Premier League

၂၈.၁၀.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ညက မစ်ဂျီလန်းအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ လီဗာပူးလ်အသင်းရဲ့ ဖာဘင်ညိုဟာ ပေါင်နောက်ကြောဒဏ်ရာ ရရှိသွားခဲ့ကာ ပထမပိုင်းမပြီးခင် လူစားလဲခဲ့ရပြီး အသင်းခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့။


မစ်ဂျီလန်းအသင်းနဲ့ ပွဲစဥ်မှာ လီဗာပူးလ်အသင်းဟာ အသင်းသမိုင်းတလျှောက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀၀၀ ပြည့်မြောက်တဲ့ စံချိန်ကို ရေးထိုးနိုင်ခဲ့ပြီး ဒီ သမိုင်းဝင်ဂိုးကို တိုက်စစ်မှူး ဒီယိုဂို ဂျိုတာက သွင်းယူခဲ့။


ဖာဘင်ညို ဒဏ်ရာရသွားခဲ့တာကြောင့် အနည်းဆုံး နှစ်ပတ်ခန့် အနားယူရနိုင်ဖွယ်ရှိနေပြီး လာမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ မာတစ်မကစားနိုင်သေးတဲ့ ခံစစ်အတွက် ကွင်းလယ်လူ ဟန်ဒါဆန်ဟာ အရေးပေါ် အခြေအနေအရ ဗဟိုခံစစ်မှူး အဖြစ် ပွဲထွက်လာဖွယ်ရှိ။


လီဗာပူးလ်အသင်းအတွက် ဂိုး ၁၀၀၀၀ ပြည့်မြောက်စေခဲ့တဲ့ သမိုင်းဝင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဒီယိုဂို ဂျိုတာဟာ ဒါဟာ အချက်အလက်တခုသာ ဖြစ်ပြီး အသင်းရဲ့ နိုင်ပွဲနဲ့ ရမှတ် သုံးမှတ်အတွက် ပိုမိုပျော်ရွှင်မိကြောင်း ပြောကြား။


မစ်ဂျီလန်းအသင်းနဲ့ ပွဲစဥ်မှာ အဓိက တိုက်စစ်ကစားသမားတွေကို အနားပေးခဲ့တာကြောင့် ပြိုင်ဘက်ကို မလေးစားရာရောက်တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်က မိမိတို့ပွဲကို ဘယ်လိုကစားခဲ့ကြောင်း သေချာကြည့်ဖို့ တုံ့ပြန်ခဲ့ပြီး မစ်ဂျီလန်းက ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ခဲ့ကြောင်း ပြောကြား။


လီဗာပူးလ်အသင်းဟာ အသင်းရဲ့ Kirky လေ့ကျင့်ရေးကွင်းသစ်ကို စပွန်ဆာကုမ္ပဏီအမည်ဖြစ်တဲ့ ‘AXA’ (အက်ဆာ) လို့ အမည်ပေး​ကြောင်း တရားဝင်​ကြေငြာခဲ့ပြီး AXA Training Center လို့ ခေါ်ဝေါ် သုံးစွဲသွားမှာ ဖြစ်ကြောင်း သိရ။


ဒီယိုဂို ဂျိုတာက အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား မာနေးနေရာကိုဆက်ခံပြီး ရေရှည်အစားထိုးပေးသွားနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ အသင်းကစားသမားဟောင်း ဝါးနော့ ယုံကြည်နေပြီး သူဟာ မိုဆာလား၊ မာနေးတို့ထံက များစွာသင်ယူရရှိနိုင်ကြောင်း သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက မစ္ဂ်ီလန္းအသင္းကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လီဗာပူးလ္အသင္းရဲ႕ ဖာဘင္ညိဳဟာ ေပါင္ေနာက္ေၾကာဒဏ္ရာ ရရွိသြားခဲ့ကာ ပထမပိုင္းမၿပီးခင္ လူစားလဲခဲ့ရၿပီး အသင္းခံစစ္ပိုင္းအတြက္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့။


