Match Report Premier League UCL&UEL

ရက္ရွ္ဖို႔ဒ္ရဲ႕ ဟက္ထရစ္နဲ႔ ဂိုးျပတ္ႏုိင္ပြဲရၿပီး အုပ္စုကို ေက်ာ္ျဖတ္ဖို႔ လြယ္သြားခဲ့တဲ့ ယူႏုိက္တက္

ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္ဟာ ဘ႐ူႏုိ ဖာနန္ဒက္စ္၊ မက္ေတာ္မီေနးနဲ႔ ရက္ရွ္ဖို႔ဒ္ကို ခ်န္လွပ္ထားခဲ့ၿပီး ၄-၄-၂ ကစားကြက္နဲ႔ ကြင္းလယ္မွာ ဒုိင္းမြန္းဆန္ဆန္ ကစားကြက္ကို ပုံေဖာ္ခဲ့သလို တုိက္စစ္မွဴး မာစီယယ္လ္နဲ႔ ဂရင္းဝုဒ္တုိ႔ေနာက္က ေပါ့ဘာကို ကစားခိုင္းၿပီး အိမ္ကြင္းမွာ လိုက္ပ္ဇစ္ကို အသာစီးရယူႏုိင္ခဲ့ပါတယ္။

ဂိုးဧရိယာတစ္ဝိုက္မွာ ထိေရာက္တဲ့ ကစားပုံကို ျပသခဲ့တဲ့ ယူႏုိက္တက္တုိ႔အေနနဲ႔ လုိက္ပ္ဇစ္ဖက္ကို ၿခိမ္းေျခာက္မွဳေတြ ျပဳလုပ္ႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ေပါ့ဘာရဲ႕ ပါးနပ္တဲ့ ခင္းက်င္းမွဳကေန ဂရင္းဝုဒ္က လူကၽြံေဘာဖမ္းတဲ့ ေနာက္တန္းေတြကို ျဖတ္ေက်ာ္ၿပီး ဂိုးသမားရဲ႕ ေဘးကို အသာအယာ ခ်ဳိးကန္ႏိုင္ခဲ့လို႔ အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။

လိုက္ပ္ဇစ္ဘက္က အန္ကြန္ကူး ေျခစြမ္းျပႏုိင္ခဲ့ၿပီး ေခ်ပဂိုးျပန္ရဖို႔ ႀကဳိးစားလာခဲ့ေပမယ့္ ေပါလ္ဆန္နဲ႔ ေဖာ့စ္ဘတ္ကို လင္ဒီေလာ့ဖ္နဲ႔ မက္ဂြဳိင္းယားက ထိန္းခ်ဳပ္ႏုိင္ခဲ့သလို ဂိုးသမား ဒေဟးယားကလည္း အမွားအယြင္းမရွိ ကာကြယ္ႏုိင္ခဲ့တာေၾကာင့္ ပထမပုိင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာ ယူႏိုက္တက္တုိ႔ ဖိကစားႏုိင္ခဲ့ေပမယ့္ အခြင့္အေရးေတြကိုေတာ့ အသုံးခ်ရာမွာ အားနည္းမွဳေတြ ရွိခဲ့သလို လိုက္ပ္ဇ္ရဲ႕ တန္ျပန္ၿခိမ္းေျခာက္မွဳတခ်ဳိ႕ကို ႀကဳံေတြ႕ခဲ့ရလုိ႔ မာတစ္ေနရာမွာ မက္ေတာ္မီေနး၊ ဗန္ဒဘိခ္ေနရာမွာ ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္ေနရာမွာ ရက္ရွ္ဖို႔ဒ္တုိ႔ကို လူစားသြင္းခဲ့ၿပီး ကစားကြက္က ပုိၿမဳိင္ဆုိင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ တန္ျပန္တုိက္စစ္ကို အျမန္ဆုံးစတင္ႏုိင္ခဲ့မွဳကေန ကြင္းတစ္ျခမ္းလုံး တက္ဖိေနခဲ့တဲ့ လုိက္ပ္ဇစ္တုိ႔ကို ရက္ရွ္ဖို႔ဒ္က တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ဆြဲေျပးၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕မွာ စိတ္ႀကဳိက္ကန္သြင္းရင္း အႏုိင္ေသခ်ာေစမယ့္ ဂိုးနဲ႔ အလဲထိုးႏုိင္ခဲ့ပါတယ္။ ကိုယ့္ကြင္းျခမ္းက ရက္ရွ္ဖို႔ဒ္ကို လူကၽြံေဘာစစ္ေဆးခဲ့တဲ့ VAR ကေတာ့ ဒီဂိုးအတြက္ ရယ္စရာလည္းျဖစ္ခဲ့ပါတယ္။

