Premier League UCL&UEL

၂၈.၁၀.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အႏၲရာယ္မ်ားတဲ့ ၿပဳိင္ဘက္အသင္းျဖစ္တဲ့ RB လုိက္ပ္ဇစ္ကို ရင္ဆုိင္ရာမွာ ပီအက္စ္ဂ်ီအေပၚ အႏုိင္ရခဲ့တဲ့ ၃-၅-၂ လူစာရင္းကိုပဲ ဆက္လက္သုံးစြဲၿပီး ပြဲထြက္လာဖုိ႔ရွိေနၿပီး တုိက္စစ္ကို မာစီယယ္လ္ ဦးေဆာင္လာဖို႔ ခန္႔မွန္းေနၾက။

– လာမယ့္ေႏြရာသီမွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၈ သန္းသာ ရွိေတာ့မယ့္ RB လုိက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏုိကို ေခၚယူႏုိင္ဖို႔ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ Top Six အသင္းေတြနဲ႔အၿပဳိင္ ႀကဳိးစားသြားဖြယ္ရွိ။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ Super-Sub ကေလးမ်က္ႏွာနဲ႔ လူသတ္သမားလို႔ ေက်ာ္ၾကားခဲ့တဲ့ နည္းျပ ဆိုးလ္ရွားက သူ႕ကို ပြဲအမ်ားႀကီး ကစားခြင့္မရတဲ့ အဲ့ဒီအခ်ိန္ေတြမွာ လူေတြက အသင္းမွာ အေရးမပါဘူးလို႔ ေျပာခဲ့မယ္ဆုိရင္ ဝမ္းနည္းရမွာျဖစ္ၿပီး ဒြန္နီ ဗန္ဒဘိခ္ကိုေတာ့ အသားက်တာနဲ႔ အေရးပါတဲ့ အခန္းက႑ကေန အသုံးျပဳသြားခဲ့မယ္လုိ႔ဆုိ။

– ကြင္းလယ္က နံပါတ္ ၈ ကစားသမားေတြျဖစ္ၾကတဲ့ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ႏွစ္ဦးကိုေတာင္ ေနရာခ်ဖို႔ မလြယ္တဲ့ လက္ရွိ ကစားကြက္မွာ ဗန္ဒဘိခ္ကို ေနရာေပးခ်င္ရင္ေတာ့ ဆုိးလ္ရွားအေနနဲ႔ ကစားကြက္အသစ္ ဖန္တီးမွျဖစ္မယ္လုိ႔ ဟားဂရိဗ္စ္ သုံးသပ္။

– မန္ခ်က္စတာယူႏုိက္တက္ကို ခ်န္ပီယံလိဂ္ဖလားရႏုိင္မယ့္ အသင္းေတြထဲမွာ ထည့္သြင္းဖို႔ သူ႕အတြက္ေတာ့ မျဖစ္ႏုိင္ေသးေၾကာင္းနဲ႔ အုပ္စုက လြတ္ဖို႔နဲ႔ ေျခစြမ္းကို တည္ၿငိမ္ေအာင္ တစ္သမတ္တည္း ျပသႏုိင္မွသာ စဥ္းစားမယ္လုိ႔ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္ေျပာၾကား။

– တနဂၤေႏြေန႔မွာ ကစားရမယ့္ အုိးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာ ဧည့္သည္ေတြအျဖစ္ လာေရာက္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အာဆင္နယ္အသင္းပရိသတ္ေတြအေနနဲ႔ ကိုင္တြယ္မယ့္ ဒိုင္လူႀကီး မုိက္ဒင္းန္ကို စိုးရိမ္ေနၾကတယ္လို႔ သိရ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ စိတ္ဝင္စားမွဳဟာ မိမိတုိ႔ကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို အာ႐ုံမ်ားေစၿပီး ေျခပ်က္ေစတယ္လုိ႔ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္း တာဝန္ရွိသူေတြနဲ႔ နည္းျပ လူစီယန္ ဖာ့ဗ္တုိ႔ ညည္းတြားသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အန္တရာယ်များတဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ RB လိုက်ပ်ဇစ်ကို ရင်ဆိုင်ရာမှာ ပီအက်စ်ဂျီအပေါ် အနိုင်ရခဲ့တဲ့ ၃-၅-၂ လူစာရင်းကိုပဲ ဆက်လက်သုံးစွဲပြီး ပွဲထွက်လာဖို့ရှိနေပြီး တိုက်စစ်ကို မာစီယယ်လ် ဦးဆောင်လာဖို့ ခန့်မှန်းနေကြ။

– လာမယ့်နွေရာသီမှာ စာချုပ်လျော်ကြေး ပေါင် ၃၈ သန်းသာ ရှိတော့မယ့် RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် Top Six အသင်းတွေနဲ့အပြိုင် ကြိုးစားသွားဖွယ်ရှိ။

– မန်ချက်စတာယူနိုက်တက်ရဲ့ Super-Sub ကလေးမျက်နှာနဲ့ လူသတ်သမားလို့ ကျော်ကြားခဲ့တဲ့ နည်းပြ ဆိုးလ်ရှားက သူ့ကို ပွဲအများကြီး ကစားခွင့်မရတဲ့ အဲ့ဒီအချိန်တွေမှာ လူတွေက အသင်းမှာ အရေးမပါဘူးလို့ ပြောခဲ့မယ်ဆိုရင် ဝမ်းနည်းရမှာဖြစ်ပြီး ဒွန်နီ ဗန်ဒဘိခ်ကိုတော့ အသားကျတာနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ အသုံးပြုသွားခဲ့မယ်လို့ဆို။

– ကွင်းလယ်က နံပါတ် ၈ ကစားသမားတွေဖြစ်ကြတဲ့ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့နှစ်ဦးကိုတောင် နေရာချဖို့ မလွယ်တဲ့ လက်ရှိ ကစားကွက်မှာ ဗန်ဒဘိခ်ကို နေရာပေးချင်ရင်တော့ ဆိုးလ်ရှားအနေနဲ့ ကစားကွက်အသစ် ဖန်တီးမှဖြစ်မယ်လို့ ဟားဂရိဗ်စ် သုံးသပ်။

– မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ်ဖလားရနိုင်မယ့် အသင်းတွေထဲမှာ ထည့်သွင်းဖို့ သူ့အတွက်တော့ မဖြစ်နိုင်သေးကြောင်းနဲ့ အုပ်စုက လွတ်ဖို့နဲ့ ခြေစွမ်းကို တည်ငြိမ်အောင် တစ်သမတ်တည်း ပြသနိုင်မှသာ စဉ်းစားမယ်လို့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်ပြောကြား။

– တနင်္ဂနွေနေ့မှာ ကစားရမယ့် အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာ ဧည့်သည်တွေအဖြစ် လာရောက်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့ ကိုင်တွယ်မယ့် ဒိုင်လူကြီး မိုက်ဒင်းန်ကို စိုးရိမ်နေကြတယ်လို့ သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုဟာ မိမိတို့ကစားသမား ဂျေဒန် ဆန်ချိုကို အာရုံများစေပြီး ခြေပျက်စေတယ်လို့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း တာဝန်ရှိသူတွေနဲ့ နည်းပြ လူစီယန် ဖာ့ဗ်တို့ ညည်းတွားသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.