Match Report Premier League UCL&UEL

လူေရြးခ်ယ္မွဳမွန္မွန္နဲ႔ အေဝးကြင္းမွာ လွပတဲ့ ႏုိင္ပြဲကို ေဖာ္ေဆာင္ခဲ့တဲ့ ခ်ဲလ္ဆီး

ဒီေန႔ပြဲမွာေတာ့ တီမို ဗာနာကို အေထာင္ထားၿပီး ေနာက္က ဟာဗတ္ဇ္ကို လုိက္ကစားေစခဲ့တဲ့ ခ်ဲလ္ဆီးမွာ ေတာင္ပံႏွစ္ဖက္မွာေတာ့ ဟဒ္ဆန္-အိုဒြဳိင္းနဲ႔ ဇီးယက္ရွ္တုိ႔ကို ခင္းက်င္းလာတဲ့ အခင္းအက်င္းကေတာ့ မွန္ခဲ့သလို ကြင္းလယ္မွာလည္း ေဂ်ာ္ဂ်င္ညဳိနဲ႔ ကိုဗာခ်စ္တုိ႔က အင္အားကြာဟတဲ့ ၿပဳိင္ဘက္နဲ႔ပြဲမွာ ရလဒ္ေကာင္း ေဖာ္ေဆာင္ႏုိင္ခဲ့ပါတယ္။

ခံစစ္စုဖြဲ႕မွဳကေတာ့ ထုံးစံအတုိင္း လိုအပ္ခ်က္ေတြ မ်ားေနတာေၾကာင့္ ဂိုးသမား မန္ဒီတစ္ေယာက္ အလုပ္မ်ားခဲ့ရေပမယ့္ ေတာင့္ခံႏုိင္ခဲ့ၿပီး ေဘာလုံးလမ္းေၾကာင္း ရွာေဖြတာ ပိုေတာ္တဲ့ ဇီးယက္ရွ္ရဲ႕ ညာေတာင္ပံက အလုပ္ျဖစ္ခဲ့သလို ေစာေစာစီးစီးရတဲ့ ဗာနာရဲ႕ ပင္နယ္တီကို တုိင္ထိေအာင္ ကန္တဲ့ ေဂ်ာ္ဂ်င္ညဳိေၾကာင့္သာ အဖြင့္ဂိုးက ေနာက္က်ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတုိ႔ အဖြင့္ဂိုးရခဲ့ၿပီး ဂိုးဧရိယာထိပ္က ဟာဗတ္ဇ္ ခ်ေပးတဲ့ ေဘာလုံးကို ဟဒ္ဆန္-အိုဒြဳိင္းက ကန္သြင္းခဲ့ရာမွာ ခရက္စ္ႏိုဒါဂိုးသမား ဆာဖိုေနာ့ဗ္ ကာကြယ္ပုံညံ့ခဲ့တာေၾကာင့္ အေဝးကြင္းမွာ ဂိုးစရခဲ့ၿပီး ပထမပုိင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္း ျပန္စတင္ရာမွာေတာ့ တုိက္စစ္ဖြင့္ကစားလာတဲ့ အိမ္ရွင္ရဲ႕ ထိုးေဖာက္မွဳေတြကို ႐ူဒီဂါနဲ႔ ဇူးမားတုိ႔ရဲ႕ ခံစစ္က အသည္းအသန္ ကာကြယ္ေနခဲ့ရၿပီး ဂိုးျပန္ေပးရဖို႔ နီးစပ္တဲ့ အေနအထားေတြမွာ ရွိခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ခ်ဲလ္ဆီးရဲ႕ဘက္မွာ ကံၾကမၼာက ရပ္တည္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ပူလီရွစ္ခ်္ရဲ႕ ကန္သြင္းခ်က္ကို လက္နဲ႔ ကာခဲ့မိတဲ့ အသင္းေခါင္းေဆာင္ မာတီႏိုဗစ္ခ်္ကို အဝါျပခဲ့ၿပီး ပင္နယ္တီပါ ကန္ခြင့္ေပးခဲ့လို႔ ဒီတစ္ခါမွာေတာ့ တီမို ဗာနာက ကန္သြင္းခဲ့ၿပီး ခ်ဲလ္ဆီးအသင္းအတြက္ ဒုတိယအႏုိင္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