ဒါေတြက ဒီေလာက္နဲ႔ေတာ့ ရပ္တန္႔မသြားေသးဘဲ ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လိုက္ပ္ဇစ္ကြင္းဘက္ျခမ္းမွာ ေယာင္ဝါးဝါးလုပ္ေနခဲ့တဲ့ ဆာဘစ္ဇာဆီက ေဘာလုံးကို ဖရက္ဒ္က ဖ်က္ထုတ္ခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က အူပါမီကာႏိုကို ေက်ာ္ျဖတ္ၿပီး အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂူလက္စီ မကာကြယ္ႏုိင္ခဲ့လို႔ ယူႏုိက္တက္တုိ႔ တတိယဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ယူႏုိက္တက္ရဲ႕ လ်င္ျမန္တဲ့ တန္ျပန္တုိက္စစ္ေတြကို မထိန္းခ်ဳပ္ႏုိင္ခဲ့တဲ့ လုိက္ပ္ဇစ္ရဲ႕ ကြင္းလယ္ကစားသမား ဆာဘစ္ဇာက မာစီယယ္လ္ကို ဧရိယာထဲမွာ ေဘာလုံးမထိဘဲ ေျခေထာက္ကို ကန္မိခဲ့လို႔ ပင္နယ္တီရခဲ့တာကို ျပင္သစ္တုိက္စစ္မွဴးက သူကိုယ္တုိင္ကန္သြင္းၿပီး ၄-၀ ျဖစ္ေစခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ မာစီယယ္လ္ရဲ႕ ဘယ္ေတာင္ပံက ေပးပုိ႔မွဳကို ဂိုးဧရိယာထဲ ေနရာယူထားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က အျပင္းကန္သြင္းခဲ့ရာမွာ သူ႕ရဲ႕ ကစားသမားဘဝမွာ ပထမဆုံး ဟက္ထရစ္နဲ႔ လွပတဲ့ ညတစ္ညျဖစ္ခဲ့ၿပီး နည္းျပ ဆုိးလ္ရွားေနာက္ပုိင္း ပထမဆုံး လူစားဝင္ၿပီး ဟက္ထရစ္ယူႏုိင္သူလည္းျဖစ္လာခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ အိမ္ကြင္းမွာ ယူႏုိက္တက္တုိ႔ ငါးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏုိင္ခဲ့သလို လူေတြ ေျပာေနၾကတဲ့ Group of Death ကို ဒီေလာက္ပဲလားလို႔ ေမးရင္း အုပ္စုတြင္း အဓိက ၿပဳိင္ဘက္ေတြကို ၿဖဳိလွဲၿပီး ႏွစ္ပြဲကစား ေျခာက္မွတ္နဲ႔အတူ အုိးလ္ထရက္ဖို႔ဒ္မွာ ဆုိးလ္ရွားနဲ႔အဖြဲ႕ အုပ္စုပထမေနရာကေန ေအာင္ပြဲခံႏုိင္ခဲ့ၾကေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်၊ မက်တော်မီနေးနဲ့ ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ထားခဲ့ပြီး ၄-၄-၂ ကစားကွက်နဲ့ ကွင်းလယ်မှာ ဒိုင်းမွန်းဆန်ဆန် ကစားကွက်ကို ပုံဖော်ခဲ့သလို တိုက်စစ်မှူး မာစီယယ်လ်နဲ့ ဂရင်းဝုဒ်တို့နောက်က ပေါ့ဘာကို ကစားခိုင်းပြီး အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို အသာစီးရယူနိုင်ခဲ့ပါတယ်။

ဂိုးဧရိယာတစ်ဝိုက်မှာ ထိရောက်တဲ့ ကစားပုံကို ပြသခဲ့တဲ့ ယူနိုက်တက်တို့အနေနဲ့ လိုက်ပ်ဇစ်ဖက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ ပေါ့ဘာရဲ့ ပါးနပ်တဲ့ ခင်းကျင်းမှုကနေ ဂရင်းဝုဒ်က လူကျွံဘောဖမ်းတဲ့ နောက်တန်းတွေကို ဖြတ်ကျော်ပြီး ဂိုးသမားရဲ့ ဘေးကို အသာအယာ ချိုးကန်နိုင်ခဲ့လို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