မစ္ဂ်ီလန္းအသင္းနဲ႔ ပြဲစဥ္မွာ လီဗာပူးလ္အသင္းဟာ အသင္းသမိုင္းတေလွ်ာက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၀၀၀၀ ျပည့္ေျမာက္တဲ့ စံခ်ိန္ကို ေရးထိုးႏိုင္ခဲ့ၿပီး ဒီ သမိုင္းဝင္ဂိုးကို တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာက သြင္းယူခဲ့။


ဖာဘင္ညိဳ ဒဏ္ရာရသြားခဲ့တာေၾကာင့္ အနည္းဆုံး ႏွစ္ပတ္ခန္႔ အနားယူရႏိုင္ဖြယ္ရွိေနၿပီး လာမယ့္ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲမွာ မာတစ္မကစားႏိုင္ေသးတဲ့ ခံစစ္အတြက္ ကြင္းလယ္လူ ဟန္ဒါဆန္ဟာ အေရးေပၚ အေျခအေနအရ ဗဟိုခံစစ္မႉး အျဖစ္ ပြဲထြက္လာဖြယ္ရွိ။


လီဗာပူးလ္အသင္းအတြက္ ဂိုး ၁၀၀၀၀ ျပည့္ေျမာက္ေစခဲ့တဲ့ သမိုင္းဝင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ဒီယိုဂို ဂ်ိဳတာဟာ ဒါဟာ အခ်က္အလက္တခုသာ ျဖစ္ၿပီး အသင္းရဲ႕ ႏိုင္ပြဲနဲ႔ ရမွတ္ သုံးမွတ္အတြက္ ပိုမိုေပ်ာ္႐ႊင္မိေၾကာင္း ေျပာၾကား။


မစ္ဂ်ီလန္းအသင္းနဲ႔ ပြဲစဥ္မွာ အဓိက တိုက္စစ္ကစားသမားေတြကို အနားေပးခဲ့တာေၾကာင့္ ၿပိဳင္ဘက္ကို မေလးစားရာေရာက္တယ္လို႔ ေဝဖန္ခံခဲ့ရတဲ့ လီဗာပူးလ္နည္းျပ ကေလာ့ပ္က မိမိတို႔ပြဲကို ဘယ္လိုကစားခဲ့ေၾကာင္း ေသခ်ာၾကည့္ဖို႔ တုံ႔ျပန္ခဲ့ၿပီး မစ္ဂ်ီလန္းက ခက္ခဲတဲ့ၿပိဳင္ဘက္ ျဖစ္ခဲ့ေၾကာင္း ေျပာၾကား။


လီဗာပူးလ္အသင္းဟာ အသင္းရဲ႕ Kirky ေလ့က်င့္ေရးကြင္းသစ္ကို စပြန္ဆာကုမၸဏီအမည္ျဖစ္တဲ့ ‘AXA’ (အက္ဆာ) လို႔ အမည္ေပး​ေၾကာင္း တရားဝင္​ေၾကျငာခဲ့ၿပီး AXA Training Center လို႔ ေခၚေဝၚ သုံးစြဲသြားမွာ ျဖစ္ေၾကာင္း သိရ။


ဒီယိုဂို ဂ်ိဳတာက အသက္ ၂၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီဗာပူးလ္အသင္း တိုက္စစ္ကစားသမား မာေနးေနရာကိုဆက္ခံၿပီး ေရရွည္အစားထိုးေပးသြားႏိုင္တဲ့ ကစားသမားျဖစ္တယ္လို႔ အသင္းကစားသမားေဟာင္း ဝါးေနာ့ ယုံၾကည္ေနၿပီး သူဟာ မိုဆာလား၊ မာေနးတို႔ထံက မ်ားစြာသင္ယူရရွိႏိုင္ေၾကာင္း သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.