၇၈ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ပူလီရွစ္ခ်္ခ်ေပးတာကို ဗာနာက ထပ္ဆင့္ေပးပုိ႔ခဲ့ရာမွာ ဇီယက္ရွ္က အတြင္းကေန ဘယ္ျခမ္းအထိ ဆြဲထြက္ၿပီး ေနာက္ခံလူ ႏွစ္ေယာက္ကို ျဖတ္ေက်ာ္ၿပီးမွ အနိမ့္ေဘာ ခ်ဳိးကန္သြင္းႏုိင္ခဲ့လုိ႔ သူ႕ရဲ႕ ခ်ဲလ္ဆီးကစားသမားဘဝ ပထမဆုံးဂိုးနဲ႔အတူ တတိယဂိုး ထပ္ရခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ညာေတာင္ပံကေန လူစားဝင္တုိက္စစ္မွဴး ေအဘရာဟမ္ရဲ႕ ေပးပုိ႔မွဳကို ပူလီရွစ္ခ်္က ေထာင့္က်ဥ္းအေနအထားကေန ဂိုးသမား ဆာဖိုေနာ့ဗ္ကို အငိုက္မိေစခဲ့ၿပီး အသင္းအတြက္ ေလးဂိုးေျမာက္နဲ႔ အေဝးကြင္းမွာ ဂိုးျပတ္ႏုိင္ပြဲနဲ႔ ေအာင္ပြဲခံႏုိင္ဖို႔ ေထာက္ကူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေပးဂိုးမရွိတဲ့ ႏုိင္ပြဲကို ရရွိေစခဲ့လို႔ ဂိုးသမား ေအဒူယာ မန္ဒီကိုေတာ့ မွတ္မွတ္ရရ ေက်းဇူးတင္ရမွာျဖစ္ၿပီး လမ္းပတ္အတြက္ေတာ့ အားကိုးႏုိင္တဲ့ ဂိုးသမားကို ရၿပီျဖစ္တာမို႔ အုပ္စု E ကို ဂိုးကြာျခားခ်က္နဲ႔ ဦးေဆာင္ႏုိင္မွဳေနာက္မွာ အသင္းရဲ႕ ခံစစ္နဲ႔ ကြင္းလယ္ကို ပုိမိုတိုးတက္ေအာင္ လုပ္ေဆာင္ႏုိင္ဖို႔ ယုံၾကည္မွဳေတြ ရရွိသြားႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ရေၾကာင္းလည္း သုံးသပ္လုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ တီမို ဗာနာကို အထောင်ထားပြီး နောက်က ဟာဗတ်ဇ်ကို လိုက်ကစားစေခဲ့တဲ့ ချဲလ်ဆီးမှာ တောင်ပံနှစ်ဖက်မှာတော့ ဟဒ်ဆန်-အိုဒွိုင်းနဲ့ ဇီးယက်ရှ်တို့ကို ခင်းကျင်းလာတဲ့ အခင်းအကျင်းကတော့ မှန်ခဲ့သလို ကွင်းလယ်မှာလည်း ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့က အင်အားကွာဟတဲ့ ပြိုင်ဘက်နဲ့ပွဲမှာ ရလဒ်ကောင်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ခံစစ်စုဖွဲ့မှုကတော့ ထုံးစံအတိုင်း လိုအပ်ချက်တွေ များနေတာကြောင့် ဂိုးသမား မန်ဒီတစ်ယောက် အလုပ်များခဲ့ရပေမယ့် တောင့်ခံနိုင်ခဲ့ပြီး ဘောလုံးလမ်းကြောင်း ရှာဖွေတာ ပိုတော်တဲ့ ဇီးယက်ရှ်ရဲ့ ညာတောင်ပံက အလုပ်ဖြစ်ခဲ့သလို စောစောစီးစီးရတဲ့ ဗာနာရဲ့ ပင်နယ်တီကို တိုင်ထိအောင် ကန်တဲ့ ဂျော်ဂျင်ညိုကြောင့်သာ အဖွင့်ဂိုးက နောက်ကျခဲ့ရတာပါ။

