Premier League

၂၈.၁၀.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်း အလန် ဟတ်ဒ်ဆန်က လမ်းပတ်ဟာ ဂိုးသမားနေရာကို အသည်းအသန်စိုးရိမ်နေလို့ ပီတာချက်ကို ပြန်ခေါ်ယူခဲ့ရသလိုမျိုး သူ့ရဲ့ခံစစ်သမားအချို့ကိုလည်း ယုံကြည်မှုမရှိတဲ့အတွက် ကစားသမားဟောင်း ဂျွန်တယ်ရီကိုပါ လူစာရင်းထဲသို့ ထည့်သွင်းလာနိုင်ကြောင်း လှောင်ပြောင်သွားခဲ့။


နည်းပြလမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဥ်မှာ ဆီဗီလာနဲ့ သရေကျခဲ့တာကြောင့် ခရက်စ်နိုဒါနဲ့ပွဲကို အနိုင်ရဖို့ ပစ်မှတ်ထားနေမှာဖြစ်ပြီး နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့အတူ အနိုင် ၃ မှတ် ရယူနိုင်လိမ့်မယ်လို့ အိုဝင်​က ခန့်မှန်းမှုပြုလုပ်။


၂၀၁၄ ခုနှစ်က ချယ်လ်ဆီးနဲ့ပွဲမှာ အမှတ်မထင် ခြေချော်လဲကျခဲ့တဲ့ အမှားဟာ အနိမ့်ကျဆုံးအမှားဖြစ်ခဲ့ပြီး ဘဝရဲ့ အမှောင်မိုက်ဆုံးနဲ့ အရက်စက်ဆုံးအချိန်ဖြစ်ခဲ့သလို ဒီအမှားအတွက် ယနေ့အထိ နာကျင်ခံစားနေရဆဲဖြစ်ကြောင်း စတီဗင် ဂျရတ် ဖွင့်ဟ။


ဒါဘီအသင်းကိုသာ တာဝန်ယူဖူးတဲ့ အတွေ့အကြုံသာရှိခဲ့ပြီး ငယ်ရွယ်တဲ့ အဂ်လိပ်လူမျိုးနည်းပြဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းကို တာဝန်ယူနိုင်စွမ်းမရှိကြောင်း ဝေဖန် ကောက်ချက်ချခံခဲ့ရဖူးပေမယ့် ကိုယ်ချစ်မြတ်နိုးတဲ့ ချယ်လ်ဆီးအသင်းကို နေ့စဥ် တာဝန်ယူ ကိုင်တွယ်ရတာ သိပ်ကျေနပ်မိကြောင်း နည်းပြလမ်းပတ် ပြောကြား။


ယနေ့ညကစားမယ့် ခရက်စ်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ ကယ်ပါ၊ သီယာဂို ဆေးလ်ဗား နဲ့ အလွန်ဆိုတို့ကို အနားပေးမှာဖြစ်ပြီး ဒဏ်ရာကနေ ပြန်သက်သာလာခဲ့တဲ့ ဟာကင်းမ် ဇီးယက်ရှ် ပွဲထွက်ခွင့်ရဖို့ နီးစပ်နေ။


အသင်းနောက်ခံလူ အန်တိုနီယို ရူဒီဂါနဲ့ အကောင်းဆုံးဆက်ဆံရေး ရှိနေပြီး သူဟာ အသင်းအနာဂတ်မှာ ပါဝင်နေဆဲဖြစ်တယ်လို့ နည်းပြလမ်းပတ်က ဆိုခဲ့ပြီး ယနေ့ည ခရက်စ်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ပွဲထွက်နိုင်ဖို့ အခွင့်အရေးရှိနေကြောင်းသိရ။


ချယ်လ်ဆီးအသင်းထံ ဂိုးသမား အေဒူယာ မန်ဒီ မရောက်ရှိမီက ပီတာချက်ဟာ အသင်းလေ့ကျင့်ရေးမှာ ကယ်ပါ နဲ့ ဝီလီ ကာဘယ်လာရိုတို့ထက် ပိုအစွမ်းပြနိုင်သူ ဖြစ်နေကြောင်း ချယ်လ်ဆီး ဂိုးသမားဟောင်း ရှဝါဇာက ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္လူေဟာင္းဖအလန္ ဟတ္ဒ္ဆန္က လမ္းပတ္ဟာ ဂိုးသမားေနရာကို အသည္းအသန္စိုးရိမ္ေနလို႔ ပီတာခ်က္ို ျပန္ေခၚယူခဲ့ရသလိုမ်ိဳး သူ႕ရဲ႕ခံစစ္သမားအခ်ိဳ႕ကိုလည္း ယုံၾကည္မႈမရွိတဲ့အတြက္ ကစားသမားေဟာင္း ဂြၽန္တယ္ရီကိုပါ လူစာရင္းထဲသို႔ ထည့္သြင္းလာနိုင္ေၾကာင္း ေလွာင္ေျပာင္သြားခဲ့။