လိုက်ပ်ဇစ်ဘက်က အန်ကွန်ကူး ခြေစွမ်းပြနိုင်ခဲ့ပြီး ချေပဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ပေမယ့် ပေါလ်ဆန်နဲ့ ဖော့စ်ဘတ်ကို လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားက ထိန်းချုပ်နိုင်ခဲ့သလို ဂိုးသမား ဒဟေးယားကလည်း အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ဖိကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ အသုံးချရာမှာ အားနည်းမှုတွေ ရှိခဲ့သလို လိုက်ပ်ဇ်ရဲ့ တန်ပြန်ခြိမ်းခြောက်မှုတချို့ကို ကြုံတွေ့ခဲ့ရလို့ မာတစ်နေရာမှာ မက်တော်မီနေး၊ ဗန်ဒဘိခ်နေရာမှာ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်နေရာမှာ ရက်ရှ်ဖို့ဒ်တို့ကို လူစားသွင်းခဲ့ပြီး ကစားကွက်က ပိုမြိုင်ဆိုင်လာခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ တန်ပြန်တိုက်စစ်ကို အမြန်ဆုံးစတင်နိုင်ခဲ့မှုကနေ ကွင်းတစ်ခြမ်းလုံး တက်ဖိနေခဲ့တဲ့ လိုက်ပ်ဇစ်တို့ကို ရက်ရှ်ဖို့ဒ်က တစ်ကိုယ်တော် ခြေစွမ်းနဲ့ ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့မှာ စိတ်ကြိုက်ကန်သွင်းရင်း အနိုင်သေချာစေမယ့် ဂိုးနဲ့ အလဲထိုးနိုင်ခဲ့ပါတယ်။ ကိုယ့်ကွင်းခြမ်းက ရက်ရှ်ဖို့ဒ်ကို လူကျွံဘောစစ်ဆေးခဲ့တဲ့ VAR ကတော့ ဒီဂိုးအတွက် ရယ်စရာလည်းဖြစ်ခဲ့ပါတယ်။

ဒါတွေက ဒီလောက်နဲ့တော့ ရပ်တန့်မသွားသေးဘဲ ပွဲချိန် ၇၈ မိနစ်မှာတော့ လိုက်ပ်ဇစ်ကွင်းဘက်ခြမ်းမှာ ယောင်ဝါးဝါးလုပ်နေခဲ့တဲ့ ဆာဘစ်ဇာဆီက ဘောလုံးကို ဖရက်ဒ်က ဖျက်ထုတ်ခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က အူပါမီကာနိုကို ကျော်ဖြတ်ပြီး အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂူလက်စီ မကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ တတိယဂိုးရခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့တဲ့ လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်ကစားသမား ဆာဘစ်ဇာက မာစီယယ်လ်ကို ဧရိယာထဲမှာ ဘောလုံးမထိဘဲ ခြေထောက်ကို ကန်မိခဲ့လို့ ပင်နယ်တီရခဲ့တာကို ပြင်သစ်တိုက်စစ်မှူးက သူကိုယ်တိုင်ကန်သွင်းပြီး ၄-၀ ဖြစ်စေခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ မာစီယယ်လ်ရဲ့ ဘယ်တောင်ပံက ပေးပို့မှုကို ဂိုးဧရိယာထဲ နေရာယူထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က အပြင်းကန်သွင်းခဲ့ရာမှာ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံး ဟက်ထရစ်နဲ့ လှပတဲ့ ညတစ်ညဖြစ်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားနောက်ပိုင်း ပထမဆုံး လူစားဝင်ပြီး ဟက်ထရစ်ယူနိုင်သူလည်းဖြစ်လာခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အိမ်ကွင်းမှာ ယူနိုက်တက်တို့ ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို လူတွေ ပြောနေကြတဲ့ Group of Death ကို ဒီလောက်ပဲလားလို့ မေးရင်း အုပ်စုတွင်း အဓိက ပြိုင်ဘက်တွေကို ဖြိုလှဲပြီး နှစ်ပွဲကစား ခြောက်မှတ်နဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ ဆိုးလ်ရှားနဲ့အဖွဲ့ အုပ်စုပထမနေရာကနေ အောင်ပွဲခံနိုင်ခဲ့ကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.