ပွဲချိန် ၃၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ဂိုးဧရိယာထိပ်က ဟာဗတ်ဇ် ချပေးတဲ့ ဘောလုံးကို ဟဒ်ဆန်-အိုဒွိုင်းက ကန်သွင်းခဲ့ရာမှာ ခရက်စ်နိုဒါဂိုးသမား ဆာဖိုနော့ဗ် ကာကွယ်ပုံညံ့ခဲ့တာကြောင့် အဝေးကွင်းမှာ ဂိုးစရခဲ့ပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်ရာမှာတော့ တိုက်စစ်ဖွင့်ကစားလာတဲ့ အိမ်ရှင်ရဲ့ ထိုးဖောက်မှုတွေကို ရူဒီဂါနဲ့ ဇူးမားတို့ရဲ့ ခံစစ်က အသည်းအသန် ကာကွယ်နေခဲ့ရပြီး ဂိုးပြန်ပေးရဖို့ နီးစပ်တဲ့ အနေအထားတွေမှာ ရှိခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးရဲ့ဘက်မှာ ကံကြမ္မာက ရပ်တည်ခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ပူလီရှစ်ချ်ရဲ့ ကန်သွင်းချက်ကို လက်နဲ့ ကာခဲ့မိတဲ့ အသင်းခေါင်းဆောင် မာတီနိုဗစ်ချ်ကို အဝါပြခဲ့ပြီး ပင်နယ်တီပါ ကန်ခွင့်ပေးခဲ့လို့ ဒီတစ်ခါမှာတော့ တီမို ဗာနာက ကန်သွင်းခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ဒုတိယအနိုင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

၇၈ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ပူလီရှစ်ချ်ချပေးတာကို ဗာနာက ထပ်ဆင့်ပေးပို့ခဲ့ရာမှာ ဇီယက်ရှ်က အတွင်းကနေ ဘယ်ခြမ်းအထိ ဆွဲထွက်ပြီး နောက်ခံလူ နှစ်ယောက်ကို ဖြတ်ကျော်ပြီးမှ အနိမ့်ဘော ချိုးကန်သွင်းနိုင်ခဲ့လို့ သူ့ရဲ့ ချဲလ်ဆီးကစားသမားဘဝ ပထမဆုံးဂိုးနဲ့အတူ တတိယဂိုး ထပ်ရခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ညာတောင်ပံကနေ လူစားဝင်တိုက်စစ်မှူး အေဘရာဟမ်ရဲ့ ပေးပို့မှုကို ပူလီရှစ်ချ်က ထောင့်ကျဉ်းအနေအထားကနေ ဂိုးသမား ဆာဖိုနော့ဗ်ကို အငိုက်မိစေခဲ့ပြီး အသင်းအတွက် လေးဂိုးမြောက်နဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ အောင်ပွဲခံနိုင်ဖို့ ထောက်ကူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပေးဂိုးမရှိတဲ့ နိုင်ပွဲကို ရရှိစေခဲ့လို့ ဂိုးသမား အေဒူယာ မန်ဒီကိုတော့ မှတ်မှတ်ရရ ကျေးဇူးတင်ရမှာဖြစ်ပြီး လမ်းပတ်အတွက်တော့ အားကိုးနိုင်တဲ့ ဂိုးသမားကို ရပြီဖြစ်တာမို့ အုပ်စု E ကို ဂိုးကွာခြားချက်နဲ့ ဦးဆောင်နိုင်မှုနောက်မှာ အသင်းရဲ့ ခံစစ်နဲ့ ကွင်းလယ်ကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ယုံကြည်မှုတွေ ရရှိသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.