နည္းျပလမ္းပတ္ရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ အုပ္စုအဖြင့္ပြဲစဥ္မွာ ဆီဗီလာနဲ႕ သေရက်ခဲ့တာေၾကာင့္ ခရက္စ္နိုဒါနဲ႕ပြဲကို အနိုင္ရဖို႔ ပစ္မွတ္ထားေနမွာျဖစ္ၿပီး ႏွစ္ဂိုး ဂိုးမရွိ ရလဒ္နဲ႕အတူ အနိုင္ ၃ မွတ္ ရယူနိုင္လိမ့္မယ္လို႔ အိုဝင္​က ခန့္မွန္းမႈျပဳလုပ္။


၂၀၁၄ ခုႏွစ္က ခ်ယ္လ္ဆီးနဲ႕ပြဲမွာ အမွတ္မထင္ ေျခေခ်ာ္လဲက်ခဲ့တဲ့ အမွားဟာ အနိမ့္က်ဆဳံးအမွားျဖစ္ခဲ့ၿပီး ဘဝရဲ႕ အေမွာင္မိုက္ဆုံးနဲ႕ အရက္စက္ဆုံးအခ်ိန္ျဖစ္ခဲ့သလို ဒီအမွားအတြက္ ယေန႕အထိ နာက်င္ခံစားေနရဆဲျဖစ္ေၾကာင္း စတီဗင္ ဂ်ရတ္ ဖြင့္ဟ။


ဒါဘီအသင္းကိုသာ တာဝန္ယူဖူးတဲ့ အေတြ႕အႀကဳံသာရွိခဲ့ၿပီး ငယ္႐ြယ္တဲ့ အဂ္လိပ္လူမ်ိဳးနည္းျပျဖစ္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းကို တာဝန္ယူနိုင္စြမ္းမရွိေၾကာင္း ေဝဖန္ ေကာက္ခ်က္ခ်ခံခဲ့ရဖူးေပမယ့္ ကိုယ္ခ်စ္ျမတ္နိုးတဲ့ ခ်ယ္လ္ဆီးအသင္းကို ေန႕စဥ္ တာဝန္ယူ ကိုင္တြယ္ရတာ သိပ္ေက်နပ္မိေၾကာင္း နည္းျပလမ္းပတ္ ေျပာၾကား။


ယေန႕ညကစားမယ့္ ခရက္စ္နိုဒါအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ဟာ ကယ္ပါ၊ သီယာဂို ေဆးလ္ဗား နဲ႕ အလြန္ဆိုတို႔ကို အနားေပးမွာျဖစ္ၿပီး ဒဏ္ရာကေန ျပန္သက္သာလာခဲ့တဲ့ ဟာကင္းမ္ ဇီးယက္ရွ္ ပြဲထြက္ခြင့္ရဖို႔ နီးစပ္ေန။


အသင္းေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါနဲ႕ အေကာင္းဆုံးဆက္ဆံေရး ရွိေနၿပီး သူဟာ အသင္းအနာဂတ္မွာ ပါဝင္ေနဆဲျဖစ္တယ္လို႔ နည္းျပလမ္းပတ္က ဆိုခဲ့ၿပီး ယေန႕ည ခရက္စ္နိုဒါအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္နိုင္ဖို႔ အခြင့္အေရးရွိေနေၾကာင္းသိရ။


ခ်ယ္လ္ဆီးအသင္းထံ ဂိုးသမား ေအဒူယာ မန္ဒီ မေရာက္ရွိမီက ပီတာခ်က္ဟာ အသင္းေလ့က်င့္ေရးမွာ ကယ္ပါ နဲ႕ ဝီလီ ကာဘယ္လာရိုတို႔ထက္ ပိုအစြမ္းျပနိုင္သူ ျဖစ္ေနေၾကာင္း ခ်ယ္လ္ဆီး ဂိုးသမားေဟာင္း ရွဝါဇာက ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.