Premier League

နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု – ၂၈.၁၀.၂၀၂၀

– အာဆင်နယ်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲအမီ ပါဝင်ဖို့ ခက်နေတာကြောင့် နည်းပြ အာတီတာအနေနဲ့ ဂါဘရီယယ်လ်နဲ့ တွဲဖက်သုံးစွဲဖို့ ဒန်းဒေါ့လ်ခ်နဲ့ပွဲပြီးရင် မူစတာဖီအပြင် ဆာလီဘာကိုပါ ပွဲထုတ်ရဖွယ်ရှိနေ။

– လက်စတာနဲ့ပွဲမှာ ဘောလုံး ၃၂ ကြိမ်ထိခဲ့ပြီး ၁၂ ကြိမ်သာ ပေးပို့နိုင်ခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ပွဲထွက်လူစာရင်းက ဖြုတ်ချဖို့ အချိန်တန်ပြီဖြစ်ပြီး အူဘာမီယန်းကို အလယ်ပို့တဲ့ ကစားကွက်ကိုပဲ ဆက်လက်သုံးစွဲဖို့ ပရိသတ်တွေ တိုက်တွန်း။

– ဒဏ်ရာက သက်သာလာပြီး လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နေနိုင်ပြီဖြစ်တဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို လာမယ့် ဒန်းဒေါ့လ်ခ်နဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ်မှာ ပွဲထွက်စေဖို့ ပရိသတ်တွေ အလိုရှိနေ။

– ဘောလုံးကို ပြိုင်ဘက်တွေ ဖိအားပေးနေတဲ့ အနေအထားမျိုးမှာ ကိုင်တွယ်ထားနိုင်ပြီး အသင်းအတွက် ရွေ့လျားမှုနဲ့ နေရာယူမှုတွေကို ကူညီပေးနိုင်တဲ့ သောမတ်စ် ပါတေးကို ဘောလုံးပေးရမှန်းမသိတဲ့ အသင်းဖော်တချို့ကို မြင်နေရတာ စိတ်ပျက်စရာကောင်းကြောင်း ပရိသတ်တွေ ညည်းတွား။

– ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အာတီတာနဲ့ အီဒူးတို့ရဲ့ ကွင်းလယ်ပစ်မှတ်တွေက မတူညီခဲ့ဘဲ အာတီတာရဲ့ ဦးစားပေးပစ်မှတ် အောဝါကို ခေါ်ယူဖို့ လုံးဝအဆင်မပြေနိုင်ချိန်မှာ အီဒူးအနေနဲ့ သူ့ရဲ့ပစ်မှတ် ပါတေးအတွက် လှုပ်ရှားခဲ့တာဖြစ်ကြောင်း သိရ။

– လာမယ့်တနင်္ဂနွေမှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ရှုံးပွဲဆက်မှတ်တမ်းကို ရပ်တန့်ဖို့နဲ့ ဒီရာသီမှာ ထပ်ပြီး ခြေချော်လက်ချော်ဖြစ်လို့ မရဘူးလို့ နည်းပြ အာတီတာကို ဖာဒီနန် သတိပေး။

– အိုဇေးလ်အနေနဲ့ လက်ရှိအနေအထားအတွက် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာဖြစ်ပြီး ကိုယ့်မှာသာ တကယ်တမ်း အရည်အချင်းနဲ့ ကြိုးစားမှုရှိခဲ့ရင် နည်းပြ နှစ်ဦးဆက်တိုက် နေရာပျောက်တဲ့အဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ အာဆင်နယ်နောက်ခံလူဟောင်း လော်ရင် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.