ္ VAR အဖြဲ႕က သူတို႔အမွားကို ၀န္ခံသြားခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ လိုဆဲလ္ဆိုကို အနီကတ္မျပခဲ့လို႔ ပြဲၾကည့္ပရိသတ္ေတြေရာ ကစားသမားနဲ႔ နည္းျပေဟာင္းေတြပါ အင္မတန္ အံ့အားသင့္ခဲ့ၾကၿပီး တစ္ဆက္တည္းမွာပဲ ကြင္းလယ္ဒိုင္ မိုက္ကယ္ အိုလီဗာကိုလည္း ကြင္းေဘးစည္းက ေမာ္နီတာကို ကိုယ္တိုင္သြားၾကည့္ၿပီးမွ ဆံုးျဖတ္တာမ်ိဳးမလုပ္လို႔ ေ၀ဖန္ေနၾကပါတယ္။

လိုဆယ္ဆိုရဲ႕ တက္နင္းမႈေၾကာင့္ အက္ပီလီေကြတာအေနနဲ႔ ဒဏ္ရာအျပင္းအထန္မရသြားတာကပဲ ကံေကာင္းသြားတယ္လို႔ ဆိုရမွာျဖစ္ၿပီး အခန္႔မသင့္ရင္ ေျခေထာက္တစ္ေခ်ာင္းလုံး သြင္သြင္က်ိဳးသြားႏိုင္တဲ့ ဖ်က္ထုတ္မႈကို အနီကတ္မျပခဲ့တာနဲ႔ ပတ္သက္လို႔ BBC Match Day 2 ရုပ္သံတင္ဆက္သူ မာ့ခ္ ခ်က္ပ္မန္းက VARကို ေမးရာမွာ အခုလိုေျဖရွင္းခဲ့ပါတယ္။

“ျဖစ္ရပ္ကို ျပန္ၾကည့္တာမွာ ရွင္းရွင္းလင္းလင္းမျမင္ရခဲ့ရပါဘူး။ လိုဆဲလ္ဆိုအေနနဲ႔ အက္ပီလီေကြတာရဲ႕ ေျခေထာက္အေပၚကလြဲရင္ တျခားေနရာကို ေျခေထာက္ခ်စရာမရွိဘူးလို႔ ယူဆလိုက္တာက လံုး၀သိသာထင္ရွားတဲ့အမွားပါ”လို႔ ဆိုခဲ့ေၾကာင္း ရုပ္သံတင္ဆက္သူ ခ်က္ပ္မန္းက ထပ္ဆင့္ေျပာပါတယ္။

သိပ္မၾကာခင္မွာ VAR နဲ႔ မွတ္တမ္းေတြကို ျပန္ၾကည့္ရာ ဌာနခ်ဳပ္ျဖစ္တဲ့ စေတာ့ခ္လီပါ့ခ္က တာ၀န္ရွိသူတစ္ဦးက ဒါဟာ လံုး၀ကို အနီကတ္ျပရမယ့္ ျပစ္ဒဏ္ျဖစ္ေၾကာင္းနဲ႔ ဆံုးျဖတ္ခ်က္မွားယြင္းေၾကာင္း ဆက္လက္၀န္ခံခဲ့ပါတယ္။ ဒါဟာ နည္းပညာအမွားအယြင္း မဟုတ္ဘဲ လူသားတစ္ေယာက္ရဲ႕ အမွားတစ္ခုသာျဖစ္တယ္လို႔လည္း ရွင္းလင္းခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပ ဖရန္႔ခ္လမ္းပတ္ကေတာ့ ဒီျဖစ္ရပ္ကို အနီးကပ္ျမင္ခဲ့ရသူတစ္ဦးပီပီ အနီကတ္မျပခဲ့တာကိုေရာ လိုဆဲလ္ဆိုရဲ႕ ဖ်က္ထုတ္ပံုအတြက္ပါ ေဒါသထြက္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ချဲလ်ဆီးက အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီလီကွေတာကို သိသိသာသာတက်နင်းခဲ့တဲ့ စပါးစ်ကွင်းလယ်လူ ဂျီယိုဗင်နီ လိုဆဲလ်ဆိုကို အနီကတ်မပြခဲ့တာနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ် VAR အဖွဲ့က သူတို့အမှားကို ဝန်ခံသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ လိုဆဲလ်ဆိုကို အနီကတ်မပြခဲ့လို့ ပွဲကြည့်ပရိသတ်တွေရော ကစားသမားနဲ့ နည်းပြဟောင်းတွေပါ အင်မတန် အံ့အားသင့်ခဲ့ကြပြီး တစ်ဆက်တည်းမှာပဲ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာကိုလည်း ကွင်းဘေးစည်းက မော်နီတာကို ကိုယ်တိုင်သွားကြည့်ပြီးမှ ဆုံးဖြတ်တာမျိုးမလုပ်လို့ ဝေဖန်နေကြပါတယ်။

လိုဆယ်ဆိုရဲ့ တက်နင်းမှုကြောင့် အက်ပီလီကွေတာအနေနဲ့ ဒဏ်ရာအပြင်းအထန်မရသွားတာကပဲ ကံကောင်းသွားတယ်လို့ ဆိုရမှာဖြစ်ပြီး အခန့်မသင့်ရင် ခြေထောက်တစ်ချောင်းလုံး သွင်သွင်ကျိုးသွားနိုင်တဲ့ ဖျက်ထုတ်မှုကို အနီကတ်မပြခဲ့တာနဲ့ ပတ်သက်လို့ BBC Match Day 2 ရုပ်သံတင်ဆက်သူ မာ့ခ် ချက်ပ်မန်းက VARကို မေးရာမှာ အခုလိုဖြေရှင်းခဲ့ပါတယ်။

“ဖြစ်ရပ်ကို ပြန်ကြည့်တာမှာ ရှင်းရှင်းလင်းလင်းမမြင်ရခဲ့ရပါဘူး။ လိုဆဲလ်ဆိုအနေနဲ့ အက်ပီလီကွေတာရဲ့ ခြေထောက်အပေါ်ကလွဲရင် တခြားနေရာကို ခြေထောက်ချစရာမရှိဘူးလို့ ယူဆလိုက်တာက လုံးဝသိသာထင်ရှားတဲ့အမှားပါ”လို့ ဆိုခဲ့ကြောင်း ရုပ်သံတင်ဆက်သူ ချက်ပ်မန်းက ထပ်ဆင့်ပြောပါတယ်။

သိပ်မကြာခင်မှာ VAR နဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရာ ဌာနချုပ်ဖြစ်တဲ့ စတော့ခ်လီပါ့ခ်က တာဝန်ရှိသူတစ်ဦးက ဒါဟာ လုံးဝကို အနီကတ်ပြရမယ့် ပြစ်ဒဏ်ဖြစ်ကြောင်းနဲ့ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ဆက်လက်ဝန်ခံခဲ့ပါတယ်။ ဒါဟာ နည်းပညာအမှားအယွင်း မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ အမှားတစ်ခုသာဖြစ်တယ်လို့လည်း ရှင်းလင်းခဲ့ပြီး ချဲလ်ဆီးနည်းပြ ဖရန့်ခ်လမ်းပတ်ကတော့ ဒီဖြစ်ရပ်ကို အနီးကပ်မြင်ခဲ့ရသူတစ်ဦးပီပီ အနီကတ်မပြခဲ့တာကိုရော လိုဆဲလ်ဆိုရဲ့ ဖျက်ထုတ်ပုံအတွက်ပါ ဒေါသထွက်နေကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.